ငယ်စဉ်က အရိုးအဆစ် ကျိုးလွယ်သူဖြစ်၍ ဂိုးဖမ်းခဲ့ရသည့် အာဆင်နယ်ကစားသမားသစ် ပေပေ

Photo : lifebogger
အာဆင်နယ်အသင်းကို ကလပ်စံချိန်တင်ပြောင်းရွှေ့‌ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့‌ ပေ‌ပေဟာ ငယ်စဉ်က အရိုးအဆစ် ကျိုးလွယ်သူတယောက်ဖြစ်လို့ ဘောလုံးကစားချိန်တိုင်း ဂိုးပဲ ဖမ်းခဲ့ရပါတယ်။  ပေပေဟာ ပြင်သစ်နိုင်ငံကို‌ ရောက်ရှိ‌နေခဲ့တဲ့ အိုင်‌ဗရီကိုစ့်လူမျိုး ဒုက္ခသည် မိသားစုကနေ မွေးဖွားလာခဲ့သူ ဖြစ်ပါတယ်။  ထောင်ဝါဒါတဦးလည်းဖြစ်တဲ့ ဖခင်ဖြစ်သူဟာ ပေပေကို ၁၀ ကီလိုမီတာဝေးတဲ့ ပန်းခြံထဲမှာ တနေ့ကို သုံးကြိမ် လမ်းလျှောက်စေပြီး ကြံ့ခိုင်မှုတိုးတက်လာ‌အောင် ကူညီပေးခဲ့ပါတယ်။ ဒါ့အပြင် ပေပေဟာ တုတ်ချောင်းကို အထောက်အကူအဖြစ် အသုံးပြုပြီး ဘောလုံးကစားခဲ့ရသူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပေပေဟာ ဥရောပကလပ်အသင်းကြီး‌ တော်‌တော်များများရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပြီး အာဆင်နယ်အသင်းက လက်ဦးမှု ရယူကာ ခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ပေပေဟာ ငယ်စဉ်က ဂိုးဖမ်းခဲ့ရတာ ဝမ်းမနည်းဘဲနဲ့ ဂိုးသမားလုပ်ခဲ့ရတာဟာ အခုအချိန်အတွက် အထောက်အကူ အရမ်းဖြစ်ကြောင်း၊ ဂိုးသွင်းတဲ့အခါမှာလည်း ဂိုးသမားတွေရဲ့ လှုပ်ရှားမှုပုံစံတွေကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ကြောင်း ပေ‌ပေက ဖွင့်ဟ ပြောကြားလိုက်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ငယ္စဥ္က အ႐ိုးအဆစ္ က်ိဳးလြယ္သူျဖစ္၍ ဂိုးဖမ္းခဲ့ရသည့္ အာဆင္နယ္ကစားသမားသစ္ ေပေပ အာဆင္နယ္အသင္းကို ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕‌ေၾကးနဲ႔ ေရာက္ရွိလာခဲ့တဲ့‌ ေပ‌ေပဟာ ငယ္စဥ္က အ႐ိုးအဆစ္ က်ိဳးလြယ္သူတေယာက္ျဖစ္လို႔ ေဘာလုံးကစားခ်ိန္တိုင္း ဂိုးပဲ ဖမ္းခဲ့ရပါတယ္။ ေပေပဟာ ျပင္သစ္ႏိုင္ငံကို‌ ေရာက္ရွိ‌ေနခဲ့တဲ့ အိုင္‌ဗရီကိုစ့္လူမ်ိဳး ဒုကၡသည္ မိသားစုကေန ေမြးဖြားလာခဲ့သူ ျဖစ္ပါတယ္။ ေထာင္ဝါဒါတဦးလည္းျဖစ္တဲ့ ဖခင္ျဖစ္သူဟာ ေပေပကို ၁၀ ကီလိုမီတာေဝးတဲ့ ပန္းၿခံထဲမွာ တေန႔ကို သုံးႀကိမ္ လမ္းေလွ်ာက္ေစၿပီး ႀကံ့ခိုင္မႈတိုးတက္လာ‌ေအာင္ ကူညီေပးခဲ့ပါတယ္။ ဒါ့အျပင္ ေပေပဟာ တုတ္ေခ်ာင္းကို အေထာက္အကူအျဖစ္ အသုံးျပဳၿပီး ေဘာလုံးကစားခဲ့ရသူ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ေပေပဟာ ဥေရာပကလပ္အသင္းႀကီး‌ ေတာ္‌ေတာ္မ်ားမ်ားရဲ႕ စိတ္ဝင္စားျခင္းကို ခံခဲ့ရၿပီး အာဆင္နယ္အသင္းက လက္ဦးမႈ ရယူကာ ေခၚယူႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။ ေပေပဟာ ငယ္စဥ္က ဂိုးဖမ္းခဲ့ရတာ ဝမ္းမနည္းဘဲနဲ႔ ဂိုးသမားလုပ္ခဲ့ရတာဟာ အခုအခ်ိန္အတြက္ အေထာက္အကူ အရမ္းျဖစ္ေၾကာင္း၊ ဂိုးသြင္းတဲ့အခါမွာလည္း ဂိုးသမားေတြရဲ႕ လႈပ္ရွားမႈပုံစံေတြကို ႀကိဳတင္ခန႔္မွန္းႏိုင္ခဲ့ေၾကာင္း ေပ‌ေပက ဖြင့္ဟ ေျပာၾကားလိုက္ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up