ဗြိတိန်က ထိန်းသိမ်းပြန်လွှတ်ခဲ့သည့် အီရန်သင်္ဘော ဆိပ်ကမ်းမှထွက်ခွာပုံ ဂြိုဟ်တုဓာတ်ပုံများ

ဗြိတိန်တော်ဝင်မရိန်းတပ်ဖွဲ့က ခေတ္တထိန်းသိမ်းပြီး ပြန်လွှတ်ပေးခဲ့တဲ့ အီရန်ပိုင် Grace 1 သင်္ဘောက အီးယူဒဏ်ခတ်ထားတဲ့ ဆီးရီးယားနိုင်ငံ တားတပ်စ် ဆိပ်ကမ်းက ထွက်ခွါလာပုံကို စက်တင်ဘာလ ၇ ရက်နေ့က ဂြိုဟ်တုကနေ ဓာတ်ပုံ ရိုက်ကူးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့က ဂျီဘရော်တာရေလက်ကြားကို ဖြတ်သန်းလာတဲ့ အဲဒီ အီရန် ရေနံတင်သင်္ဘောပေါ်ကို ဗြိတိန်ကွန်မန်ဒိုတွေက ရဟတ်ယာဉ်ပေါ်ကနေ ဆင်းပြီး ထိန်းသိမ်းခဲ့ပါတယ်။
အဲဒီနောက် အီရန် ရေနံတင်သဘောၤဟာ ဆီးရီးယားမှာ ရေနံစည်တွေ မတင်ချပါဘူးဆိုတဲ့ အာမခံချက်ကို အီရန်အစိုးရကဆီကနေ ရပြီးနောက် ဂျီဘရော်တာ အာဏာပိုင်တွေက အဆိုပါ Grace 1 သင်္ဘောကို ပြန်လွှတ်ပေးခဲ့ပါတယ်။
စက်တင်ဘာ ၇ ရက် အမေရိကန် အာကာသနည်း ပညာကုမ္ပဏီကနေ ပေးပို့တဲ့ ဓာတ်ပုံတွေထဲမှာတော့ အဲဒီသင်္ဘောဟာ ဆီးရီးယား တားတပ်စ် ဆိပ်ကမ်းနဲ့ နီးကပ်နေတာ တွေ့မြင်ရပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အဲဒီ အီရန်ရေနံတင်သင်္ဘော Grace 1 ကို နာမည်ပျက်စာရင်း သွင်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ၿဗိတိန္က ထိန္းသိမ္းျပန္လႊတ္ခဲ့သည့္ အီရန္သေဘၤာ ဆိပ္ကမ္းမွထြက္ခြာပုံ ၿဂိဳဟ္တုဓာတ္ပုံမ်ား
ၿဗိတိန္ေတာ္ဝင္မရိန္းတပ္ဖြဲ႕က ေခတၱထိန္းသိမ္းၿပီး ျပန္လႊတ္ေပးခဲ့တဲ့ အီရန္ပိုင္ Grace 1 သေဘၤာက အီးယူဒဏ္ခတ္ထားတဲ့ ဆီးရီးယားႏိုင္ငံ တားတပ္စ္ ဆိပ္ကမ္းက ထြက္ခြါလာပုံကို စက္တင္ဘာလ ၇ ရက္ေန႔က ၿဂိဳဟ္တုကေန ဓာတ္ပုံ ႐ိုက္ကူးခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ဇူလိုင္ ၄ ရက္ေန႔က ဂ်ီဘေရာ္တာေရလက္ၾကားကို ျဖတ္သန္းလာတဲ့ အဲဒီ အီရန္ ေရနံတင္သေဘၤာေပၚကို ၿဗိတိန္ကြန္မန္ဒိုေတြက ရဟတ္ယာဥ္ေပၚကေန ဆင္းၿပီး ထိန္းသိမ္းခဲ့ပါတယ္။
အဲဒီေနာက္ အီရန္ ေရနံတင္သေဘာဟၤာ ဆီးရီးယားမွာ ေရနံစည္ေတြ မတင္ခ်ပါဘူးဆိုတဲ့ အာမခံခ်က္ကို အီရန္အစိုးရကဆီကေန ရၿပီးေနာက္ ဂ်ီဘေရာ္တာ အာဏာပိုင္ေတြက အဆိုပါ Grace 1 သေဘၤာကို ျပန္လႊတ္ေပးခဲ့ပါတယ္။
စက္တင္ဘာ ၇ ရက္ အေမရိကန္ အာကာသနည္း ပညာကုမၸဏီကေန ေပးပို႔တဲ့ ဓာတ္ပုံေတြထဲမွာေတာ့ အဲဒီသေဘၤာဟာ ဆီးရီးယား တားတပ္စ္ ဆိပ္ကမ္းနဲ႔ နီးကပ္ေနတာ ေတြ႕ျမင္ရပါတယ္။
အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာန အဲဒီ အီရန္ေရနံတင္သေဘၤာ Grace 1 ကို နာမည္ပ်က္စာရင္း သြင္းခဲ့တယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။