စာမခိုးချရန် ကတ်ထူစက္ကူပုံး စွပ်ပြီး စာမေးပွဲဖြေခိုင်းသည့် မက္ကဆီကိုကျောင်းဆရာ ဝေဖန်ခံရ

တက္ကသိုလ်ကျောင်းသားတွေကို ကတ်ထူပုံးတွေစွပ်ပြီး စာမေးပွဲဖြေခိုင်းတဲ့ မက္ကဆီကိုနိုင်ငံက ကျောင်းဆရာတဦးကို ကျောင်းသားမိဘတွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။  ကျောင်းသားတွေ စာခိုးချတာကို တားဆီးဖို့အတွက် ဒီနည်းလမ်းကို အသုံးပြုခဲ့တာ ဖြစ်ပြီး ဒါဟာ လူသားမဆန်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်လို့ ကျောင်းသားမိဘတွေက ယူဆနေပါတယ်။  မက္ကဆီကိုနိုင်ငံ တလက်ကာတာ ပြည်နယ်က ကောလိပ်စာမေးပွဲတခုမှာ လူးဝစ္စဂျူ ရက် တက်ဇစ်လို့ ခေါ်တဲ့ ကျောင်းဆရာက ဒီနည်းလမ်းကို အသုံးပြုခဲ့တာပါ။  ကတ်ထူပုံးစွပ်ပြီး စာမေးပွဲဖြေနေတဲ့ စာမေးပွဲခန်းကို တက်ဇစ်က စောင့်ကြည့်နေတဲ့ ပုံတွေ လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာတဲ့နောက်မှာ ဒီလိုမျိုး ဝေဖန်သံတွေ ထွက်ပေါ်လာတာ ဖြစ်ပြီး ကျောင်းသားမိဘတွေကတော့ တက်ဇစ်ကို အလုပ်ဖြုတ်ပေးဖို့ ပညာရေးဌာနကို တောင်းဆိုထားပါတယ်။  ထွက်ပေါ်လာတဲ့ပုံတွေမှာလည်း မျက်လုံးအပေါက်နှစ်ခုသာ ဖောက်ထားတဲ့ စက္ကူပုံးတွေ ခေါင်းမှာစွပ်ပြီး စာမေးပွဲဖြေနေတဲ့ ကျောင်းသားတွေကို မြင်တွေ့ရပြီး “မိဘတယောက်အနေနဲ့ ဒီကျောင်းဆရာရဲ့ ကျောင်းသားတွေအပေါ် ဆက်ဆံပုံကို ရှုတ်ချပါတယ်” လို့ ကျောင်းသားမိဘတဦးက ပြောပါတယ်။  လူမှုကွန်ရက်ပေါ် ပေါ်ထွက်လာတဲ့ ဓာတ်ပုံတွေကြောင့် ဒီဖြစ်ရပ်ဟာ မက္ကဆီကိုနိုင်ငံမှာ တော်တော်လေးကို လူပြောများတဲ့ ကိစ္စတခုဖြစ်နေပြီး တချို့ကတော့ ဒီနည်းလမ်းကို အသုံးပြုတဲ့ ကျောင်းဆရာရဲ့ အတွေးအခေါ်ကို ချီးကျူးကြပါတယ်။  ကျောင်းသားတွေ စာကူးချမှာကို တားဆီးတဲ့ နည်းလမ်းကို ထိုင်းမှာလည်း အသုံးပြုခဲ့ဖူးပြီး စာရွက်တွေကို ဦးထုပ်လို ပုံစံမျိုးလုပ်ကာ ကျောင်းသားတွေခေါင်းမှာ စွပ်ပြီး စာမေးပွဲ ဖြေခိုင်းခဲ့ဖူးပါတယ်။  Ref: OC ~~~~~~~~~~~~~~~~~~~~ Zawgyi_version စာမခိုးခ်ရန္ ကတ္ထူစကၠဴပုံး စြပ္ၿပီး စာေမးပြဲေျဖခိုင္းသည့္ မကၠဆီကိုေက်ာင္းဆရာ ေဝဖန္ခံရ တကၠသိုလ္ေက်ာင္းသားေတြကို ကတ္ထူပုံးေတြစြပ္ၿပီး စာေမးပြဲေျဖခိုင္းတဲ့ မကၠဆီကိုႏိုင္ငံက ေက်ာင္းဆရာတဦးကို ေက်ာင္းသားမိဘေတြက ျပင္းျပင္းထန္ထန္ ေဝဖန္ေနၾကပါတယ္။ ေက်ာင္းသားေတြ စာခိုးခ်တာကို တားဆီးဖို႔အတြက္ ဒီနည္းလမ္းကို အသုံးျပဳခဲ့တာ ျဖစ္ၿပီး ဒါဟာ လူသားမဆန္မႈ၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ ျဖစ္တယ္လို႔ ေက်ာင္းသားမိဘေတြက ယူဆေနပါတယ္။ မကၠဆီကိုႏိုင္ငံ တလက္ကာတာ ျပည္နယ္က ေကာလိပ္စာေမးပြဲတခုမွာ လူးဝစၥဂ်ဴ ရက္ တက္ဇစ္လို႔ ေခၚတဲ့ ေက်ာင္းဆရာက ဒီနည္းလမ္းကို အသုံးျပဳခဲ့တာပါ။ ကတ္ထူပုံးစြပ္ၿပီး စာေမးပြဲေျဖေနတဲ့ စာေမးပြဲခန္းကို တက္ဇစ္က ေစာင့္ၾကည့္ေနတဲ့ ပုံေတြ လူမႈကြန္ရက္ေပၚ ထြက္ေပၚလာတဲ့ေနာက္မွာ ဒီလိုမ်ိဳး ေဝဖန္သံေတြ ထြက္ေပၚလာတာ ျဖစ္ၿပီး ေက်ာင္းသားမိဘေတြကေတာ့ တက္ဇစ္ကို အလုပ္ျဖဳတ္ေပးဖို႔ ပညာေရးဌာနကို ေတာင္းဆိုထားပါတယ္။ ထြက္ေပၚလာတဲ့ပုံေတြမွာလည္း မ်က္လုံးအေပါက္ႏွစ္ခုသာ ေဖာက္ထားတဲ့ စကၠဴပုံးေတြ ေခါင္းမွာစြပ္ၿပီး စာေမးပြဲေျဖေနတဲ့ ေက်ာင္းသားေတြကို ျမင္ေတြ႕ရၿပီး “မိဘတေယာက္အေနနဲ႔ ဒီေက်ာင္းဆရာရဲ႕ ေက်ာင္းသားေတြအေပၚ ဆက္ဆံပုံကို ရႈတ္ခ်ပါတယ္” လို႔ ေက်ာင္းသားမိဘတဦးက ေျပာပါတယ္။ လူမႈကြန္ရက္ေပၚ ေပၚထြက္လာတဲ့ ဓာတ္ပုံေတြေၾကာင့္ ဒီျဖစ္ရပ္ဟာ မကၠဆီကိုႏိုင္ငံမွာ ေတာ္ေတာ္ေလးကို လူေျပာမ်ားတဲ့ ကိစၥတခုျဖစ္ေနၿပီး တခ်ိဳ႕ကေတာ့ ဒီနည္းလမ္းကို အသုံးျပဳတဲ့ ေက်ာင္းဆရာရဲ႕ အေတြးအေခၚကို ခ်ီးက်ဴးၾကပါတယ္။ ေက်ာင္းသားေတြ စာကူးခ်မွာကို တားဆီးတဲ့ နည္းလမ္းကို ထိုင္းမွာလည္း အသုံးျပဳခဲ့ဖူးၿပီး စာ႐ြက္ေတြကို ဦးထုပ္လို ပုံစံမ်ိဳးလုပ္ကာ ေက်ာင္းသားေတြေခါင္းမွာ စြပ္ၿပီး စာေမးပြဲ ေျဖခိုင္းခဲ့ဖူးပါတယ္။ Ref: OC

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up