Live
Home
မြန်မာသတင်း
အစိုးရအဖွဲ့ဝန်ကြီးများ မြေပြင်အခြေအနေ ကွင်းဆင်းစစ်ဆေးထားရန် မွန်လွှတ်တော် ဥက္ကဋ္ဌ သတိပေး
DVB
·
September 7, 2019
မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ လာရောက် ဖြေဆိုကြမယ့် အစိုးရအဖွဲ့ဝန်ကြီးတွေအနေနဲ့ မြေပြင်အခြေအနေကို ကွင်းဆင်းစစ်ဆေးထားကြဖို့ မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက သတိပေးပြောဆိုလိုက်ပါတယ်။  ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်ရဲ့ ၁၄ ကြိမ်မြောက် လွှတ်တော် ပုံမှန်အစည်းအဝေးကို လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့ကစပြီး ကျင်းပသွားဖို့ စီစဉ်ထားတာပါ။  ဒီအစည်းအဝေးမှာတော့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် မွန်ပြည်နယ်တခုလုံးမှာ သုံးစွဲမယ့် ဘတ်ဂျက်ဥပဒေနဲ့ ဒေသန္တရာစီမံကိန်းဆိုင်ရာ ဥပဒေ အတည်ပြုဖို့ရှိနေတဲ့အပြင် အဆို၊ မေးခွန်းတွေ တင်သွင်းမေးမြန်းသွားဖို့ ရှိတာဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်မှာ လာရောက်ဖြေဆိုမယ့် ဝန်ကြီးတွေအနေနဲ့ မြေပြင်ကွင်းဆင်း စစ်ဆေးထားကြဖို့ ဥက္ကဋ္ဌက သတိပေးလိုက်တာပါ။  မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ “လာမယ့် တနင်္လာ၊ အင်္ဂါလောက်ဆိုရင် အစိုးရဘက်ကို မေးခွန်းတွေ ပို့လိုက်မယ်။ သူတို့ရဲ့ ဖြေရမယ်ဆိုတဲ့ အသိစိတ်ဓာတ်နဲ့ သူတို့ဘာသာ မြေပြင်အခြေအနေကြည့်ပြီးမှ ဖြေစေချင်တယ်။ ဒါမှ လွှတ်တော်ကိုယ်စားလှယ်တွေ ကျေနပ်မှာပေါ့နော်။ ကျေနပ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကလည်း ပြည့်ပြည့်စုံစုံ မှန်ကန်တဲ့အဖြေကို လွှတ်တော်ကိုယ်စားလှယ်အားလုံးက လိုချင်ပါတယ်” လို့ ပြောပါတယ်။ မွန်ပြည်နယ် အစိုးရအဖွဲ့ကတော့ အခုအခါ သဘာဝဘေးကြောင့် အလုပ်ရှုပ်နေပေမယ့် လွှတ်‌‌တော်က မေးမြန်းလာမယ့် အဖြေတွေအတွက် အကောင်းဆုံး ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ မွန်ပြည်နယ် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က “အစိုးရဘက်က အခုလောလောဆယ် အားလုံး ထောင့်ပေါင်းစုံ အလုပ်ရှုပ်နေတဲ့ကြားက လွှတ်တော်က ရှိတော့ အဲဒီအတွက်ကိုတော့ အကုန်လုံး ပြင်ဆင်ထားပြီးသား ဖြစ်ပါတယ်” လို့ ပြောပါတယ်။  စက်တင်ဘာ ၁၉ ရက်နေ့မှ စတင်ကျင်းပမယ့် မွန်ပြည်နယ် လွှတ်တော်မှာတော့ သက်ဆိုင်ရာ ရေးရာကော်မတီတွေကလည်း အစီရင်ခံစာတွေ တင်သွင်းသွားဖို့ရှိနေပြီး၊ ကိုယ်စားလှယ်တွေ တင်သွင်းမယ့် အဆို၊ မေးခွန်းအပေါ် မူတည်ပြီး လွှတ်တော် ဘယ်နှရက် ကျင်းပမယ်ဆိုတာ ထုတ်ပြန်ပေးသွားမယ်လို့ ဥက္ကဋ္ဌက ပြောပါတယ်။  ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်ရဲ့ ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကိုတော့ ပြီးခဲ့တဲ့ မေလက ကျင်းပထားတာ ဖြစ်ပါတယ်။   ဇော်လွင်ထွဋ် ~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အစိုးရအဖြဲ႕ ဝန္ႀကီးမ်ား ေျမျပင္အေျခအေန ကြင္းဆင္းစစ္ေဆးထားရန္ မြန္လႊတ္ေတာ္ ဥကၠ႒ သတိေပး မြန္ျပည္နယ္ လႊတ္ေတာ္အစည္းအေဝးမွာ လာေရာက္ ေျဖဆိုၾကမယ့္ အစိုးရအဖြဲ႕ဝန္ႀကီးေတြအေနနဲ႔ ေျမျပင္အေျခအေနကို ကြင္းဆင္းစစ္ေဆးထားၾကဖို႔ မြန္ျပည္နယ္ လႊတ္ေတာ္  ဥကၠ႒က သတိေပးေျပာဆိုလိုက္ပါတယ္။ ဒုတိယအႀကိမ္ မြန္ျပည္နယ္ လႊတ္ေတာ္ရဲ႕ ၁၄ ႀကိမ္ေျမာက္ လႊတ္ေတာ္ ပုံမွန္အစည္းအေဝးကို လာမယ့္ စက္တင္ဘာ ၁၉ ရက္ေန႔ကစၿပီး က်င္းပသြားဖို႔ စီစဥ္ထားတာပါ။ ဒီအစည္းအေဝးမွာေတာ့ ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္အတြက္ မြန္ျပည္နယ္တခုလုံးမွာ သုံးစြဲမယ့္ ဘတ္ဂ်က္ဥပေဒနဲ႔ ေဒသႏၲရာစီမံကိန္းဆိုင္ရာ ဥပေဒ အတည္ျပဳဖို႔ရွိေနတဲ့အျပင္ အဆို၊ ေမးခြန္းေတြ တင္သြင္းေမးျမန္းသြားဖို႔ ရွိတာျဖစ္ပါတယ္။ ဒါေၾကာင့္ လႊတ္ေတာ္မွာ လာေရာက္ေျဖဆိုမယ့္ ဝန္ႀကီးေတြအေနနဲ႔ ေျမျပင္ကြင္းဆင္း စစ္ေဆးထားၾကဖို႔ ဥကၠ႒က သတိေပးလိုက္တာပါ။ မြန္ျပည္နယ္ လႊတ္ေတာ္ ဥကၠ႒ ေဒၚတင္အိ “လာမယ့္ တနလၤာ၊ အဂၤါေလာက္ဆိုရင္ အစိုးရဘက္ကို ေမးခြန္းေတြ ပို႔လိုက္မယ္။ သူတို႔ရဲ႕ ေျဖရမယ္ဆိုတဲ့ အသိစိတ္ဓာတ္နဲ႔ သူတို႔ဘာသာ ေျမျပင္အေျခအေနၾကည့္ၿပီးမွ ေျဖေစခ်င္တယ္။ ဒါမွ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ေက်နပ္မွာေပါ့ေနာ္။ ေက်နပ္တယ္ဆိုတဲ့ အဓိပၸါယ္ကလည္း ျပည့္ျပည့္စုံစုံ မွန္ကန္တဲ့အေျဖကို လႊတ္ေတာ္ကိုယ္စားလွယ္အားလုံးက လိုခ်င္ပါတယ္” လို႔ ေျပာပါတယ္။ မြန္ျပည္နယ္ အစိုးရအဖြဲ႕ကေတာ့ အခုအခါ သဘာဝေဘးေၾကာင့္ အလုပ္ရႈပ္ေနေပမယ့္ လႊတ္‌‌ေတာ္က ေမးျမန္းလာမယ့္ အေျဖေတြအတြက္ အေကာင္းဆုံး ျပင္ဆင္ထားတယ္လို႔ ေျပာပါတယ္။ မြန္ျပည္နယ္ စည္ပင္သာယာေရးနဲ႔ ေဆာက္လုပ္ေရး ဝန္ႀကီး ဦးမင္းေက်ာ္လြင္က “အစိုးရဘက္က အခုေလာေလာဆယ္ အားလုံး ေထာင့္ေပါင္းစုံ အလုပ္ရႈပ္ေနတဲ့ၾကားက လႊတ္ေတာ္က ရွိေတာ့ အဲဒီအတြက္ကိုေတာ့ အကုန္လုံး ျပင္ဆင္ထားၿပီးသား ျဖစ္ပါတယ္” လို႔ ေျပာပါတယ္။ စက္တင္ဘာ ၁၉ ရက္ေန႔မွ စတင္က်င္းပမယ့္ မြန္ျပည္နယ္ လႊတ္ေတာ္မွာေတာ့ သက္ဆိုင္ရာ ေရးရာေကာ္မတီေတြကလည္း အစီရင္ခံစာေတြ တင္သြင္းသြားဖို႔ရွိေနၿပီး၊ ကိုယ္စားလွယ္ေတြ တင္သြင္းမယ့္ အဆို၊ ေမးခြန္းအေပၚ မူတည္ၿပီး လႊတ္ေတာ္ ဘယ္ႏွရက္ က်င္းပမယ္ဆိုတာ ထုတ္ျပန္ေပးသြားမယ္လို႔ ဥကၠ႒က ေျပာပါတယ္။ ဒုတိယအႀကိမ္ မြန္ျပည္နယ္ လႊတ္ေတာ္ရဲ႕ ၁၃ ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝးကိုေတာ့ ၿပီးခဲ့တဲ့ ေမလက က်င္းပထားတာ ျဖစ္ပါတယ္။  ေဇာ္လြင္ထြဋ္

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024