A d v e r t i s e m e n t With Us

တရုတ်နိုင်ငံတွင် ပြင်းအား ၅ ဒသမ ၄ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ဝေယွမ်စီရင်စုမှာ ပြင်းအား ၅ ဒသမ ၄ မဂ္ဂနီကျုဒ်ရှိတဲ့ ငလျင်တခု စက်တင်ဘာ ၇ ရက်နေ့ မနက်ပိုင်းက လှုပ်ခတ်ခဲ့တယ်လို့ တရုတ်ငလျင်ကွန်ရက်စင်တာက ပြောပါတယ်။ ငလျင်ကြောင့် လူတယောက် သေဆုံးပြီး နောက်ထပ် ၂၉ ယောက် ဒဏ်ရာရထားတယ်လို့ ဒေသန္တရ အရေးပေါ် စီမံခန့်ခွဲရေး ဗျူရိုက နောက်ဆုံးရရှိတဲ့ အချက်အလက်တွေအရ သိရပါတယ်။ မြေငလျင်ဟာ ဆီချွမ်းပြည်နယ်ရဲ့ မြို့တော် ချန်ဒူကနေ ၁၃၄ ကီလိုမီတာအကွာ  မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်ခဲ့တာလို့ အဲဒီစင်တာက ပြောပါတယ်။  ငလျင်လှုပ်ခတ်မှုဒဏ်ကို ချန်ဒူမြို့၊ ယီဘင်မြို့နဲ့ တေးယန်မြို့တွေအထိ သိသိသာသာ ခံစားခဲ့ရတယ်လို့ CCTV သတင်းဌာနက ဖော်ပြပါတယ်။ ~~~~~~~~~~~~~~~~ Zawgyi_version တ႐ုတ္ႏိုင္ငံတြင္ ျပင္းအား ၅ ဒသမ ၄ အဆင့္ရွိ ေျမငလ်င္လႈပ္ခတ္ တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္း စီခြၽမ္းျပည္နယ္ ေဝယြမ္စီရင္စုမွာ ျပင္းအား ၅ ဒသမ ၄ မဂၢနီက်ဳဒ္ရွိတဲ့ ငလ်င္တခု စက္တင္ဘာ ၇ ရက္ေန႔ မနက္ပိုင္းက လႈပ္ခတ္ခဲ့တယ္လို႔ တ႐ုတ္ငလ်င္ကြန္ရက္စင္တာက ေျပာပါတယ္။ ငလ်င္ေၾကာင့္ လူတေယာက္ ေသဆုံးၿပီး ေနာက္ထပ္ ၂၉ ေယာက္ ဒဏ္ရာရထားတယ္လို႔ ေဒသႏၲရ အေရးေပၚ စီမံခန႔္ခြဲေရး ဗ်ဴ႐ိုက ေနာက္ဆုံးရရွိတဲ့ အခ်က္အလက္ေတြအရ သိရပါတယ္။ ေျမငလ်င္ဟာ ဆီခြၽမ္းျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ ခ်န္ဒူကေန ၁၃၄ ကီလိုမီတာအကြာ  ေျမေအာက္အနက္ ၁၀ ကီလိုမီတာကို ဗဟိုျပဳ လႈပ္ခတ္ခဲ့တာလို႔ အဲဒီစင္တာက ေျပာပါတယ္။ ငလ်င္လႈပ္ခတ္မႈဒဏ္ကို ခ်န္ဒူၿမိဳ႕၊ ယီဘင္ၿမိဳ႕နဲ႔ ေတးယန္ၿမိဳ႕ေတြအထိ သိသိသာသာ ခံစားခဲ့ရတယ္လို႔ CCTV သတင္းဌာနက ေဖာ္ျပပါတယ္။

A d v e r t i s e m e n t With Us

More News
Up