ရင်ဖွင့်စာ
DVB
·
September 8, 2019
ရေလိုအပ်နေတဲ့ ဘုတလင် တောင်သူများ
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ် မြောက်ဘက် ၁၅ မိုင်၊ ၂၀ မိုင်လောက်မှာ ဆည်မြောင်းဖောက်တာ အနှစ် ၂၀ ကျော်ပါပြီ။ ဖောက်ကတည်းက အခုအချိန်ထိ ရေမပေးပါဘူး။ ဆည်မြောင်းက ကိုင်တွယ်တဲ့ လူကြီးများ သိအောင် ပြန်ကြားပေးပါ။ ကျနော်တို့ တရွာတည်း ကောင်းစားဖို့ မဟုတ်ပါဘူး။ တနယ်လုးံကောင်းစားဖို့ပါ။ ကျနော်တို့တောင်သူ လယ်သမားများ အခုချိန်မှာ ရေများ လိုအပ်နေပါတယ်။
-သိန်းမြင့်
မီးခွက်ဈေးမှတ်တိုင်မှာ လိုင်းကားတွေ အတော်ဆိုးနေ
ကျနော်တို့ လှိုင်သာယာ မီးခွက်ဈေးမှတ်တိုင်မှာ လိုင်းကားတွေ တော်တော်ဆိုးနေပါတယ်။ 53 မိနီဘတ်စ်တွေ ဟာဆိုရင် မီးပွိုင့် ထိပ်တည့်တည့်မှာရပ်နေပြီး နောက်ကား ဟွန်းတီးလည်း တော်တော်နဲ့ ဖယ်မပေးကြပါဘူးဗျ။ အောက်ဆိုက်ကားတွေလည်း ထိုနည်းလည်းကောင်းပါပဲ။ ဗွီဒီယိုဖိုင်လည်း ရှိပါတယ်။ လူစည်းကားရာနေရာဆိုတော့ တော်တော်ကျပ်ကုန်ပါတယ်။ သက်ဆိုင်ရာသိအောင် တင်ပြပေးပါ။
-နေဦးမောင်
မိုးကုတ်က လမ်းတံတားများ ပြုပြင်ပေးပါ
ကျနောက မိုးကုတ်ကပါ၊ မိုးကုတ်မှာ လမ်းတွေဟာ မိုးကုတ်ဆိုတဲ့နာမည်လိုပဲ ဒယ်အိုးပေါ်မောင်းနေရတဲ့ အတိုင်းပဲ အပေါက်တွေနဲ့ပါခင်ဗျ။ ပြီးတော့ ခုချိန်မှာဆိုရင်လည်း တံတား ၂ စင်း ပြင်ဆင်နေပါတယ်။ တံတား ၂ စင်းလုံးဟာ မိုးကုတ်မြို့ရဲ့ အရေးပါတဲ့ တံတားတွေပါ။ ပထမတခုက မင်းတံတားရပ်ကွက်က တံတားပါ။ ဒုတိယတခုက အနောက်ပိုင်းက လူးထတံတားပါ။ အဲ့ ၂ စင်းလုံးကို တချိန်တည်းမှာ ပြင်ကြပါတယ်။ လမ်းလွှဲလုပ်ထားပေးတဲ့ လမ်းကလည်း ကျဉ်တာကတကြောင်း။ လမ်းအရမ်းဆိုးတာက တကြောင်းကြောင့် တော်တော်အခတ်အခဲရှိပါတယ်။ ကျနော်တို့ သိသလောက်ကတော့ တံတားတခု လုပ်မယ်ဆိုရင် ကပ်တံတားခေါ် ယာယီ တံတားလေး တခုလုပ်ရတယ်လို ကြားဖူးပါတယ်။ တံတားဆောက်တဲ့အဖွဲ့ကိုလည်း ကပ်တံတားပါဖို့ စာချုပ်ထဲ မှာပါတယ်လို့ကြားမိပါတယ်။ ခုလို ကပ်တံတားလည်းမပါ လမ်းလွဲကလည်း အရမ်းဆိုးတော့ သွားလာရတာ အရမ်းကို ခတ်ခဲပါတယ်။ တနေ့ကဆိုရင် ဆိုင်ကယ်တစီး လူးထလမ်းခွဲမှာမှောက်ပြီး အမျိုးသမီးတဦး ဆေးရုံတင်ထားရပါတယ်။ တာဝန်ရှိသူတွေကလည်း ဒီတိုင်းပဲ လက်ပိုက်ကြည့်နေမှာလားဆိုတာကိုလည်း သိချင်ပါတယ်။
- Aung Phyo Thein
မီးရထားလက်မှတ် ပွင့်လင်းမြင်သာစွာ ရောင်းချပေးစေလို
