ယူရိုသန်းချီရှိသည့် အခန်းသော့ကို ဆူဒန်သမ္မတဟောင်း ဘာရှား သိမ်းထားဟု မန်နေဂျာထွက်ဆို

ရာထူးက ဖယ်ရှားခံရတဲ့ ဆူဒန်သမ္မတဟောင်း အိုမာ အယ် ဘာရှား တဦးတည်းသာ သန်းနဲ့ချီတဲ့ ယူရိုငွေရှိရာ အခန်းသော့ကို သိမ်းထားသူ ဖြစ်တယ်လို့ စက်တင်ဘာ ၇ ရက်နေ့ တရားရုံးမှာ သမ္မတရုံး မန်နေဂျာက သက်သေထွက်ဆိုခဲ့ပါတယ်။
တရားမဝင် နိုင်ငံခြားငွေ ပိုင်ဆိုင်မှု၊ ခြစားမှု စွဲချက်တွေနဲ့ သမ္မတဟောင်း ဘာရှားကို ရုံးထုတ်ရာမှာ ယက်ဆာဘစ်ရှီးက သမ္မတဟောင်း ဘာရှာဟာ အဖွဲ့အစည်းအမျိုးမျိုးကို ပေးဖို့ သူ့ကို ယူရိုငွေ ၁၀ သန်းကျော် ပေးခဲ့တယ်လို့ ထွက်ဆိုပါတယ်။
အာဖရိက နိုင်ငံတကာတက္ကသိုလ်မှ စာရင်းကိုင်ဖြစ်သူ အက်လ်ဒယ်မိုနိုင်း-မိုဟာမက်ကလည်း တက္ကသိုလ်ညွှန်မှူးနဲ့ ဒုညွှန်မှူးတို့ဟာ သမ္မတ ဘာရှားဆီကနေ ယူရိုငွေ ၄ သန်း လက်ခံခဲ့တယ်လို့ ထွက်ဆိုပါတယ်။
ရုံးတော် ကြားနာမှုအတွင်း သမ္မတဟောင်း ဘာရှားဟာ အချုပ်ခန်းမှာထိုင်ပြီး ဘာမှ မပြောခဲ့ပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့တပတ်က သူ့အပေါ် တရားစွဲဆိုထားတဲ့ စွဲချက်တွေကို တရားဝင် ငြင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတဟောင်း ဘာရှားက သူဟာ ဆော်ဒီအိမ်ရှေ့မင်းသားနဲ့ တခြားရင်းမြစ်တွေဆီက အမေရိကန် ဒေါ်လာ ၂၅ သန်း လက်ခံခဲ့တယ်လို့ လူသိရှင်ကြား ထုတ်ပြောခဲ့ပေမယ့် အဲဒီငွေတွေဟာ သူ့ကိုယ်ကျိုးအတွက် ရရှိခဲ့၊ အသုံးပြုခဲ့တာ မဟုတ်ဘူးလို့ ဘာရှားက ပြောခဲ့ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ယူ႐ိုသန္းခ်ီရွိသည့္ အခန္းေသာ့ကို ဆူဒန္သမၼတေဟာင္း ဘာရွား သိမ္းထားဟု မန္ေနဂ်ာထြက္ဆို
ရာထူးက ဖယ္ရွားခံရတဲ့ ဆူဒန္သမၼတေဟာင္း အိုမာ အယ္ ဘာရွား တဦးတည္းသာ သန္းနဲ႔ခ်ီတဲ့ ယူ႐ိုေငြရွိရာ အခန္းေသာ့ကို သိမ္းထားသူ ျဖစ္တယ္လို႔ စက္တင္ဘာ ၇ ရက္ေန႔ တရား႐ုံးမွာ သမၼတ႐ုံး မန္ေနဂ်ာက သက္ေသထြက္ဆိုခဲ့ပါတယ္။
တရားမဝင္ ႏိုင္ငံျခားေငြ ပိုင္ဆိုင္မႈ၊ ျခစားမႈ စြဲခ်က္ေတြနဲ႔ သမၼတေဟာင္း ဘာရွားကို ႐ုံးထုတ္ရာမွာ ယက္ဆာဘစ္ရွီးက သမၼတေဟာင္း ဘာရွာဟာ အဖြဲ႕အစည္းအမ်ိဳးမ်ိဳးကို ေပးဖို႔ သူ႔ကို ယူ႐ိုေငြ ၁၀ သန္းေက်ာ္ ေပးခဲ့တယ္လို႔ ထြက္ဆိုပါတယ္။
အာဖရိက ႏိုင္ငံတကာတကၠသိုလ္မွ စာရင္းကိုင္ျဖစ္သူ အက္လ္ဒယ္မိုႏိုင္း-မိုဟာမက္ကလည္း တကၠသိုလ္ၫႊန္မႉးနဲ႔ ဒုၫႊန္မႉးတို႔ဟာ သမၼတ ဘာရွားဆီကေန ယူ႐ိုေငြ ၄ သန္း လက္ခံခဲ့တယ္လို႔ ထြက္ဆိုပါတယ္။
႐ုံးေတာ္ ၾကားနာမႈအတြင္း သမၼတေဟာင္း ဘာရွားဟာ အခ်ဳပ္ခန္းမွာထိုင္ၿပီး ဘာမွ မေျပာခဲ့ပါဘူး။ ဒါေပမဲ့ လြန္ခဲ့တဲ့တပတ္က သူ႔အေပၚ တရားစြဲဆိုထားတဲ့ စြဲခ်က္ေတြကို တရားဝင္ ျငင္းဆိုခဲ့ပါတယ္။
ၿပီးခဲ့တဲ့ သီတင္းပတ္က သမၼတေဟာင္း ဘာရွားက သူဟာ ေဆာ္ဒီအိမ္ေရွ႕မင္းသားနဲ႔ တျခားရင္းျမစ္ေတြဆီက အေမရိကန္ ေဒၚလာ ၂၅ သန္း လက္ခံခဲ့တယ္လို႔ လူသိရွင္ၾကား ထုတ္ေျပာခဲ့ေပမယ့္ အဲဒီေငြေတြဟာ သူ႔ကိုယ္က်ိဳးအတြက္ ရရွိခဲ့၊ အသုံးျပဳခဲ့တာ မဟုတ္ဘူးလို႔ ဘာရွားက ေျပာခဲ့ပါတယ္။