အားပြင်းတိုက်ဖုန်းမုန်တိုင်း ကိုရီးယား ၂ နိုင်ငံကို ဝင်ရောက်၊ ၃ ဦး သေဆုံး

1.6K
အားပြင်းတိုက်ဖုန်းမုန်တိုင်း လင်းလင်းဟာ စက်တင်ဘာ ၇ ရက်နေ့က တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားကို ဝင်ရောက်ခဲ့ပြီး တောင်ကိုရီးယားမှာ လူ ၃ ယောက် သေဆုံးတယ်လို့ သိရပါတယ်။
တိုက်ဖုန်းမုန်တိုင်းဟာ တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်းနဲ့ တောင်ပိုင်း ဆိပ်ကမ်းမြို့တွေကို ညလုံးပေါက် ဝင်ရောက်ပြီး နေအိမ် ၅၇,၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒါကြောင့် စုစုပေါင်း လေကြောင်းခရီးစဉ် ၁၂၄ ခုကို ဖျက်သိမ်းခဲ့ရပြီး အဲဒီနောက် တိုက်ဖုန်းမုန်တိုင်းဟာ မြောက်ကိုရီးယားဆီ ဦးတည်ရွေ့လျားခဲ့တယ်လို့ တောင်ကိုရီးယား ပြည်ထဲရေးနဲ့ လုံခြုံရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံမှာလည်း စက်တင်ဘာလ ၆ ရက်နေ့က ခေါင်းဆောင် ကင်ဂျုံအွန်း လမ်းညွှန်မှုနဲ့ တိုက်ဖုန်းမုန်တိုင်းအတွက် အရေးပေါ် အစီအမံချမှတ်ရေး အစည်းဝေး ပြုလုပ်ခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ကြေညာပါတယ်။
တိုက်ဖုန်းမုန်တိုင်း လင်းလင်းဟာ ခေဆောင်းမြို့နဲ့ မြောက်ပိုင်း ဟွမ်ဟေးပြည်နယ်ကို ဝင်ရောက်ပြီး ပျက်စီးမှုတွေ ဖြစ်ပေါ်တဲ့သတင်း ဗွီဒီယိုဖိုင်ကို နိုင်ငံပိုင် KRT သတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။
~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
အားျပင္းတိုက္ဖုန္းမုန္တိုင္း ကိုရီးယား ၂ ႏိုင္ငံကို ဝင္ေရာက္၊ ၃ ဦး ေသဆုံး
အားျပင္းတိုက္ဖုန္းမုန္တိုင္း လင္းလင္းဟာ စက္တင္ဘာ ၇ ရက္ေန႔က ေတာင္ကိုရီးယားနဲ႔ ေျမာက္ကိုရီးယားကို ဝင္ေရာက္ခဲ့ၿပီး ေတာင္ကိုရီးယားမွာ လူ ၃ ေယာက္ ေသဆုံးတယ္လို႔ သိရပါတယ္။
တိုက္ဖုန္းမုန္တိုင္းဟာ ေတာင္ကိုရီးယားႏိုင္ငံ ဂ်ယ္ဂ်ဴးကြၽန္းနဲ႔ ေတာင္ပိုင္း ဆိပ္ကမ္းၿမိဳ႕ေတြကို ညလုံးေပါက္ ဝင္ေရာက္ၿပီး ေနအိမ္ ၅၇,၀၀၀ ေက်ာ္ လွ်ပ္စစ္မီး ျပတ္ေတာက္ခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။
ဒါေၾကာင့္ စုစုေပါင္း ေလေၾကာင္းခရီးစဥ္ ၁၂၄ ခုကို ဖ်က္သိမ္းခဲ့ရၿပီး အဲဒီေနာက္ တိုက္ဖုန္းမုန္တိုင္းဟာ ေျမာက္ကိုရီးယားဆီ ဦးတည္ေ႐ြ႕လ်ားခဲ့တယ္လို႔ ေတာင္ကိုရီးယား ျပည္ထဲေရးနဲ႔ လုံၿခဳံေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။
ေျမာက္ကိုရီးယားႏိုင္ငံမွာလည္း စက္တင္ဘာလ ၆ ရက္ေန႔က ေခါင္းေဆာင္ ကင္ဂ်ဳံအြန္း လမ္းၫႊန္မႈနဲ႔ တိုက္ဖုန္းမုန္တိုင္းအတြက္ အေရးေပၚ အစီအမံခ်မွတ္ေရး အစည္းေဝး ျပဳလုပ္ခဲ့တယ္လို႔ ႏိုင္ငံပိုင္ KCNA သတင္းဌာနက ေၾကညာပါတယ္။
တိုက္ဖုန္းမုန္တိုင္း လင္းလင္းဟာ ေခေဆာင္းၿမိဳ႕နဲ႔ ေျမာက္ပိုင္း ဟြမ္ေဟးျပည္နယ္ကို ဝင္ေရာက္ၿပီး ပ်က္စီးမႈေတြ ျဖစ္ေပၚတဲ့သတင္း ဗြီဒီယိုဖိုင္ကို ႏိုင္ငံပိုင္ KRT သတင္းဌာနက ထုတ္လႊင့္ခဲ့ပါတယ္။