ကွယ်လွန်သွားသည့် သမ္မတဟောင်း မူဂါဘီကို အမျိုးသားသူရဲကောင်းဟု ဇင်ဘာဘွေသမ္မတပြော

သမ္မတဟောင်း မူဂါဘီ
2.6K
ကွယ်လွန်သွားတဲ့ ဇင်ဘာဘွေသမ္မတဟောင်း ရောဘတ်မူဂါဘီဟာ အမျိုးသားသူရဲကောင်း ဖြစ်ပြီး သမ္မတဟောင်း ရုပ်ကလာပ်ကို မြေချပြီးတဲ့အထိ နိုင်ငံတဝန်း ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်သွားမယ်လို့ သမ္မတ အီမာဆင် မနန်ဂါဂွါက စက်တင်ဘာလ ၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ကွယ်လွန်သူ သမ္မတဟောင်း မူဂါဘီ ကူညီတည်ထောင်ခဲ့တဲ့ ဇန်နုပီအက်ဖ်ပါတီက မူဂါဘီကို အမျိုးသားသူရဲကောင်းအဖြစ် သတ်မှတ်ဖို့ သဘောတူလိုက်တယ်လို့ သမ္မတ မနန်ဂါဂွါက ကြေညာခဲ့ပါတယ်။
ဇင်ဘာဘွေနိုင်ငံ လွတ်လပ်ရေးရအောင် ဦးဆောင် တိုက်ပွဲဝင်ခဲ့တဲ့ မူဂါဘီဟာ နိုင်ငံအုပ်ချုပ်တဲ့ အနှစ် ၄၀ နီးပါး ကာလအတွင်း ရန်သူတွေကို နှိပ်ကွပ်ခဲ့ပါတယ်။
မူဂါဘီ အုပ်ချုပ်တဲ့ ကာလအတွင်း ဇင်ဘာဘွေဟာ ဆင်းရဲမှု၊ ငွေကြေးဖောင်းပွမှုနဲ့ မငြိမ်သက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
၂၀၀၈ ခုနှစ်မှာတော့ ဇင်ဘာဘွေစစ်တပ်က အာဏာသိမ်းပြီး သမ္မတ မူဂါဘီကို ရာထူးက ဖယ်ရှားခဲ့ပါတယ်။
သမ္မတဟောင်း မူဂါဘီဟာ ကာလရှည် ဆေးကုသမှု ခံယူနေတဲ့ စင်ကာပူနိုင်ငံမှာ စက်တင်ဘာလ ၆ ရက်နေ့က ကွယ်လွန်ခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၅ နှစ် ရှိတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ကြယ္လြန္သြားသည့္ သမၼတေဟာင္း မူဂါဘီကို အမ်ိဳးသားသူရဲေကာင္းဟု ဇင္ဘာေဘြသမၼတေျပာ
ကြယ္လြန္သြားတဲ့ ဇင္ဘာေဘြသမၼတေဟာင္း ေရာဘတ္မူဂါဘီဟာ အမ်ိဳးသားသူရဲေကာင္း ျဖစ္ၿပီး သမၼတေဟာင္း ႐ုပ္ကလာပ္ကို ေျမခ်ၿပီးတဲ့အထိ ႏိုင္ငံတဝန္း ဝမ္းနည္းျခင္း အထိမ္းအမွတ္ ျပဳလုပ္သြားမယ္လို႔ သမၼတ အီမာဆင္ မနန္ဂါဂြါက စက္တင္ဘာလ ၆ ရက္ေန႔မွာ ေၾကညာလိုက္ပါတယ္။
ကြယ္လြန္သူ သမၼတေဟာင္း မူဂါဘီ ကူညီတည္ေထာင္ခဲ့တဲ့ ဇန္ႏုပီအက္ဖ္ပါတီက မူဂါဘီကို အမ်ိဳးသားသူရဲေကာင္းအျဖစ္ သတ္မွတ္ဖို႔ သေဘာတူလိုက္တယ္လို႔ သမၼတ မနန္ဂါဂြါက ေၾကညာခဲ့ပါတယ္။
ဇင္ဘာေဘြႏိုင္ငံ လြတ္လပ္ေရးရေအာင္ ဦးေဆာင္ တိုက္ပြဲဝင္ခဲ့တဲ့ မူဂါဘီဟာ ႏိုင္ငံအုပ္ခ်ဳပ္တဲ့ အႏွစ္ ၄၀ နီးပါး ကာလအတြင္း ရန္သူေတြကို ႏွိပ္ကြပ္ခဲ့ပါတယ္။
မူဂါဘီ အုပ္ခ်ဳပ္တဲ့ ကာလအတြင္း ဇင္ဘာေဘြဟာ ဆင္းရဲမႈ၊ ေငြေၾကးေဖာင္းပြမႈနဲ႔ မၿငိမ္သက္မႈေတြ ျဖစ္ပြားခဲ့ပါတယ္။
၂၀၀၈ ခုႏွစ္မွာေတာ့ ဇင္ဘာေဘြစစ္တပ္က အာဏာသိမ္းၿပီး သမၼတ မူဂါဘီကို ရာထူးက ဖယ္ရွားခဲ့ပါတယ္။
သမၼတေဟာင္း မူဂါဘီဟာ ကာလရွည္ ေဆးကုသမႈ ခံယူေနတဲ့ စင္ကာပူႏိုင္ငံမွာ စက္တင္ဘာလ ၆ ရက္ေန႔က ကြယ္လြန္ခဲ့ၿပီး ကြယ္လြန္ခ်ိန္မွာ အသက္ ၉၅ ႏွစ္ ရွိတယ္လို႔ ႐ိုက္တာသတင္းက ေဖာ္ျပပါတယ္။