နေမာကို လာမည့်အပြောင်းအရွှေ့ မခေါ်ယူနိုင်တော့ဟု ဘာစီလိုနာ ဥက္ကဋ္ဌပြော

နေမာကို ပြန်လည်ခေါ်ယူနိုင်ဖို့ အစွမ်းရှိသလောက် ကြိုးပမ်းခဲ့ပေမယ့် လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာလည်း ခေါ်ယူနိုင်တော့မှာ မဟုတ်ဘူးလို့ ဘာစီလိုနာ ဥက္ကဋ္ဌ ဘာတိုမျူက ဘာကာတီဗွီကနေတဆင့် အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီကိစ္စဟာ အသင်းရဲ့ ကစားသမားအပါအဝင် နည်းပြအဖွဲ့အဝင်တွေနဲ့ လုံးဝ မသက်ဆိုင်ဘူးလို့လည်း ဆိုပါတယ်။
ဆက်လက်ပြီးတော့ ဘာတိုမျူက နေမာကို ချိတ်ဆက်ဖို့ အသင်းတွေက ကြိုးပမ်းလာနိုင်ပေမယ့် ကစားသမားကတော့ ဘာစီလိုနာကိုပဲ ပြောင်းရွှေ့လိုတာကြောင့် ပီအက်စ်ဂျီအသင်းကို တောင်းဆိုလိမ့်မယ်လို့ ဘာတိုမျူက ပြောပါတယ်။
ဒါ့အပြင် နေမာဟာ သူလိုလားတာကို အနာဂတ်မှာ မဖြစ်ဖြစ်အောင် လုပ်လိမ့်မယ်လို့ ဆိုပါတယ်။
ဘာစီလိုနာအသင်းဟာ နေမာကို ၂၀၁၇ ခုနှစ်က ပေါင်သန်း ၂၀၀ နဲ့ ရောင်းချခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်ပိုင်းကစပြီး အသင်းထံ ပြန်ခေါ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဘက်ကတော့ နေမာကို စတင်ဝယ်ယူချိန်က တန်ကြေးနီးပါးရရှိမှသာ ရောင်းချလိုတဲ့ သဘောကို ပြသထားခဲ့တာ ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ေနမာကို လာမည့္အေျပာင္းအေ႐ႊ႕ မေခၚယူႏိုင္ေတာ့ဟု ဘာစီလိုနာ ဥကၠ႒ေျပာ
ေနမာကို ျပန္လည္ေခၚယူႏိုင္ဖို႔ အစြမ္းရွိသေလာက္ ႀကိဳးပမ္းခဲ့ေပမယ့္ လာမယ့္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာလည္း ေခၚယူႏိုင္ေတာ့မွာ မဟုတ္ဘူးလို႔ ဘာစီလိုနာ ဥကၠ႒ ဘာတိုမ်ဴက ဘာကာတီဗြီကေနတဆင့္ အတည္ျပဳလိုက္ၿပီ ျဖစ္ပါတယ္။
ဒါေပမဲ့ ဒီကိစၥဟာ အသင္းရဲ႕ ကစားသမားအပါအဝင္ နည္းျပအဖြဲ႕အဝင္ေတြနဲ႔ လုံးဝ မသက္ဆိုင္ဘူးလို႔လည္း ဆိုပါတယ္။
ဆက္လက္ၿပီးေတာ့ ဘာတိုမ်ဴက ေနမာကို ခ်ိတ္ဆက္ဖို႔ အသင္းေတြက ႀကိဳးပမ္းလာႏိုင္ေပမယ့္ ကစားသမားကေတာ့ ဘာစီလိုနာကိုပဲ ေျပာင္းေ႐ႊ႕လိုတာေၾကာင့္ ပီအက္စ္ဂ်ီအသင္းကို ေတာင္းဆိုလိမ့္မယ္လို႔ ဘာတိုမ်ဴက ေျပာပါတယ္။
ဒါ့အျပင္ ေနမာဟာ သူလိုလားတာကို အနာဂတ္မွာ မျဖစ္ျဖစ္ေအာင္ လုပ္လိမ့္မယ္လို႔ ဆိုပါတယ္။
ဘာစီလိုနာအသင္းဟာ ေနမာကို ၂၀၁၇ ခုႏွစ္က ေပါင္သန္း ၂၀၀ နဲ႔ ေရာင္းခ်ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ပိုင္းကစၿပီး အသင္းထံ ျပန္ေခၚဖို႔ နည္းမ်ိဳးစုံနဲ႔ ႀကိဳးပမ္းခဲ့တာ ျဖစ္ပါတယ္။
ပီအက္စ္ဂ်ီအသင္းဘက္ကေတာ့ ေနမာကို စတင္ဝယ္ယူခ်ိန္က တန္ေၾကးနီးပါးရရွိမွသာ ေရာင္းခ်လိုတဲ့ သေဘာကို ျပသထားခဲ့တာ ျဖစ္ပါတယ္။