ဆမ်ဆောင်း Galaxy Fold တောင်ကိုရီးယားတွင် စတင်ရောင်းချ

5.1K
ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္ပဏီက ခေါက်လို့ရတဲ့ စမတ်ဖုန်း Galaxy Fold ကို စက်တင်ဘာ ၆ ရက်နေ့က တောင်ကိုရီးယားနိုင်ငံမှာ စတင်ရောင်းချခဲ့ပါတယ်။
မြို့တော်ဆိုးလ်က ဆမ်ဆောင်းစမတ်ဖုန်း အရောင်းဆိုင်မှာ Galaxy Fold စမတ်ဖုန်းတွေကို လာရောက်လေ့လာနေသူတွေ တော်တော်လေး များပါတယ်။
တောင်ကိုရီးယားအခြေစိုက် ဆမ်ဆောင်းဟာ ကမ္ဘာ့ရောင်းအားအကောင်းဆုံး စမတ်ဖုန်း ကုမ္ပဏီပါ။ ဆမ်ဆောင်းကနေ ပထမဆုံး ထုတ်လုပ်လိုက်တဲ့ Galaxy Fold စမတ်ဖုန်းဟာ မျက်နှာပြင်နှစ်ခုကို ခေါက်လို့ရပြီး ရောင်းဈေး အမေရိကန်ဒေါ်လာ ၁၉၀၀ ကျော် တန်ဖိုးရှိပါတယ်။
ဖုန်းဟာ မျက်နှာပြင်ဆိုဒ်ကို လိုသလို ချုံ့လို့ ချဲလို့ ရတာကြောင့် ကြိုက်နှစ်သက်ပေယ့် ဈေးကတော့ တော်တော်လေးများတယ်လို့ သုံးစွဲသူတယောက်က ပြောပါတယ်။
အဓိကမျက်နှာပြင် နှစ်ခုပါတဲ့ Galaxy Fold ဟာ အက်ပလီကေးရှင်း သုံးခုကို တပြိုင်နက်တည်း ဖွင့်နိုင်ပြီး မြန်နှုန်းမြင့် အင်တာနက် 5G ကွန်ရက် အသုံးပြုနိုင်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ဆမ္ေဆာင္း Galaxy Fold ေတာင္ကိုရီးယားတြင္ စတင္ေရာင္းခ်
ဆမ္ေဆာင္း အီလက္ထေရာနစ္ကုမၸဏီက ေခါက္လို႔ရတဲ့ စမတ္ဖုန္း Galaxy Fold ကို စက္တင္ဘာ ၆ ရက္ေန႔က ေတာင္ကိုရီးယားႏိုင္ငံမွာ စတင္ေရာင္းခ်ခဲ့ပါတယ္။
ၿမိဳ႕ေတာ္ဆိုးလ္က ဆမ္ေဆာင္းစမတ္ဖုန္း အေရာင္းဆိုင္မွာ Galaxy Fold စမတ္ဖုန္းေတြကို လာေရာက္ေလ့လာေနသူေတြ ေတာ္ေတာ္ေလး မ်ားပါတယ္။
ေတာင္ကိုရီးယားအေျခစိုက္ ဆမ္ေဆာင္းဟာ ကမာၻ႔ေရာင္းအားအေကာင္းဆုံး စမတ္ဖုန္း ကုမၸဏီပါ။ ဆမ္ေဆာင္းကေန ပထမဆုံး ထုတ္လုပ္လိုက္တဲ့ Galaxy Fold စမတ္ဖုန္းဟာ မ်က္ႏွာျပင္ႏွစ္ခုကို ေခါက္လို႔ရၿပီး ေရာင္းေဈး အေမရိကန္ေဒၚလာ ၁၉၀၀ ေက်ာ္ တန္ဖိုးရွိပါတယ္။
ဖုန္းဟာ မ်က္ႏွာျပင္ဆိုဒ္ကို လိုသလို ခ်ဳံ႔လို႔ ခ်ဲလို႔ ရတာေၾကာင့္ ႀကိဳက္ႏွစ္သက္ေပယ့္ ေဈးကေတာ့ ေတာ္ေတာ္ေလးမ်ားတယ္လို႔ သုံးစြဲသူတေယာက္က ေျပာပါတယ္။
အဓိကမ်က္ႏွာျပင္ ႏွစ္ခုပါတဲ့ Galaxy Fold ဟာ အက္ပလီေကးရွင္း သုံးခုကို တၿပိဳင္နက္တည္း ဖြင့္ႏိုင္ၿပီး ျမန္ႏႈန္းျမင့္ အင္တာနက္ 5G ကြန္ရက္ အသုံးျပဳႏိုင္ပါတယ္။