Home
မြန်မာသတင်း
တိုက်ကြီးတွင် တောဆင်ရိုင်း ထပ်မံဝင်ရောက်ဖျက်ဆီး၍ နေအိမ် ၂ လုံး ပျက်စီး
DVB
·
September 8, 2019
တိုက်ကြီးမြို့နယ်၊ ဆင်စခန်းကျေးရွာအုပ်စု၊ ကန်သာယာကျေးရွာမှာ စက်တင်ဘာ ၇ ရက်နေ့ မနက်ပိုင်းက တောဆင်ရိုင်းတကောင် ထပ်မံဝင်ရောက်ဖျက်ဆီးခဲ့လို့ နေအိမ်နှစ်လုံး ပျက်စီးခဲ့ပါတယ်။  အဆိုပါဆင်ရိုင်းဟာ စက်တင်ဘာလ ၅ ရက်နေ့ ညပိုင်းကလည်း ဝင်ရောက်ခဲ့ပြီး နေအိမ်တလုံး ဖျက်ဆီးခဲ့တာကြောင့် ဒေသခံတွေ ခြောက်လှန့်မောင်းထုတ်ခဲ့ရပါသေးတယ်။   အဲဒီဆင်ဟာ အနီးနားကျေးရွာက စိုက်ခင်းတွေကို ဝင်ရောက်လေ့ရှိပြီး အိမ်တွေကိုလည်း ဝင်ရောက်ဖျက်ဆီးတာတွေ ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။  "ဒီဆင်က မောင်းထုတ်လည်း အဝေးကြီးကို မသွားဘူး၊ ဒီနားက ရွာတွေနားမှာနေပြီး စိုက်ခင်းတွေကို ဝင်စားတယ်။ ရွာအပင်က တဲတွေကို ဝင်ပြီး အစာရှာတယ်။ အခု  ရွာထဲ ဝင်လာပြီး အိမ်တွေကို ဝင်ဖျက်ဆီးတယ်။ အရင်က သစ်တောက သူတွေနဲ့ ဆင်ဦးစီးတွေ လာမောင်းတာတွေ ရှိတယ်။ မောင်းလည်း ခဏပဲ၊ ပြန်ရောက်လာတာ။ ကျနော်တို့ရွာအပြင် အခြားကျေးရွာတွေမှာ ဆင်တွေဝင်ပြီး စိုက်ခင်းတွေ စားသောက်ဖျက်ဆီးတာတွေ၊ နေအိမ် ဖျက်တာတွေ၊ လူနဲ့တိုးလို့ နင်းသတ်ခံရတာတွေ ခဏခဏ ဖြစ်နေတယ်။ ကျနော်တို့ ပြည်သူတွေအနေနဲ့ ဒီဆင်တွေကို ထိန်းသိမ်းပေးစေချင်တယ်"  တိုက်ကြီးမြို့နယ်အတွင်းက ပဲခူးရိုးမအနီး နေထိုင်တဲ့ ကျေးရွာတွေကို တောဆင်ရိုင်းတွေ ဝင်ရောက်ပြီး စိုက်ပျိုးထားတဲ့ စပါး၊ ကြံနဲ့ ကလောစိုက်ခင်းတွေကို ဝင်ရောက်စားသောက်ဖျက်ဆီးတာ၊ လူတွေကို အန္တရာယ်ပေးတာတွေ ဖြစ်ပေါ်နေပြီး တနှစ်ကို တောဆင်ရိုင်းကြောင့် လူ ၃ ဦးလောက် သေဆုံးတယ်လို့ သိရပါတယ်။ မေသွယ် ~~~~~~~~~~~~~~~~~~ Zawgyi_version တိုက္ႀကီးတြင္ ေတာဆင္႐ိုင္း ထပ္မံဝင္ေရာက္ဖ်က္ဆီး၍ ေနအိမ္ ၂ လုံး ပ်က္စီး တိုက္ႀကီးၿမိဳ႕နယ္၊ ဆင္စခန္းေက်း႐ြာအုပ္စု၊ ကန္သာယာေက်း႐ြာမွာ စက္တင္ဘာ ၇ ရက္ေန႔ မနက္ပိုင္းက ေတာဆင္႐ိုင္းတေကာင္ ထပ္မံဝင္ေရာက္ဖ်က္ဆီးခဲ့လို႔ ေနအိမ္ႏွစ္လုံး ပ်က္စီးခဲ့ပါတယ္။ အဆိုပါဆင္႐ိုင္းဟာ စက္တင္ဘာလ ၅ ရက္ေန႔ ညပိုင္းကလည္း ဝင္ေရာက္ခဲ့ၿပီး ေနအိမ္တလုံး ဖ်က္ဆီးခဲ့တာေၾကာင့္ ေဒသခံေတြ ေျခာက္လွန႔္ေမာင္းထုတ္ခဲ့ရပါေသးတယ္။ အဲဒီဆင္ဟာ အနီးနားေက်း႐ြာက စိုက္ခင္းေတြကို ဝင္ေရာက္ေလ့ရွိၿပီး အိမ္ေတြကိုလည္း ဝင္ေရာက္ဖ်က္ဆီးတာေတြ ရွိတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ "ဒီဆင္က ေမာင္းထုတ္လည္း အေဝးႀကီးကို မသြားဘူး၊ ဒီနားက ႐ြာေတြနားမွာေနၿပီး စိုက္ခင္းေတြကို ဝင္စားတယ္။ ႐ြာအပင္က တဲေတြကို ဝင္ၿပီး အစာရွာတယ္။ အခု  ႐ြာထဲ ဝင္လာၿပီး အိမ္ေတြကို ဝင္ဖ်က္ဆီးတယ္။ အရင္က သစ္ေတာက သူေတြနဲ႔ ဆင္ဦးစီးေတြ လာေမာင္းတာေတြ ရွိတယ္။ ေမာင္းလည္း ခဏပဲ၊ ျပန္ေရာက္လာတာ။ က်ေနာ္တို႔႐ြာအျပင္ အျခားေက်း႐ြာေတြမွာ ဆင္ေတြဝင္ၿပီး စိုက္ခင္းေတြ စားေသာက္ဖ်က္ဆီးတာေတြ၊ ေနအိမ္ ဖ်က္တာေတြ၊ လူနဲ႔တိုးလို႔ နင္းသတ္ခံရတာေတြ ခဏခဏ ျဖစ္ေနတယ္။ က်ေနာ္တို႔ ျပည္သူေတြအေနနဲ႔ ဒီဆင္ေတြကို ထိန္းသိမ္းေပးေစခ်င္တယ္" တိုက္ႀကီးၿမိဳ႕နယ္အတြင္းက ပဲခူး႐ိုးမအနီး ေနထိုင္တဲ့ ေက်း႐ြာေတြကို ေတာဆင္႐ိုင္းေတြ ဝင္ေရာက္ၿပီး စိုက္ပ်ိဳးထားတဲ့ စပါး၊ ႀကံနဲ႔ ကေလာစိုက္ခင္းေတြကို ဝင္ေရာက္စားေသာက္ဖ်က္ဆီးတာ၊ လူေတြကို အႏၲရာယ္ေပးတာေတြ ျဖစ္ေပၚေနၿပီး တႏွစ္ကို ေတာဆင္႐ိုင္းေၾကာင့္ လူ ၃ ဦးေလာက္ ေသဆုံးတယ္လို႔ သိရပါတယ္။ ေမသြယ္
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024