ပုပ်ရဟန်းမင်းကြီး မိုဇမ်ဘစ်နိုင်ငံ ခရီးစဉ်အတွင်း HIV ဆေးရုံ သွားရောက်ကြည့်ရှု

1.6K
ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ရဲ့ မိုဇမ်ဘစ်နိုင်ငံ ခရီးစဉ် နောက်ဆုံးနေ့ စက်တင်ဘာ ၆ ရက်မှာ မြို့တော် မာပူတို ဆင်ခြေဖုံးက HIV ဆေးရုံကို သွားရောက်ခဲ့ပါတယ်။
အဲဒီဆေးရုံဟာ HIV-AIDS ကူးစက်ခံ မိခင်တွေနဲ့ ကလေးငယ်တွေကို ကုသပေးနေပြီး အီတလီ ကုသိုလ်ဖြစ်အဖွဲ့တခုက ဦးစီးလုပ်ကိုင်နေတာပါ။
ဆေးရုံ လာရောက်ကြည့်ရှုတဲ့ ပုပ်ရဟန်းမင်းကြီးကို မိုဇမ်ဘစ်ပြည်သူတွေက မိုးထဲ ရေထဲမှာ သီဆိုကခုန်ပြီး ကြိုဆိုနှုတ်ဆက်ကြပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ HIV-AIDS ကူးစက်ခံ မိခင်တွေနဲ့ ကလေးငယ်တွေကို ကောင်းချီးမပေးခင် ခေတ္တစကားပြောဆိုခဲ့ပါတယ်။
အဲဒီဆေးရုံဟာ ဆင်းရဲတဲ့ဒေသတွေက ကျန်းမာရေးစရိတ် မတတ်နိုင်တဲ့ လူနာ ၂၀၀၀ ကျော်ကို ဆေးကုသပေးခဲ့ပါတယ်။ ဒါ့အပြင် အဲဒီဆေးရုံဟာ ဒေသခံပြည်သူတွေအတွက် ကျန်းမာရေး စစ်ဆေးခြင်းတွေ ပြုလုပ်ပေးပါတယ်။
အဲဒီနောက်မှာတော့ ပုပ်ရဟန်းမင်းကြီးဟာ ဇင်ပက်တို ကစားကွင်းမှာ သောင်းနဲ့ချီတဲ့ မိုဇမ်ဘစ်ပြည်သူတွေကို ဦးဆောင်ပြီး ဝတ်ပြုဆုတောင်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ပုပ္ရဟန္းမင္းႀကီး မိုဇမ္ဘစ္ႏိုင္ငံ ခရီးစဥ္အတြင္း HIV ေဆး႐ုံ သြားေရာက္ၾကည့္ရႈ
ပုပ္ရဟန္းမင္းႀကီး ဖရန႔္စစ္ရဲ႕ မိုဇမ္ဘစ္ႏိုင္ငံ ခရီးစဥ္ ေနာက္ဆုံးေန႔ စက္တင္ဘာ ၆ ရက္မွာ ၿမိဳ႕ေတာ္ မာပူတို ဆင္ေျခဖုံးက HIV ေဆး႐ုံကို သြားေရာက္ခဲ့ပါတယ္။
အဲဒီေဆး႐ုံဟာ HIV-AIDS ကူးစက္ခံ မိခင္ေတြနဲ႔ ကေလးငယ္ေတြကို ကုသေပးေနၿပီး အီတလီ ကုသိုလ္ျဖစ္အဖြဲ႕တခုက ဦးစီးလုပ္ကိုင္ေနတာပါ။
ေဆး႐ုံ လာေရာက္ၾကည့္ရႈတဲ့ ပုပ္ရဟန္းမင္းႀကီးကို မိုဇမ္ဘစ္ျပည္သူေတြက မိုးထဲ ေရထဲမွာ သီဆိုကခုန္ၿပီး ႀကိဳဆိုႏႈတ္ဆက္ၾကပါတယ္။
ပုပ္ရဟန္းမင္းႀကီးဟာ HIV-AIDS ကူးစက္ခံ မိခင္ေတြနဲ႔ ကေလးငယ္ေတြကို ေကာင္းခ်ီးမေပးခင္ ေခတၱစကားေျပာဆိုခဲ့ပါတယ္။
အဲဒီေဆး႐ုံဟာ ဆင္းရဲတဲ့ေဒသေတြက က်န္းမာေရးစရိတ္ မတတ္ႏိုင္တဲ့ လူနာ ၂၀၀၀ ေက်ာ္ကို ေဆးကုသေပးခဲ့ပါတယ္။ ဒါ့အျပင္ အဲဒီေဆး႐ုံဟာ ေဒသခံျပည္သူေတြအတြက္ က်န္းမာေရး စစ္ေဆးျခင္းေတြ ျပဳလုပ္ေပးပါတယ္။
အဲဒီေနာက္မွာေတာ့ ပုပ္ရဟန္းမင္းႀကီးဟာ ဇင္ပက္တို ကစားကြင္းမွာ ေသာင္းနဲ႔ခ်ီတဲ့ မိုဇမ္ဘစ္ျပည္သူေတြကို ဦးေဆာင္ၿပီး ဝတ္ျပဳဆုေတာင္းခဲ့တယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။