အလုပ်ရှင် အလုပ်သမား ပဋိပက္ခ လျော့ကျရေး ပုသိမ်မြို့တွင် အလုပ်သမား ထောင်ချီ ဆန္ဒပြ
သော်ဇင်မျိုး
·
September 8, 2019
အလုပ်ရှင် အလုပ်သမား ပဋိပက္ခ လျော့ကျစေရေးအတွက် ပုသိမ်မြို့က အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ထောင်နဲ့ချီပြီး ဒီကနေ့မနက်ပိုင်းက ပုသိမ်မြို့မှာ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ပုသိမ်မြို့ အထည်ချုပ်စက်ရုံ ၇ ရုံက အလုပ်သမားတွေ ဆန္ဒထုတ်ဖော်ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနစ်တင်း အထည်ချုပ်စက်ရုံ အလုပ်သမား ဆန္ဒထုတ်ဖော်မှုမှာ ခေါင်းဆောင် ၈ ဦးကို တရားစွဲထားတာနဲ့ ပတ်သက်လို့လည်း ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
အလုပ်သမားတွေအနေနဲ့ ပေးကိုပေးရမယ့် ဥပဒေပါ အခွင့်အရေးတွေကို တောင်းဆိုနေရတာဟာ သက်ဆိုင်ရာဌာနတွေ အလုပ်မလုပ်တာကြောင့်လို့ ဆန္ဒပြပွဲ ခေါင်းဆောင် ဦးပြည်ပိုင်ကိုကိုက ပြောပါတယ်။
လုပ်ငန်းခွင်အခြေအနေ ပိုမိုတိုးတက်ကောင်းမွန်ရေး၊ လူမှုဖူလုံရေး အာမခံစနစ် ပိုမိုတိုးတက်ကောင်းမွန်လာစေရေး၊ ဖျန်ဖြေရေးယန္တရား ပိုမိုးတိုးတက်ကောင်းမွန်လာစေရေးနဲ့ အလုပ်သမား အခွင့်အရေးအတွက် စုပေါင်းတောင်းဆိုပိုင်ခွင့်ရရှိရေးအတွက် တောင်းဆိုကြတာလို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ မမေမြတ်သူက ပြောပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
အလုပ္ရွင္ အလုပ္သမား ပဋိပကၡ ေလ်ာ့က်ေရး ပုသိမ္ၿမိဳ႕တြင္ အလုပ္သမား ေထာင္ခ်ီ ဆႏၵျပ
အလုပ္ရွင္ အလုပ္သမား ပဋိပကၡ ေလ်ာ့က်ေစေရးအတြက္ ပုသိမ္ၿမိဳ႕က အထည္ခ်ဳပ္စက္႐ုံ အလုပ္သမားေတြ ေထာင္နဲ႔ခ်ီၿပီး ဒီကေန႔မနက္ပိုင္းက ပုသိမ္ၿမိဳ႕မွာ လွည့္လည္ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။
ပုသိမ္ၿမိဳ႕ အထည္ခ်ဳပ္စက္႐ုံ ၇ ႐ုံက အလုပ္သမားေတြ ဆႏၵထုတ္ေဖာ္ၾကတာျဖစ္ၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းက ျမန္မာနစ္တင္း အထည္ခ်ဳပ္စက္႐ုံ အလုပ္သမား ဆႏၵထုတ္ေဖာ္မႈမွာ ေခါင္းေဆာင္ ၈ ဦးကို တရားစြဲထားတာနဲ႔ ပတ္သက္လို႔လည္း ပယ္ဖ်က္ေပးဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။
အလုပ္သမားေတြအေနနဲ႔ ေပးကိုေပးရမယ့္ ဥပေဒပါ အခြင့္အေရးေတြကို ေတာင္းဆိုေနရတာဟာ သက္ဆိုင္ရာဌာနေတြ အလုပ္မလုပ္တာေၾကာင့္လို႔ ဆႏၵျပပြဲ ေခါင္းေဆာင္ ဦးျပည္ပိုင္ကိုကိုက ေျပာပါတယ္။
လုပ္ငန္းခြင္အေျခအေန ပိုမိုတိုးတက္ေကာင္းမြန္ေရး၊ လူမႈဖူလုံေရး အာမခံစနစ္ ပိုမိုတိုးတက္ေကာင္းမြန္လာေစေရး၊ ဖ်န္ေျဖေရးယႏၲရား ပိုမိုးတိုးတက္ေကာင္းမြန္လာေစေရးနဲ႔ အလုပ္သမား အခြင့္အေရးအတြက္ စုေပါင္းေတာင္းဆိုပိုင္ခြင့္ရရွိေရးအတြက္ ေတာင္းဆိုၾကတာလို႔ ဆႏၵျပပြဲမွာပါဝင္တဲ့ မေမျမတ္သူက ေျပာပါတယ္။