ဝတ်ဖို့ဒ်အအသင်း ဂါစီယာကို ထုတ်ပယ်၍ နည်းပြဟောင်း ဆန်းချက်ဇ်ဖလောရက်ကို ပြန်ခန့်

Getty Images/Shutterstock
1.2K
ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အောက်ခြေမှာရှိနေတဲ့ ဝတ်ဖို့ဒ်အသင်းဟာ နည်းပြဂျာဗီ ဂါစီယာကို ရာထူးကနေ ထုတ်ပယ်ပြီး နည်းပြဟောင်း ဆန်းချက်ဇ် ဖလောရက်ကို နည်းပြအဖြစ် ပြန်လည်ခန့်အပ်ခဲ့ပါတယ်။
စပိန်နိုင်ငံသား ဆန်းချက်ဇ်ဖလောရက်ဟာ ရှစ်နှစ်တာကာလအတွင်း ဝတ်ဖို့ဒ်အသင်းရဲ့ ၁၁ ဦးမြောက် နည်းပြအပြောင်းအလဲ ဖြစ်လာကာ ဂါစီယာကို ထုတ်ပယ်ပြီး မိနစ် ၃၀ အကြာမှာ သူ့ကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်းကို တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။
အသက် ၅၄ နှစ်အရွယ် ဆန်းချက်ဇ် ဖလောရက်ဟာ ဝတ်ဖို့ဒ်အသင်း ပရီးမီးယားလိဂ်ကို ပြန်လည်တန်းတက်လာခဲ့တဲ့ ၂၀၁၅-၁၆ ခုနှစ်မှာ အသင်းကို အလယ်အလတ်တန်းစား အသင်းတခုအဖြစ် ဦးဆောင်နိုင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ အသင်းဟာ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရပြီး အခုရာသီအတွင်း သွင်းဂိုး နှစ်ဂိုးသာ ရရှိခဲ့ပါသေးတယ်။ အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲလုံးမှာ ရှုံးနိမ့်ခဲ့ပြီး အဲဒီကာလအတွင်းမှာလည်း ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
ဒါကြောင့် ဝတ်ဖို့ဒ်အသင်းဟာ နည်းပြဟောင်းနဲ့ ပြန်လည်လက်တွဲခဲ့တာလည်း ဖြစ်ပါတယ်။ စပိန်နိုင်ငံသားတဦးဖြစ်တဲ့ ဂါစီယာစာ ဝတ်ဖို့ဒ်အသင်းကို ၁၉၈၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ FA ဖလား ဗိုလ်လုပွဲကို ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ မန်စီးတီးအသင်းကို ၆ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
“ဂျာဗီဟာ ဝတ်ဖို့ဒ်အသင်းကို ဂုဏ်သိက္ခာရှိရှိ ဦးဆောင်နိုင်ခဲ့ပြီးတော့ သူ့ရဲ့ အောင်မြင်မှုတွေဟာ ကျနော်တို့ အမြဲတမ်း အမှတ်တရဖြစ်နေဖို့ ထိုက်တန်ပါတယ်” လို့ အသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ စကော့ဒတ်ဘာရီက ပြောပါတယ်။
“အသင်းမှာရှိတဲ့ လူတိုင်းက ဂျာဗီနဲ့ သူ့နည်းပြအဖွဲ့ဝင်တွေကို အောင်မြင်ဖို့ ဆုတောင်းပေးပြီး သူတို့အတွက် အမြဲတမ်း နွေးနွေးထွေးထွေး ကြိုဆိုသွားမှာပါ” လို့လည်း သူက ထပ်မံပြောဆိုခဲ့ပါတယ်။
ဝတ်ဖို့ဒ်အသင်းဟာ လက်ရှိ ဘန်လေအသင်းနည်းပြ ရှောင်ဒိုက် ထွက်ခွာသွားတဲ့ ၂၀၁၂ ခုနှစ် ဇူလိုင်က စတင်ပြီးတော့ နည်းပြ ၉ ဦးအထိ အပြောင်းအလဲ လုပ်ဆောင်ခဲ့ပါတယ်။