မီးရထား လက်မှတ်များ ၁ ရက်ကြို ၃ ရက်ကြိုရောင်းတဲ့ လက်မှတ်များ ပြည်သူများ သွားဝယ်တဲ့အခါ လက်မှတ်ကုန်နေတယ်ဆိုတာပဲ ကြားနေရပါတယ်ဗျာ။ လက်မှတ်များရောင်းရာမှာ ခုံ ဘယ်လောက်ရှိတယ်၊ ဘယ်လောက်ကျန်တယ်။ ဖော်ပြခြင်းမရှိ။ အခုလို IT နည်းပညာခေတ်မှာ ပွင့်လင်းမြင်သာမှုမရှိခြင်းဟာ အကျင့်ပျက်ချစားမှုကို အထောက်အကူ ပေးနေတာပဲဖြစ်နေပါတယ်။ ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ လက်မှတ်ရောင်းစနစ်ကို ပြည်သူများ အဆင်ပြေစေရေးအတွက် စီစဉ်ပေးသင့်ပါကြောင်း သိစေရန်တင်ပြပေးပါဗျာ။ ကျေးဇူးတင်ပါတယ်။
-ထွန်းဝင်း
ဆူညံသံ၊ အနံ့ဆိုးများကြောင့် ပတ်ဝန်းကျင့် ထိခိုက်နေရသည့် မိတ္ထီလာမြို့က စက်မှုလုပ်ငန်းများ
မိတ္ထီလာမြို့ ကျီတော်ကုန်းရပ်ကွက် လူနေရပ်ကွက် လူနေတိုက်တန်းတွေမှာ အသံဆိုး အနံ့ဆိုး ဘေးပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ စက်မှုလုပ်ငန်းတွေကို တွင်ကျယ်စွာလုပ်ကိုင်နေပါတယ်။ စက်မှုလုပ်းငန်းတွေကို စက်မှုဇုန်မှာ မလုပ်ဘဲ လူနေရပ်ကွက်မှာ လုပ်ကိုင်နေခြင်းကို တရားဝန်များ ခွင့်ပြုထားလား မသိလို့ပါ။ တာဝန်ရှိသူများ မသိချင်ယောင်ဆောင်နေတာလား။ ကျေးဇူးပြုပြီးသိအောင်ပြောပေးပါ။
-လရိပ်
~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ေရလိုအပ္ေနတဲ့ ဘုတလင္ ေတာင္သူမ်ား
စစ္ကိုင္းတိုင္း၊ မုံ႐ြာခ႐ိုင္၊ ဘုတလင္ၿမိဳ႕နယ္ ေျမာက္ဘက္ ၁၅ မိုင္၊ ၂၀ မိုင္ေလာက္မွာ ဆည္ေျမာင္းေဖာက္တာ အႏွစ္ ၂၀ ေက်ာ္ပါၿပီ။ ေဖာက္ကတည္းက အခုအခ်ိန္ထိ ေရမေပးပါဘူး။ ဆည္ေျမာင္းက ကိုင္တြယ္တဲ့ လူႀကီးမ်ား သိေအာင္ ျပန္ၾကားေပးပါ။ က်ေနာ္တို႔ တ႐ြာတည္း ေကာင္းစားဖို႔ မဟုတ္ပါဘူး။ တနယ္လုးံေကာင္းစားဖို႔ပါ။ က်ေနာ္တို႔ေတာင္သူ လယ္သမားမ်ား အခုခ်ိန္မွာ ေရမ်ား လိုအပ္ေနပါတယ္။
-သိန္းျမင့္
မီးခြက္ေဈးမွတ္တိုင္မွာ လိုင္းကားေတြ အေတာ္ဆိုးေန
က်ေနာ္တို႔ လႈိင္သာယာ မီးခြက္ေဈးမွတ္တိုင္မွာ လိုင္းကားေတြ ေတာ္ေတာ္ဆိုးေနပါတယ္။ 53 မိနီဘတ္စ္ေတြ ဟာဆိုရင္ မီးပြိဳင့္ ထိပ္တည့္တည့္မွာရပ္ေနၿပီး ေနာက္ကား ဟြန္းတီးလည္း ေတာ္ေတာ္နဲ႔ ဖယ္မေပးၾကပါဘူးဗ်။ ေအာက္ဆိုက္ကားေတြလည္း ထိုနည္းလည္းေကာင္းပါပဲ။ ဗြီဒီယိုဖိုင္လည္း ရွိပါတယ္။ လူစည္းကားရာေနရာဆိုေတာ့ ေတာ္ေတာ္က်ပ္ကုန္ပါတယ္။ သက္ဆိုင္ရာသိေအာင္ တင္ျပေပးပါ။
-ေနဦးေမာင္
မိုးကုတ္က လမ္းတံတားမ်ား ျပဳျပင္ေပးပါ
