ဟောင်ကောင်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့သုံး လူစုခွဲ

ဟောင်ကောင်ရဲတပ်ဖွဲ့ဟာ မြေအောက်ဘူတာရုံ အပြင်ဘက်က ဆန္ဒပြသူတွေကို စက်တင်ဘာလ ၆ ရက်နေ့က ရာဘာကျည်နဲ့ မျက်ရည်ယိုဓာတ်ငွေ့သုံးပြီး လူစုခွဲခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ လူနေထူတဲ့ ကောင်းလုံကျွန်းဆွယ်ပေါ်က Prince Edward မြေအောက်ရထားဘူတာရုံမှာ ဖြစ်ခဲ့ပြီး သီတင်း ၁၄ ပတ်ကြာ ဟောင်ကောင်အစိုးရ ဆန့်ကျင်ဆန္ဒပွဲအတွင်း မကြာသေးခင်က ဖြစ်ခဲ့တဲ့ ပဋိပက္ခ ဖြစ်ပါတယ်။
မျက်နှာဖုံးတပ်ပြီး အနက်ရောင်ဝတ်ထားတဲ့ ဆန္ဒပြသူ ရာချီဟာ ထီးတွေ၊ အရံအတားတွေကို အကာအကွယ်ပြုကြပါတယ်။
ဆန္ဒပြသူ တချို့က သတ္တုလက်ရန်းတွေကို ဖျက်ဆီးပြီး ဘူတာရုံထဲ ဝင်ဖို့ ကြိုးပမ်းကြပါတယ်။
ဘူတာရုံထဲမှာ သူတို့က ဆိုင်းဘုတ်တွေ၊ ဝင်ပေါက် ဆုံလည်တွေကို ဖျက်ဆီးပြီး နံရံတွေမှာ ဂရပ်ဖစ်တီပုံတွေ ဆွဲကြပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေကလည်း ဘူတာရုံရှေ့ကနေ ကော်စေ့ကျည်နဲ့ ငရုတ်ကောင်းစပရေး သုံးပြီး ဆန္ဒပြသူတွေကို ရှင်းလင်းကြပါတယ်။
ရဲတပ်ဖွဲ့က ရာဘာကျည်သုံး လူစုခွဲရာမှာတော့ ဆန္ဒပြသူတွေ နောက်ဆုတ်ခဲ့ပေမယ့် မကြာခင်မှာပဲ လူပြန်စုပြီး လမ်းတွေထဲမှာ စက္ကူပုံးတွေနဲ့ အပျက်အစီးတွေကို စုပုံ မီးရှို့ခဲ့ပါတယ်။
အဲဒါကြောင့် မီးသတ်သမားတွေ လာရောက်ငြှိမ်းသတ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ေဟာင္ေကာင္ဆႏၵျပသူမ်ားကို ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဓာတ္ေငြ႕သုံး လူစုခြဲ
ေဟာင္ေကာင္ရဲတပ္ဖြဲ႕ဟာ ေျမေအာက္ဘူတာ႐ုံ အျပင္ဘက္က ဆႏၵျပသူေတြကို စက္တင္ဘာလ ၆ ရက္ေန႔က ရာဘာက်ည္နဲ႔ မ်က္ရည္ယိုဓာတ္ေငြ႕သုံးၿပီး လူစုခြဲခဲ့ပါတယ္။
ဒီျဖစ္ရပ္ဟာ လူေနထူတဲ့ ေကာင္းလုံကြၽန္းဆြယ္ေပၚက Prince Edward ေျမေအာက္ရထားဘူတာ႐ုံမွာ ျဖစ္ခဲ့ၿပီး သီတင္း ၁၄ ပတ္ၾကာ ေဟာင္ေကာင္အစိုးရ ဆန႔္က်င္ဆႏၵပြဲအတြင္း မၾကာေသးခင္က ျဖစ္ခဲ့တဲ့ ပဋိပကၡ ျဖစ္ပါတယ္။
မ်က္ႏွာဖုံးတပ္ၿပီး အနက္ေရာင္ဝတ္ထားတဲ့ ဆႏၵျပသူ ရာခ်ီဟာ ထီးေတြ၊ အရံအတားေတြကို အကာအကြယ္ျပဳၾကပါတယ္။
ဆႏၵျပသူ တခ်ိဳ႕က သတၱဳလက္ရန္းေတြကို ဖ်က္ဆီးၿပီး ဘူတာ႐ုံထဲ ဝင္ဖို႔ ႀကိဳးပမ္းၾကပါတယ္။
ဘူတာ႐ုံထဲမွာ သူတို႔က ဆိုင္းဘုတ္ေတြ၊ ဝင္ေပါက္ ဆုံလည္ေတြကို ဖ်က္ဆီးၿပီး နံရံေတြမွာ ဂရပ္ဖစ္တီပုံေတြ ဆြဲၾကပါတယ္။
ရဲတပ္ဖြဲ႕ဝင္ေတြကလည္း ဘူတာ႐ုံေရွ႕ကေန ေကာ္ေစ့က်ည္နဲ႔ င႐ုတ္ေကာင္းစပေရး သုံးၿပီး ဆႏၵျပသူေတြကို ရွင္းလင္းၾကပါတယ္။
ရဲတပ္ဖြဲ႕က ရာဘာက်ည္သုံး လူစုခြဲရာမွာေတာ့ ဆႏၵျပသူေတြ ေနာက္ဆုတ္ခဲ့ေပမယ့္ မၾကာခင္မွာပဲ လူျပန္စုၿပီး လမ္းေတြထဲမွာ စကၠဴပုံးေတြနဲ႔ အပ်က္အစီးေတြကို စုပုံ မီးရႈိ႕ခဲ့ပါတယ္။
အဲဒါေၾကာင့္ မီးသတ္သမားေတြ လာေရာက္ျငႇိမ္းသတ္တယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပပါတယ္။