A d v e r t i s e m e n t With Us

အကျဉ်းသားလဲလှယ်မှု အစီအစဉ်အရ ယူကရိန်းအကျဉ်းသား ၃၅ ဦးကို ရုရှား ပြန်လွှတ်

Photo: Reuters
ယူကရိန်းနဲ့ ရုရှားတို့အကြား အကျဉ်းသားလဲလှယ်မှု အစီအစဉ်အရ စက်တင်ဘာလ ၇ ရက်နေ့က ယူကရိန်း နိုင်ငံရေးအကျဉ်းသား ၃၅ ယောက်ဟာ လေယာဉ်နဲ့ မြို့တော် ကိယက်ဗ်ကို ပြန်ရောက်လာပါပြီ။ ရုရှားကနေ ပြန်လွှတ်ပေးလိုက်တဲ့ ယူကရိန်း အကျဉ်းသားတွေကို သမ္မတ ဇီလန်စကီက  ဘောရစ်ပေါလ်လေဆိပ်ကနေ သွားရောက်ကြိုခဲ့တာပါ။ ယူကရိန်းသမ္မတ ဇီလန်စကီက ဒါဟာ ရုရှားနဲ့ ဆက်ဆံရေးကောင်းမွန်မှုမှာ စာမျက်နှာသစ် ဖွင့်လိုက်တာလို့ ပြောပါတယ်။ ယူကရိန်း အကျဉ်းသားတွေထဲမှာ မနှစ်က ခရိုင်းမီးယားဒေသအနီး ရုရှားက ထိန်းသိမ်းခဲ့တဲ့ ယူကရိန်း သင်္ဘောသား ၂၄ ယောက်နဲ့ ယူကရိန်း ရုပ်ရှင်ဒါရိုက်တာ အိုလက်-ဆန်းဆော့လည်း ပါဝင်ပါတယ်။ အလားတူ ရုရှားအကျဉ်းသားတွေကို တင်ဆောင်သွားတဲ့ လေယာဉ်ဟာလည်း ယူကရိန်း မြို့တော်ကနေ ထွက်ခွာသွားပါတယ်။ ယူကရိန်းနဲ့ ရုရှားခေါင်းဆောင် နှစ်ဦးအကြား ကာလရှည် ညှိနှိုင်းပြီးနောက် အခုလို နှစ်ဖက် အကျဉ်းသားတွေကို လဲလှယ်ကြတာပါ။ အခုလို ယူကရိန်းနဲ့ ရုရှားအကြား အပြန်အလှန် အကျဉ်းသား လဲလှယ်တာဟာ နှစ်နိုင်ငံကြား ယုံကြည်မှု တည်ဆောက်ရာမှာ အထောက်အပံ့ရစေပြီး တခြားအရေးကိစ္စတွေကိုလည်း ညှိနှိုင်းစေနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေး အပြည့်အဝ ကောင်းမွန်ဖို့ကတော့ ခရီးရှည်သလို ရှုပ်ထွေးဖွယ်ရှိတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အက်ဥ္းသားလဲလွယ္မႈ အစီအစဥ္အရ ယူကရိန္းအက်ဥ္းသား ၃၅ ဦးကို ႐ုရွား ျပန္လႊတ္ ယူကရိန္းနဲ႔ ႐ုရွားတို႔အၾကား အက်ဥ္းသားလဲလွယ္မႈ အစီအစဥ္အရ စက္တင္ဘာလ ၇ ရက္ေန႔က ယူကရိန္း ႏိုင္ငံေရးအက်ဥ္းသား ၃၅ ေယာက္ဟာ ေလယာဥ္နဲ႔ ၿမိဳ႕ေတာ္ ကိယက္ဗ္ကို ျပန္ေရာက္လာပါၿပီ။ ႐ုရွားကေန ျပန္လႊတ္ေပးလိုက္တဲ့ ယူကရိန္း အက်ဥ္းသားေတြကို သမၼတ ဇီလန္စကီက  ေဘာရစ္ေပါလ္ေလဆိပ္ကေန သြားေရာက္ႀကိဳခဲ့တာပါ။ ယူကရိန္းသမၼတ ဇီလန္စကီက ဒါဟာ ႐ုရွားနဲ႔ ဆက္ဆံေရးေကာင္းမြန္မႈမွာ စာမ်က္ႏွာသစ္ ဖြင့္လိုက္တာလို႔ ေျပာပါတယ္။ ယူကရိန္း အက်ဥ္းသားေတြထဲမွာ မႏွစ္က ခ႐ိုင္းမီးယားေဒသအနီး ႐ုရွားက ထိန္းသိမ္းခဲ့တဲ့ ယူကရိန္း သေဘၤာသား ၂၄ ေယာက္နဲ႔ ယူကရိန္း ႐ုပ္ရွင္ဒါ႐ိုက္တာ အိုလက္-ဆန္းေဆာ့လည္း ပါဝင္ပါတယ္။ အလားတူ ႐ုရွားအက်ဥ္းသားေတြကို တင္ေဆာင္သြားတဲ့ ေလယာဥ္ဟာလည္း ယူကရိန္း ၿမိဳ႕ေတာ္ကေန ထြက္ခြာသြားပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားေခါင္းေဆာင္ ႏွစ္ဦးအၾကား ကာလရွည္ ညႇိႏႈိင္းၿပီးေနာက္ အခုလို ႏွစ္ဖက္ အက်ဥ္းသားေတြကို လဲလွယ္ၾကတာပါ။ အခုလို ယူကရိန္းနဲ႔ ႐ုရွားအၾကား အျပန္အလွန္ အက်ဥ္းသား လဲလွယ္တာဟာ ႏွစ္ႏိုင္ငံၾကား ယုံၾကည္မႈ တည္ေဆာက္ရာမွာ အေထာက္အပံ့ရေစၿပီး တျခားအေရးကိစၥေတြကိုလည္း ညႇိႏႈိင္းေစႏိုင္မွာ ျဖစ္ပါတယ္။ ဒါေပမဲ့ ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရး အျပည့္အဝ ေကာင္းမြန္ဖို႔ကေတာ့ ခရီးရွည္သလို ရႈပ္ေထြးဖြယ္ရွိတယ္လို႔ ႐ိုက္တာသတင္းက ဆိုပါတယ္။

A d v e r t i s e m e n t With Us

More News
Up