က်ေနာက မိုးကုတ္ကပါ၊ မိုးကုတ္မွာ လမ္းေတြဟာ မိုးကုတ္ဆိုတဲ့နာမည္လိုပဲ ဒယ္အိုးေပၚေမာင္းေနရတဲ့ အတိုင္းပဲ အေပါက္ေတြနဲ႔ပါခင္ဗ်။ ၿပီးေတာ့ ခုခ်ိန္မွာဆိုရင္လည္း တံတား ၂ စင္း ျပင္ဆင္ေနပါတယ္။ တံတား ၂ စင္းလုံးဟာ မိုးကုတ္ၿမိဳ႕ရဲ႕ အေရးပါတဲ့ တံတားေတြပါ။ ပထမတခုက မင္းတံတားရပ္ကြက္က တံတားပါ။ ဒုတိယတခုက အေနာက္ပိုင္းက လူးထတံတားပါ။ အဲ့ ၂ စင္းလုံးကို တခ်ိန္တည္းမွာ ျပင္ၾကပါတယ္။ လမ္းလႊဲလုပ္ထားေပးတဲ့ လမ္းကလည္း က်ဥ္တာကတေၾကာင္း။ လမ္းအရမ္းဆိုးတာက တေၾကာင္းေၾကာင့္ ေတာ္ေတာ္အခတ္အခဲရွိပါတယ္။ က်ေနာ္တို႔ သိသေလာက္ကေတာ့ တံတားတခု လုပ္မယ္ဆိုရင္ ကပ္တံတားေခၚ ယာယီ တံတားေလး တခုလုပ္ရတယ္လို ၾကားဖူးပါတယ္။ တံတားေဆာက္တဲ့အဖြဲ႕ကိုလည္း ကပ္တံတားပါဖို႔ စာခ်ဳပ္ထဲ မွာပါတယ္လို႔ၾကားမိပါတယ္။ ခုလို ကပ္တံတားလည္းမပါ လမ္းလြဲကလည္း အရမ္းဆိုးေတာ့ သြားလာရတာ အရမ္းကို ခတ္ခဲပါတယ္။ တေန႔ကဆိုရင္ ဆိုင္ကယ္တစီး လူးထလမ္းခြဲမွာေမွာက္ၿပီး အမ်ိဳးသမီးတဦး ေဆး႐ုံတင္ထားရပါတယ္။ တာဝန္ရွိသူေတြကလည္း ဒီတိုင္းပဲ လက္ပိုက္ၾကည့္ေနမွာလားဆိုတာကိုလည္း သိခ်င္ပါတယ္။
- Aung Phyo Thein
မီးရထားလက္မွတ္ ပြင့္လင္းျမင္သာစြာ ေရာင္းခ်ေပးေစလို
မီးရထား လက္မွတ္မ်ား ၁ ရက္ႀကိဳ ၃ ရက္ႀကိဳေရာင္းတဲ့ လက္မွတ္မ်ား ျပည္သူမ်ား သြားဝယ္တဲ့အခါ လက္မွတ္ကုန္ေနတယ္ဆိုတာပဲ ၾကားေနရပါတယ္ဗ်ာ။ လက္မွတ္မ်ားေရာင္းရာမွာ ခုံ ဘယ္ေလာက္ရွိတယ္၊ ဘယ္ေလာက္က်န္တယ္။ ေဖာ္ျပျခင္းမရွိ။ အခုလို IT နည္းပညာေခတ္မွာ ပြင့္လင္းျမင္သာမႈမရွိျခင္းဟာ အက်င့္ပ်က္ခ်စားမႈကို အေထာက္အကူ ေပးေနတာပဲျဖစ္ေနပါတယ္။ ဒါေၾကာင့္ တာဝန္ရွိသူေတြအေနနဲ႔ လက္မွတ္ေရာင္းစနစ္ကို ျပည္သူမ်ား အဆင္ေျပေစေရးအတြက္ စီစဥ္ေပးသင့္ပါေၾကာင္း သိေစရန္တင္ျပေပးပါဗ်ာ။ ေက်းဇူးတင္ပါတယ္။
-ထြန္းဝင္း
ဆူညံသံ၊ အနံ႔ဆိုးမ်ားေၾကာင့္ ပတ္ဝန္းက်င့္ ထိခိုက္ေနရသည့္ မိတၳီလာၿမိဳ႕က စက္မႈလုပ္ငန္းမ်ား
မိတၳီလာၿမိဳ႕ က်ီေတာ္ကုန္းရပ္ကြက္ လူေနရပ္ကြက္ လူေနတိုက္တန္းေတြမွာ အသံဆိုး အနံ႔ဆိုး ေဘးပတ္ဝန္းက်င္ကို ထိခိုက္ေစတဲ့ စက္မႈလုပ္ငန္းေတြကို တြင္က်ယ္စြာလုပ္ကိုင္ေနပါတယ္။ စက္မႈလုပ္းငန္းေတြကို စက္မႈဇုန္မွာ မလုပ္ဘဲ လူေနရပ္ကြက္မွာ လုပ္ကိုင္ေနျခင္းကို တရားဝန္မ်ား ခြင့္ျပဳထားလား မသိလို႔ပါ။ တာဝန္ရွိသူမ်ား မသိခ်င္ေယာင္ေဆာင္ေနတာလား။ ေက်းဇူးျပဳၿပီးသိေအာင္ေျပာေပးပါ။
-လရိပ္