A d v e r t i s e m e n t With Us

၇၄ နှစ်အရွယ်ရောက်မှ အမြွှာပူးလေး မွေးဖွားနိုင်ခဲ့သည့် အိန္ဒိယ အမျိုးသမီးကြီး

Photo : odditycentral
အိန္ဒိယနိုင်ငံက မန်ဂါယမ်မာလို့ခေါ်တဲ့ အမျိုးသမီးကြီးတဦးဟာ အသက် ၇၄ နှစ်အရွယ်မှာ ကလေးအမြွှာပူးလေး မွေးဖွားနိုင်ခဲ့ပြီး ကမ္ဘာ့အသက်အကြီးဆုံး ကလေးမွေးဖွားနိုင်တဲ့ မိခင်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီလို့ OC သတင်းမှာ စက်တင်ဘာ ၆ ရက်နေ့က ဖော်ပြထားပါတယ်။ မန်ဂါယမ်မာဟာ မကြာသေးခင်ကပဲ ဖန်ပြွန်သန္ဓေသား IVF နည်းလမ်းနဲ့ မိန်းကလေးနှစ်ဦး မွေးဖွားခဲ့သူ ဖြစ်ပါတယ်။  မန်ဂါယမ်မာနဲ့ သူ့ခင်ပွန်းသည်တို့ဟာ ၁၉၆၂ ခုနှစ်ကတည်းက လက်ထပ်ခဲ့တာ ဖြစ်ပေမယ့် အိမ်ထောင်သက်တလျှောက်လုံး သူတို့နှစ်ဦးဟာ ရင်သွေးမရခဲ့ပါဘူး။  ဒီလို ရင်သွေးမရခဲ့တာကြောင့် မန်ဂါယမ်မာဟာ ဆိုးရွားတဲ့ ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဘုရားကျောင်းမျိုးစုံ၊ ဆရာမျိုးစုံ၊ နည်းလမ်းမျိုးစုံနဲ့ ရင်သွေးရအောင် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ သူ့ခင်ပွန်းကတော့ သူ့ဘက်မှာ အမြဲတမ်း ရှိနေခဲ့ပါတယ်။  ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ သူတို့နေထိုင်တဲ့နေရာနားက အသက် ၅၅ နှစ်အရွယ် အမျိုးသမီးကြီးတဦးဟာ ဖန်ပြွန်သန္ဓေသား (IVF) နည်းလမ်းနဲ့ ကိုယ်ဝန်ရခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။  ဒါ့ကြောင့် သူတို့စုံတွဲဟာလည်း ကာလရှည်လိုချင်နေတဲ့ ရင်သွေးကို ဒီနည်းလမ်းနဲ့ ရယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါ့ကြောင့် သူတို့ဟာ ဆရာဝန်တွေဆီ သွားရောက်ခဲ့ပြီး IVF နည်းလမ်းနဲ့ ရင်သွေးရယူဖို့အတွက် လိုအပ်တဲ့စစ်ဆေးမှုတွေကို ခံယူခဲ့ပါတယ်။  အဲဒီနောက်မှာတော့ မန်ဂါယမ်မာဟာ သူတို့ကာလရှည်စောင့်မျှော်ခဲ့ရတဲ့ ကိုယ်ဝန်ကို ရရှိခဲ့ပြီးတော့ ကိုးလအကြာမှာတော့ အမြွှာသမီးလေး နှစ်ဦးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ “နောက်ဆုံးမှာတော့ ကျမတို့ ဆုတောင်းပြည့်ခဲ့ပါပြီ” လို့ မန်ဂါယမ်မာက ပြောပါတယ်။  မန်ဂါယမ်မာရဲ့ အသက်အရွယ်ဟာ ရင်သွေးရရှိဖို့ အရမ်းကို ကြီးနေပြီဖြစ်ပေမယ့် ဒီလိုမျိုး အမြွှာကလေးငယ် နှစ်ဦးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာက သူမရဲ့ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကြောင့် ဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ~~~~~~~~~~~~~~~~~~~ Zawgyi_version ၇၄ ႏွစ္အ႐ြယ္ေရာက္မွ အႁမႊာပူးေလး ေမြးဖြားႏိုင္ခဲ့သည့္ အိႏၵိယ အမ်ိဳးသမီးႀကီး အိႏၵိယႏိုင္ငံက မန္ဂါယမ္မာလို႔ေခၚတဲ့ အမ်ိဳးသမီးႀကီးတဦးဟာ အသက္ ၇၄ ႏွစ္အ႐ြယ္မွာ ကေလးအႁမႊာပူးေလး ေမြးဖြားႏိုင္ခဲ့ၿပီး ကမာၻ႔အသက္အႀကီးဆုံး ကေလးေမြးဖြားႏိုင္တဲ့ မိခင္အျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီလို႔ OC သတင္းမွာ စက္တင္ဘာ ၆ ရက္ေန႔က ေဖာ္ျပထားပါတယ္။ မန္ဂါယမ္မာဟာ မၾကာေသးခင္ကပဲ ဖန္ႁပြန္သေႏၶသား IVF နည္းလမ္းနဲ႔ မိန္းကေလးႏွစ္ဦး ေမြးဖြားခဲ့သူ ျဖစ္ပါတယ္။ မန္ဂါယမ္မာနဲ႔ သူ႔ခင္ပြန္းသည္တို႔ဟာ ၁၉၆၂ ခုႏွစ္ကတည္းက လက္ထပ္ခဲ့တာ ျဖစ္ေပမယ့္ အိမ္ေထာင္သက္တေလွ်ာက္လုံး သူတို႔ႏွစ္ဦးဟာ ရင္ေသြးမရခဲ့ပါဘူး။ ဒီလို ရင္ေသြးမရခဲ့တာေၾကာင့္ မန္ဂါယမ္မာဟာ ဆိုး႐ြားတဲ့ ေဝဖန္တိုက္ခိုက္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ဘုရားေက်ာင္းမ်ိဳးစုံ၊ ဆရာမ်ိဳးစုံ၊ နည္းလမ္းမ်ိဳးစုံနဲ႔ ရင္ေသြးရေအာင္ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ ဒါေပမဲ့ သူ႔ခင္ပြန္းကေတာ့ သူ႔ဘက္မွာ အၿမဲတမ္း ရွိေနခဲ့ပါတယ္။ ဒါေပမဲ့ ကံေကာင္းစြာနဲ႔ပဲ သူတို႔ေနထိုင္တဲ့ေနရာနားက အသက္ ၅၅ ႏွစ္အ႐ြယ္ အမ်ိဳးသမီးႀကီးတဦးဟာ ဖန္ႁပြန္သေႏၶသား (IVF) နည္းလမ္းနဲ႔ ကိုယ္ဝန္ရခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါ့ေၾကာင့္ သူတို႔စုံတြဲဟာလည္း ကာလရွည္လိုခ်င္ေနတဲ့ ရင္ေသြးကို ဒီနည္းလမ္းနဲ႔ ရယူဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ဒါ့ေၾကာင့္ သူတို႔ဟာ ဆရာဝန္ေတြဆီ သြားေရာက္ခဲ့ၿပီး IVF နည္းလမ္းနဲ႔ ရင္ေသြးရယူဖို႔အတြက္ လိုအပ္တဲ့စစ္ေဆးမႈေတြကို ခံယူခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ မန္ဂါယမ္မာဟာ သူတို႔ကာလရွည္ေစာင့္ေမွ်ာ္ခဲ့ရတဲ့ ကိုယ္ဝန္ကို ရရွိခဲ့ၿပီးေတာ့ ကိုးလအၾကာမွာေတာ့ အႁမႊာသမီးေလး ႏွစ္ဦးကို ေအာင္ျမင္စြာ ေမြးဖြားႏိုင္ခဲ့ပါတယ္။ “ေနာက္ဆုံးမွာေတာ့ က်မတို႔ ဆုေတာင္းျပည့္ခဲ့ပါၿပီ” လို႔ မန္ဂါယမ္မာက ေျပာပါတယ္။ မန္ဂါယမ္မာရဲ႕ အသက္အ႐ြယ္ဟာ ရင္ေသြးရရွိဖို႔ အရမ္းကို ႀကီးေနၿပီျဖစ္ေပမယ့္ ဒီလိုမ်ိဳး အႁမႊာကေလးငယ္ ႏွစ္ဦးကို ေအာင္ျမင္စြာ ေမြးဖြားႏိုင္ခဲ့တာက သူမရဲ႕႐ုပ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈေၾကာင့္ ျဖစ္တယ္လို႔ ဆရာဝန္ေတြက ေျပာပါတယ္။

A d v e r t i s e m e n t With Us

More News
Up