ဟောင်ကောင်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်

2K
ဟောင်ကောင်ဒေသ Prince Edward မြေအောက်ဘူတာရုံနဲ့ မောင်းကွတ် ရဲစခန်းဝန်းကျင်မှာ စက်တင်ဘာလ ၇ ရက်နေ့ ညက ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
ဘူတာရုံတချို့မှာ လူစုလူဝေးမဖြစ်အောင် ပိတ်ထားတာကို ဒေါသဖြစ်ပြီး ဆန္ဒပြသူ တချို့က လမ်းပေါ်မှာ မီးရှို့ခဲ့ကြပါတယ်။
ဒါ့အပြင် သူတို့က သြဂုတ်လ ၃၁ ရက်နေ့က မြေအောက်ရထားပေါ်မှာ ဆန္ဒပြသူတွေကို ရဲတွေ ရိုက်နှက်တဲ့ စီစီတီဗွီဖိုင်ကို တောင်းဆိုခဲ့ပါတယ်။
ဟောင်ကောင်မှာ ဖြစ်နေတဲ့ ၃ လကြာ ဆန္ဒပြတွေကြောင့် နေရာအတော်များများ သွားလာရေး ခက်ခဲနေပြီး လမ်းမတွေပေါ်မှာလည်း ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အပြန်အလှန် တိုက်ခိုက်နေပါတယ်။
ဟောင်ကောင်ရဲတပ်ဖွဲ့ကလည်း မျက်ရည်ယိုဓာတ်ငွေ့၊ ငရုတ်ကောင်းဆေးရည်၊ ရေအမြောက်တို့နဲ့ လက်တုံ့ပြန်ပါတယ်။
ဇွန်လမှာ ပြန်စတဲ့ ဆန္ဒပြပွဲတွေမှာတော့ ဟောင်ကောင်မှာ ဒီမိုကရေစီ ပိုမိုရရှိရေးကို ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ဆန္ဒပြသူ အတော်များများက ဆက်တိုက်ပွဲဝင်မယ်လို့ သစ္စာပြုထားပါတယ်။
~~~~~~~~~~~~~~
Zawgyi_version
ေဟာင္ေကာင္တြင္ ဆႏၵျပသူမ်ားႏွင့္ ရဲတပ္ဖြဲ႕ ႐ုန္းရင္းဆန္ခတ္ျဖစ္
ေဟာင္ေကာင္ေဒသ Prince Edward ေျမေအာက္ဘူတာ႐ုံနဲ႔ ေမာင္းကြတ္ ရဲစခန္းဝန္းက်င္မွာ စက္တင္ဘာလ ၇ ရက္ေန႔ ညက ဆႏၵျပသူေတြနဲ႔ ရဲတပ္ဖြဲ႕ ႐ုန္းရင္းဆန္ခတ္ ျဖစ္ပြားခဲ့ပါတယ္။
ဘူတာ႐ုံတခ်ိဳ႕မွာ လူစုလူေဝးမျဖစ္ေအာင္ ပိတ္ထားတာကို ေဒါသျဖစ္ၿပီး ဆႏၵျပသူ တခ်ိဳ႕က လမ္းေပၚမွာ မီးရႈိ႕ခဲ့ၾကပါတယ္။
ဒါ့အျပင္ သူတို႔က ၾသဂုတ္လ ၃၁ ရက္ေန႔က ေျမေအာက္ရထားေပၚမွာ ဆႏၵျပသူေတြကို ရဲေတြ ႐ိုက္ႏွက္တဲ့ စီစီတီဗြီဖိုင္ကို ေတာင္းဆိုခဲ့ပါတယ္။
ေဟာင္ေကာင္မွာ ျဖစ္ေနတဲ့ ၃ လၾကာ ဆႏၵျပေတြေၾကာင့္ ေနရာအေတာ္မ်ားမ်ား သြားလာေရး ခက္ခဲေနၿပီး လမ္းမေတြေပၚမွာလည္း ဆႏၵျပသူေတြနဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြ အျပန္အလွန္ တိုက္ခိုက္ေနပါတယ္။
ေဟာင္ေကာင္ရဲတပ္ဖြဲ႕ကလည္း မ်က္ရည္ယိုဓာတ္ေငြ႕၊ င႐ုတ္ေကာင္းေဆးရည္၊ ေရအေျမာက္တို႔နဲ႔ လက္တုံ႔ျပန္ပါတယ္။
ဇြန္လမွာ ျပန္စတဲ့ ဆႏၵျပပြဲေတြမွာေတာ့ ေဟာင္ေကာင္မွာ ဒီမိုကေရစီ ပိုမိုရရွိေရးကို ဆႏၵျပသူေတြက ေတာင္းဆိုခဲ့ပါတယ္။ ဒါ့အျပင္ ဆႏၵျပသူ အေတာ္မ်ားမ်ားက ဆက္တိုက္ပြဲဝင္မယ္လို႔ သစၥာျပဳထားပါတယ္။