ဗြိတိန် အလုပ်သမားနှင့်ပင်စင်ရေးရာဝန်ကြီး နုတ်ထွက်

1.1K
ဘရဲဆစ်ကိစ္စနဲ့ ပတ်သက်ပြီး ဗြိတိန် အလုပ်သမားနဲ့ ပင်စင်ရေးရာဝန်ကြီး အမ်ဘာ-ရက်ဒ်ဟာ စက်တင်ဘာလ ၇ ရက်နေ့က အစိုးရအဖွဲ့နဲ့ အာဏာရ ကွန်ဆာဗေးတစ်ပါတီကနေ နုတ်ထွက်သွားခဲ့ပါတယ်။
အဲဒီလို နုတ်ထွက်ရာမှာ အမ်ဘ -ရက်ဒ်က သူ့အနေနဲ့ သစ္စာရှိပါတီဝင်တွေ ထုတ်ပယ်ခံရတာကို မကြည့်ရက်ဘူးလို့ ပြောခဲ့ပါတယ်။
ဒီသီတင်းပတ်အစောပိုင်းမှ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ အစိုးရကို မထောက်ခံတဲ့ ကွန်ဆာဗေးတစ် ဥပဒေအမတ် ၂၁ ယောက် ပါတီကနေ ထုတ်ပယ်ခံရပါတယ်။
အဲဒီထဲမှာ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီရဲ့ မြေးဖြစ်သူနဲ့ ဘဏ္ဍာရေး ဝန်ကြီးဟောင်း ၂ ဦးတို့ ပါဝင်ပါတယ်။
ဝန်ကြီး အမ်ဘာရက်ဒ်ရဲ့ တွစ်တာအကောင့်မှာ သူ့အနေနဲ့ အစိုးရအဖွဲ့နဲ့ ကွန်ဆာဗေးတစ် ပါတီဝင်အဖြစ်ကနေ နုတ်ထွက်တယ်လို့ ရေးခဲ့ပါတယ်။
ပြည်ထဲရေးဝန်ကြီးဟောင်းတဦး ဖြစ်တဲ့ ရက်ဒ်က ကွန်ဆာဗေးတစ် ပါတီဝင်တွေကို ထုတ်ပယ်တာဟာ ကျင့်ဝတ်နဲ့ ဒီမိုကရေစီကို တိုက်ခိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
ဝန်ကြီးချုပ်ဂျွန်ဆင်ထံ ပေးပို့တဲ့ နုတ်ထွက်စာမှာ အမ်ဘာရက်ဒ်က အီးယူကနေ သဘောတူညီချက်ရပြီး နုတ်ထွက်တာက ဗြိတိန်အစိုးရ အဓိက ရည်မှန်းချက်ဖြစ်တယ်လို့ သူ မယုံကြည်တော့ဘူးဆိုပြီး ရေးခဲ့ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ၿဗိတိန္ အလုပ္သမားႏွင့္ပင္စင္ေရးရာဝန္ႀကီး ႏုတ္ထြက္
ဘရဲဆစ္ကိစၥနဲ႔ ပတ္သက္ၿပီး ၿဗိတိန္ အလုပ္သမားနဲ႔ ပင္စင္ေရးရာဝန္ႀကီး အမ္ဘာ-ရက္ဒ္ဟာ စက္တင္ဘာလ ၇ ရက္ေန႔က အစိုးရအဖြဲ႕နဲ႔ အာဏာရ ကြန္ဆာေဗးတစ္ပါတီကေန ႏုတ္ထြက္သြားခဲ့ပါတယ္။
အဲဒီလို ႏုတ္ထြက္ရာမွာ အမ္ဘ -ရက္ဒ္က သူ႔အေနနဲ႔ သစၥာရွိပါတီဝင္ေတြ ထုတ္ပယ္ခံရတာကို မၾကည့္ရက္ဘူးလို႔ ေျပာခဲ့ပါတယ္။
ဒီသီတင္းပတ္အေစာပိုင္းမွ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ရဲ႕ အစိုးရကို မေထာက္ခံတဲ့ ကြန္ဆာေဗးတစ္ ဥပေဒအမတ္ ၂၁ ေယာက္ ပါတီကေန ထုတ္ပယ္ခံရပါတယ္။
အဲဒီထဲမွာ ၿဗိတိန္ ဝန္ႀကီးခ်ဳပ္ေဟာင္း ဝင္စတန္ခ်ာခ်ီရဲ႕ ေျမးျဖစ္သူနဲ႔ ဘ႑ာေရး ဝန္ႀကီးေဟာင္း ၂ ဦးတို႔ ပါဝင္ပါတယ္။
ဝန္ႀကီး အမ္ဘာရက္ဒ္ရဲ႕ တြစ္တာအေကာင့္မွာ သူ႔အေနနဲ႔ အစိုးရအဖြဲ႕နဲ႔ ကြန္ဆာေဗးတစ္ ပါတီဝင္အျဖစ္ကေန ႏုတ္ထြက္တယ္လို႔ ေရးခဲ့ပါတယ္။
ျပည္ထဲေရးဝန္ႀကီးေဟာင္းတဦး ျဖစ္တဲ့ ရက္ဒ္က ကြန္ဆာေဗးတစ္ ပါတီဝင္ေတြကို ထုတ္ပယ္တာဟာ က်င့္ဝတ္နဲ႔ ဒီမိုကေရစီကို တိုက္ခိုက္တာ ျဖစ္တယ္လို႔ ေျပာပါတယ္။
ဝန္ႀကီးခ်ဳပ္ဂြၽန္ဆင္ထံ ေပးပို႔တဲ့ ႏုတ္ထြက္စာမွာ အမ္ဘာရက္ဒ္က အီးယူကေန သေဘာတူညီခ်က္ရၿပီး ႏုတ္ထြက္တာက ၿဗိတိန္အစိုးရ အဓိက ရည္မွန္းခ်က္ျဖစ္တယ္လို႔ သူ မယုံၾကည္ေတာ့ဘူးဆိုၿပီး ေရးခဲ့ပါတယ္။