A d v e r t i s e m e n t With Us

မော်ရင်ဟိုနှင့် စီရော်နယ်ဒိုတို့ကို စပိန်မြေ ပြန်လာစေချင်ဟု လာလီဂါ ဥက္ကဋ္ဌပြော

ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုနဲ့ စီရော်နယ်ဒိုတို့ကို စပိန်‌မြေ ပြန်လာစေချင်‌တယ်လို့ လာလီဂါ ဥက္ကဋ္ဌ ဂျားဗီးယားတီဘက်စ်က ပြောပါတယ်။ ရော်နယ်ဒိုဟာ ၂၀၀၉ ခုနှစ်က မန်ချက်စတာယူနိုက်တက်အသင်းကနေ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ရောက်ရှိခဲ့ပြီး ၉ ရာသီ ကစားကာ အောင်မြင်မှုတွေ များစွာရရှိခဲ့သူ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖလား ၄ လုံး၊ လာလီဂါနဲ့ ကိုပါဒယ်ရေးဖလား ၂ ကြိမ်စီ ရရှိအောင် စွမ်းဆောင်သူ ရော်နယ်ဒို လာလီဂါကနေ ထွက်ခွာသွားတာဟာ အရိုးသားဆုံး ဝန်ခံ‌ပြောရမယ်ဆိုရင် ဆုံးရှုံးမှုတခု ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း မော်ရင်ဟိုဟာလည်း အကောင်းဆုံးနည်းပြတဦး ဖြစ်ပြီး လာလီဂါကို ပိုပြီးဂုဏ်တက်စေခဲ့သူ ဖြစ်တယ်လို့ တီဘက်စ်က ပြောပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီအစမှာ အီတလီထိပ်သီး ဂျူဗင်တပ်စ်အသင်းထံ ပေါင်သန်း ၁၀၀ နဲ့ မထင်မှတ်ဘဲ ပြောင်းရွှေ့သွားခဲ့တာ‌ ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~ Zawgyi_version ေမာ္ရင္ဟိုႏွင့္ စီေရာ္နယ္ဒိုတို႔ကို စပိန္ေျမ ျပန္လာေစခ်င္ဟု လာလီဂါ ဥကၠ႒ေျပာ ေပၚတူဂီလူမ်ိဳးနည္းျပ ေမာ္ရင္ဟိုနဲ႔ စီေရာ္နယ္ဒိုတို႔ကို စပိန္‌ေျမ ျပန္လာေစခ်င္‌တယ္လို႔ လာလီဂါ ဥကၠ႒ ဂ်ားဗီးယားတီဘက္စ္က ေျပာပါတယ္။ ေရာ္နယ္ဒိုဟာ ၂၀၀၉ ခုႏွစ္က မန္ခ်က္စတာယူႏိုက္တက္အသင္းကေန ကမာၻ႔စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၈၀ နဲ႔ ရီးရဲလ္မက္ဒရစ္အသင္းကို ေရာက္ရွိခဲ့ၿပီး ၉ ရာသီ ကစားကာ ေအာင္ျမင္မႈေတြ မ်ားစြာရရွိခဲ့သူ ျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ဖလား ၄ လုံး၊ လာလီဂါနဲ႔ ကိုပါဒယ္ေရးဖလား ၂ ႀကိမ္စီ ရရွိေအာင္ စြမ္းေဆာင္သူ ေရာ္နယ္ဒို လာလီဂါကေန ထြက္ခြာသြားတာဟာ အ႐ိုးသားဆုံး ဝန္ခံ‌ေျပာရမယ္ဆိုရင္ ဆုံးရႈံးမႈတခု ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္း ေမာ္ရင္ဟိုဟာလည္း အေကာင္းဆုံးနည္းျပတဦး ျဖစ္ၿပီး လာလီဂါကို ပိုၿပီးဂုဏ္တက္ေစခဲ့သူ ျဖစ္တယ္လို႔ တီဘက္စ္က ေျပာပါတယ္။ ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ရာသီအစမွာ အီတလီထိပ္သီး ဂ်ဴဗင္တပ္စ္အသင္းထံ ေပါင္သန္း ၁၀၀ နဲ႔ မထင္မွတ္ဘဲ ေျပာင္းေ႐ႊ႕သြားခဲ့တာ‌ ျဖစ္ပါတယ္။

A d v e r t i s e m e n t With Us

More News
Up