ဒုက္ခသည် ၁ သန်းကို ဆီးရီးယားမြောက်ပိုင်းတွင် ပြန်နေရာချပေးရန် တူရကီ စီစဉ်

Photo : Reuters
981
တူရကီဟာ ဆီးရီးယားဒုက္ခသည် ၁ သန်းကို ဆီးရီးယားမြောက်ပိုင်းမှာ ပြန်နေရာချပေးဖို့ စီစဉ်နေတယ်လို့ သမ္မတ တေယစ်အာဒိုဂန်က ပြောလိုက်ပါတယ်။
တကယ်လို့ အဲဒီအစီအစဉ်အတွက် နိုင်ငံတကာအထောက်အပံ့မရရင် ဒုက္ခသည်တွေ ဥရောပ သွားရောက်ဖို့ ပြန်လမ်းဖွင့်ပေးနိုင်တယ်ဆိုပြီး အာဒိုဂန်က စက်တင်ဘာ ၅ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
ဆီးရီးယား ဒုက္ခသည် ၃ ဒသမ ၆ သန်းကို လက်ခံထားတဲ့ တူရကီအစိုးရဟာ ဆီးရီးယားမြောက်ပိုင်း နေရာတွေကို ထိန်းချုပ်ထားပါတယ်။
အဲဒီနေရာတွေကို ဒုက္ခသည် ၃ သိန်းခွဲ ပြန်ရောက်နေပြီလို့ တူရကီအစိုးရက ပြောပါတယ်။
ဆီးရီးယားမြောက်ပိုင်းမှာ အမေရိကန်အစိုးရနဲ့ ဘေးကင်းဇုန်တခု တည်ဆောက်နေပြီး နောက်ထပ် ဒုက္ခသည် ပိုမိုပြောင်းရွှေ့နိုင်တယ်လို့ အာဒိုဂန်က ပြောပါတယ်။
၂၀၁၆ ခုနှစ်မှာ အီးယူနဲ့ တူရကီ ပြုလုပ်ထားတဲ့ သဘောတူညီချက်အရ တူရကီ အစိုးရအနေနဲ့ ထောက်ပံ့ငွေ ယူရို ဘီလီယံချီ ရမယ်ဆိုရင် ဥရောပဆီ သွားရောက်မယ့် ရွှေ့ပြောင်းသူတွေကို ပိတ်ဆို့ပေးမယ်ဆိုပြိး သဘောတူထားတာပါ။
ဒါပေမဲ့ ပြီးခဲ့တဲ့လတုန်းက အိမ်နီးချင်း ဂရိနိုင်ငံဆီ ရောက်လာတဲ့ ရွှေ့ပြောင်းသူတွေ တဟုန်ထိုး မြင့်တက်ခဲ့ပါတယ်။
တူရကီနဲ့ အမေရိကန် ပူးပေါင်းပြီး ဆီးရီးယားမြောက်ပိုင်းမှာ ဘေးကင်းဇုန် တည်ဆောက်ဖို့ ဆုံးဖြတ်ထားပေမယ့် လိုအပ်ရင် တူရကီ တနိုင်ငံတည်း လုပ်သွားမယ်လို့လည်း သမ္မတ အာဒိုဂန်က ပြောခဲ့ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ဒုကၡသည္ ၁ သန္းကို ဆီးရီးယားေျမာက္ပိုင္းတြင္ ျပန္ေနရာခ်ေပးရန္ တူရကီ စီစဥ္
တူရကီဟာ ဆီးရီးယားဒုကၡသည္ ၁ သန္းကို ဆီးရီးယားေျမာက္ပိုင္းမွာ ျပန္ေနရာခ်ေပးဖို႔ စီစဥ္ေနတယ္လို႔ သမၼတ ေတယစ္အာဒိုဂန္က ေျပာလိုက္ပါတယ္။
တကယ္လို႔ အဲဒီအစီအစဥ္အတြက္ ႏိုင္ငံတကာအေထာက္အပံ့မရရင္ ဒုကၡသည္ေတြ ဥေရာပ သြားေရာက္ဖို႔ ျပန္လမ္းဖြင့္ေပးႏိုင္တယ္ဆိုၿပီး အာဒိုဂန္က စက္တင္ဘာ ၅ ရက္ေန႔မွာ သတိေပးလိုက္ပါတယ္။
ဆီးရီးယား ဒုကၡသည္ ၃ ဒသမ ၆ သန္းကို လက္ခံထားတဲ့ တူရကီအစိုးရဟာ ဆီးရီးယားေျမာက္ပိုင္း ေနရာေတြကို ထိန္းခ်ဳပ္ထားပါတယ္။
အဲဒီေနရာေတြကို ဒုကၡသည္ ၃ သိန္းခြဲ ျပန္ေရာက္ေနၿပီလို႔ တူရကီအစိုးရက ေျပာပါတယ္။
ဆီးရီးယားေျမာက္ပိုင္းမွာ အေမရိကန္အစိုးရနဲ႔ ေဘးကင္းဇုန္တခု တည္ေဆာက္ေနၿပီး ေနာက္ထပ္ ဒုကၡသည္ ပိုမိုေျပာင္းေ႐ႊ႕ႏိုင္တယ္လို႔ အာဒိုဂန္က ေျပာပါတယ္။
၂၀၁၆ ခုႏွစ္မွာ အီးယူနဲ႔ တူရကီ ျပဳလုပ္ထားတဲ့ သေဘာတူညီခ်က္အရ တူရကီ အစိုးရအေနနဲ႔ ေထာက္ပံ့ေငြ ယူ႐ို ဘီလီယံခ်ီ ရမယ္ဆိုရင္ ဥေရာပဆီ သြားေရာက္မယ့္ ေ႐ႊ႕ေျပာင္းသူေတြကို ပိတ္ဆို႔ေပးမယ္ဆိုၿပိး သေဘာတူထားတာပါ။
ဒါေပမဲ့ ၿပီးခဲ့တဲ့လတုန္းက အိမ္နီးခ်င္း ဂရိႏိုင္ငံဆီ ေရာက္လာတဲ့ ေ႐ႊ႕ေျပာင္းသူေတြ တဟုန္ထိုး ျမင့္တက္ခဲ့ပါတယ္။
တူရကီနဲ႔ အေမရိကန္ ပူးေပါင္းၿပီး ဆီးရီးယားေျမာက္ပိုင္းမွာ ေဘးကင္းဇုန္ တည္ေဆာက္ဖို႔ ဆုံးျဖတ္ထားေပမယ့္ လိုအပ္ရင္ တူရကီ တႏိုင္ငံတည္း လုပ္သြားမယ္လို႔လည္း သမၼတ အာဒိုဂန္က ေျပာခဲ့ပါတယ္။