A d v e r t i s e m e n t With Us

ဘာစီလိုနာနှင့်အင်တာမီလန် ဂန္ထဝင်ကစားသမား အီတိုး ဘောလုံးသမားဘဝမှ အနားယူ

ဘာစီလိုနာနဲ့ အင်တာမီလန် ဂန္ထဝင်ကစားသမား ဆမ်မြူရယ်အီတိုးဟာ အသက် ၃၈ နှစ်အရွယ်မှာ ဘောလုံးသမားဘဝကနေ အပြီးတိုင်အနားယူပြီလို့ ကြေညာလိုက်ပါတယ်။  အီတိုးဟာ လက်ရှိမှာ ကာတာအခြေစိုက်ကလပ်မှာ ကစားနေတာဖြစ်ပြီး စိန်ခေါ်မှုအသစ် စတင်ဖို့ အဆုံးသတ်လိုက်ပြီဆိုတဲ့ စာသားကို ရေးပြီး ကြေညာခဲ့တာပါ။  အီတိုးဟာ သူ့ရဲ့စီနီယာကစားသမားဘဝကို ၁၉၉၇ ခုနှစ်မှာ စတင်ခဲ့ပြီးတော့ ဂိုးပေါင်း ၃၅၀ လောက် သွင်းယူပေးခဲ့ပါတယ်။  ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်၊ အင်တာမီလန်အသင်းနဲ့ ၁ ကြိမ် ဆွတ်ခူးထားပြီး နိုင်ငံအသင်းအတွက် အာဖရိကဖလား ၂ ကြိမ်၊ အိုလံပစ်ရွှေတံဆိပ် ၁ ခုနဲ့ စုစုပေါင်း ၁၁၈ ပွဲ ကစားပြီး ၅၆ ဂိုး သွင်းယူပေးခဲ့ပါတယ်။ အနာဂတ်နဲ့ ပတ်သကင်လို့ မေးမြန်းခဲ့ရာမှာတော့ ဥရောပဖလားတွေကို ကစားသမားဘဝနဲ့ ရခဲ့ဖူးလို့ နည်းပြတယောက်အနေနဲ့ ဆွတ်ခူးလိုတယ်လို့ အီတိုးက  ပြောကြားခဲ့ပါတယ်‌။ အီတိုးဟာ အသက် ၃၅ နှစ်မှာ တူရကီကလပ် အန်တဲလ်ရာစပေါကို ပြောင်းရွှေ့ကစားခဲ့ပြီး နောက်ဆုံးမှာ Qatar SC ကို ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဘာစီလိုနာႏွင့္အင္တာမီလန္ ဂႏၳဝင္ကစားသမား အီတိုး ေဘာလုံးသမားဘဝမွ အနားယူ ဘာစီလိုနာနဲ႔ အင္တာမီလန္ ဂႏၳဝင္ကစားသမား ဆမ္ျမဴရယ္အီတိုးဟာ အသက္ ၃၈ ႏွစ္အ႐ြယ္မွာ ေဘာလုံးသမားဘဝကေန အၿပီးတိုင္အနားယူၿပီလို႔ ေၾကညာလိုက္ပါတယ္။ အီတိုးဟာ လက္ရွိမွာ ကာတာအေျခစိုက္ကလပ္မွာ ကစားေနတာျဖစ္ၿပီး စိန္ေခၚမႈအသစ္ စတင္ဖို႔ အဆုံးသတ္လိုက္ၿပီဆိုတဲ့ စာသားကို ေရးၿပီး ေၾကညာခဲ့တာပါ။ အီတိုးဟာ သူ႔ရဲ႕စီနီယာကစားသမားဘဝကို ၁၉၉၇ ခုႏွစ္မွာ စတင္ခဲ့ၿပီးေတာ့ ဂိုးေပါင္း ၃၅၀ ေလာက္ သြင္းယူေပးခဲ့ပါတယ္။ ဘာစီလိုနာအသင္းနဲ႔ ခ်န္ပီယံလိဂ္ဖလား ၂ ႀကိမ္၊ အင္တာမီလန္အသင္းနဲ႔ ၁ ႀကိမ္ ဆြတ္ခူးထားၿပီး ႏိုင္ငံအသင္းအတြက္ အာဖရိကဖလား ၂ ႀကိမ္၊ အိုလံပစ္ေ႐ႊတံဆိပ္ ၁ ခုနဲ႔ စုစုေပါင္း ၁၁၈ ပြဲ ကစားၿပီး ၅၆ ဂိုး သြင္းယူေပးခဲ့ပါတယ္။ အနာဂတ္နဲ႔ ပတ္သကင္လို႔ ေမးျမန္းခဲ့ရာမွာေတာ့ ဥေရာပဖလားေတြကို ကစားသမားဘဝနဲ႔ ရခဲ့ဖူးလို႔ နည္းျပတေယာက္အေနနဲ႔ ဆြတ္ခူးလိုတယ္လို႔ အီတိုးက  ေျပာၾကားခဲ့ပါတယ္‌။ အီတိုးဟာ အသက္ ၃၅ ႏွစ္မွာ တူရကီကလပ္ အန္တဲလ္ရာစေပါကို ေျပာင္းေ႐ႊ႕ကစားခဲ့ၿပီး ေနာက္ဆုံးမွာ Qatar SC ကို ေျပာင္းေ႐ႊ႕ကစားခဲ့တာျဖစ္ပါတယ္။

A d v e r t i s e m e n t With Us

More News
Up