~~~~~~~~~~~~~~~~~
Zawgyi_version
ဝတ္ဖို႔ဒ္အအသင္း ဂါစီယာကို ထုတ္ပယ္၍ နည္းျပေဟာင္း ဆန္းခ်က္ဇ္ဖေလာရက္ကို ျပန္ခန႔္
ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ ေအာက္ေျခမွာရွိေနတဲ့ ဝတ္ဖို႔ဒ္အသင္းဟာ နည္းျပဂ်ာဗီ ဂါစီယာကို ရာထူးကေန ထုတ္ပယ္ၿပီး နည္းျပေဟာင္း ဆန္းခ်က္ဇ္ ဖေလာရက္ကို နည္းျပအျဖစ္ ျပန္လည္ခန႔္အပ္ခဲ့ပါတယ္။
စပိန္ႏိုင္ငံသား ဆန္းခ်က္ဇ္ဖေလာရက္ဟာ ရွစ္ႏွစ္တာကာလအတြင္း ဝတ္ဖို႔ဒ္အသင္းရဲ႕ ၁၁ ဦးေျမာက္ နည္းျပအေျပာင္းအလဲ ျဖစ္လာကာ ဂါစီယာကို ထုတ္ပယ္ၿပီး မိနစ္ ၃၀ အၾကာမွာ သူ႔ကို ခန႔္အပ္လိုက္ၿပီျဖစ္ေၾကာင္းကို တရားဝင္ ထုတ္ျပန္ခဲ့ပါတယ္။
အသက္ ၅၄ ႏွစ္အ႐ြယ္ ဆန္းခ်က္ဇ္ ဖေလာရက္ဟာ ဝတ္ဖို႔ဒ္အသင္း ပရီးမီးယားလိဂ္ကို ျပန္လည္တန္းတက္လာခဲ့တဲ့ ၂၀၁၅-၁၆ ခုႏွစ္မွာ အသင္းကို အလယ္အလတ္တန္းစား အသင္းတခုအျဖစ္ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
လက္ရွိအခ်ိန္မွာ အသင္းဟာ ပရီးမီးယားလိဂ္မွာ ႐ုန္းကန္ေနရၿပီး အခုရာသီအတြင္း သြင္းဂိုး ႏွစ္ဂိုးသာ ရရွိခဲ့ပါေသးတယ္။ အသင္းဟာ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ ၈ ပြဲလုံးမွာ ရႈံးနိမ့္ခဲ့ၿပီး အဲဒီကာလအတြင္းမွာလည္း ၅ ဂိုးသာ သြင္းယူႏိုင္ခဲ့ပါတယ္။
ဒါေၾကာင့္ ဝတ္ဖို႔ဒ္အသင္းဟာ နည္းျပေဟာင္းနဲ႔ ျပန္လည္လက္တြဲခဲ့တာလည္း ျဖစ္ပါတယ္။ စပိန္ႏိုင္ငံသားတဦးျဖစ္တဲ့ ဂါစီယာစာ ဝတ္ဖို႔ဒ္အသင္းကို ၁၉၈၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အေနနဲ႔ FA ဖလား ဗိုလ္လုပြဲကို ပို႔ေဆာင္ေပးႏိုင္ခဲ့ေပမယ့္ ဗိုလ္လုပြဲမွာ မန္စီးတီးအသင္းကို ၆ ဂိုး ဂိုးမရွိနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။
“ဂ်ာဗီဟာ ဝတ္ဖို႔ဒ္အသင္းကို ဂုဏ္သိကၡာရွိရွိ ဦးေဆာင္ႏိုင္ခဲ့ၿပီးေတာ့ သူ႔ရဲ႕ ေအာင္ျမင္မႈေတြဟာ က်ေနာ္တို႔ အၿမဲတမ္း အမွတ္တရျဖစ္ေနဖို႔ ထိုက္တန္ပါတယ္” လို႔ အသင္းရဲ႕ ဥကၠ႒ျဖစ္သူ စေကာ့ဒတ္ဘာရီက ေျပာပါတယ္။
“အသင္းမွာရွိတဲ့ လူတိုင္းက ဂ်ာဗီနဲ႔ သူ႔နည္းျပအဖြဲ႕ဝင္ေတြကို ေအာင္ျမင္ဖို႔ ဆုေတာင္းေပးၿပီး သူတို႔အတြက္ အၿမဲတမ္း ေႏြးေႏြးေထြးေထြး ႀကိဳဆိုသြားမွာပါ” လို႔လည္း သူက ထပ္မံေျပာဆိုခဲ့ပါတယ္။
ဝတ္ဖို႔ဒ္အသင္းဟာ လက္ရွိ ဘန္ေလအသင္းနည္းျပ ေရွာင္ဒိုက္ ထြက္ခြာသြားတဲ့ ၂၀၁၂ ခုႏွစ္ ဇူလိုင္က စတင္ၿပီးေတာ့ နည္းျပ ၉ ဦးအထိ အေျပာင္းအလဲ လုပ္ေဆာင္ခဲ့ပါတယ္။