ရုရှား၊ ဂျပန်နှင့် အိန္ဒိယ နိုင်ငံခေါင်းဆောင် ၃ ဦး ဂျူဒိုအားကစားပြိုင်ပွဲ တက်ရောက်အားပေး

ရုရှားသမ္မတ ဗာလာဒီမာပူတင်၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာ မိုဒီတို့ဟာ ရုရှားနိုင်ငံ ဗယ်လ်ဒီဗိုစတော့ခ်မြို့မှာ ကျင်းပတဲ့ ဂျူဒိုအားကစားပြိုင်ပွဲကို တက်ရောက်အားပေးခဲ့ကြပါတယ်။
အဲဒီခေါင်းဆောင်တွေဟာ စက်တင်ဘာ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပတဲ့ Eastern Economic Forum ကို တက်ရောက်ရင်း ဗယ်လ်ဒီဗိုစတော့ခ်မြို့ကို ရောက်နေကြတာပါ။
စက်တင်ဘာ ၅ ရက်နေ့က ကျင်းပတဲ့ ဂျူဒိုအားကစားပွဲဟာလည်း အဲဒီဖိုရမ်ရဲ့ အားကစား အစီအစဉ်တခု ဖြစ်ပါတယ်။
ဝေးလံတဲ့ ဗယ်လ်ဒီဗိုစတော့ခ်ကျွန်းကို လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိတဲ့ ပြည်တွင်းနဲ့ အာရှက ရင်းနှီးမြှုပ်နှံသူတွေအတွက် ကောင်းမွန်တဲ့ စီးပွားရေး အခြေအနေတွေ ဆောင်ကြဉ်းပေးသွားမယ်လို့ ရုရှားသမ္မတ ပူတင်က ကတိပြုခဲ့ပါတယ်။
~~~~~~~~~~~~~~~~~~~~~
Zawgyi_version
႐ုရွား၊ ဂ်ပန္ႏွင့္ အိႏၵိယ ႏိုင္ငံေခါင္းေဆာင္ ၃ ဦး ဂ်ဴဒိုအားကစားၿပိဳင္ပြဲ တက္ေရာက္အားေပး
႐ုရွားသမၼတ ဗာလာဒီမာပူတင္၊ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးနဲ႔ အိႏၵိယဝန္ႀကီးခ်ဳပ္ နရိန္ဒရာ မိုဒီတို႔ဟာ ႐ုရွားႏိုင္ငံ ဗယ္လ္ဒီဗိုစေတာ့ခ္ၿမိဳ႕မွာ က်င္းပတဲ့ ဂ်ဴဒိုအားကစားၿပိဳင္ပြဲကို တက္ေရာက္အားေပးခဲ့ၾကပါတယ္။
အဲဒီေခါင္းေဆာင္ေတြဟာ စက္တင္ဘာ ၃ ရက္ေန႔ကေန ၅ ရက္ေန႔အထိ က်င္းပတဲ့ Eastern Economic Forum ကို တက္ေရာက္ရင္း ဗယ္လ္ဒီဗိုစေတာ့ခ္ၿမိဳ႕ကို ေရာက္ေနၾကတာပါ။
စက္တင္ဘာ ၅ ရက္ေန႔က က်င္းပတဲ့ ဂ်ဴဒိုအားကစားပြဲဟာလည္း အဲဒီဖိုရမ္ရဲ႕ အားကစား အစီအစဥ္တခု ျဖစ္ပါတယ္။
ေဝးလံတဲ့ ဗယ္လ္ဒီဗိုစေတာ့ခ္ကြၽန္းကို လာေရာက္ရင္းႏွီးျမႇဳပ္ႏွံဖို႔ ဆႏၵရွိတဲ့ ျပည္တြင္းနဲ႔ အာရွက ရင္းႏွီးျမႇဳပ္ႏွံသူေတြအတြက္ ေကာင္းမြန္တဲ့ စီးပြားေရး အေျခအေနေတြ ေဆာင္ၾကဥ္းေပးသြားမယ္လို႔ ႐ုရွားသမၼတ ပူတင္က ကတိျပဳခဲ့ပါတယ္။