Live
Home
မြန်မာသတင်း
တာချီလိတ်နှင့်မိုးမောက်တွင် ကျပ်သိန်း ၃၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
September 7, 2019
ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်နဲ့ မိုးမောက်မြို့နယ်တို့မှာ ကျပ်သိန်း ၃၄၀၀ ကျော်တန်ဖိုးရှိ ကဖင်း၊ ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှာ ကဖင်း ကီလို ၁၉၅၀၊ မိုးမောက်မြို့နယ်မှာ ဘိန်းဖြူ ၀ ဒသမ ၆၆ ကီလိုနဲ့ စိတ်ကြွဆေးပြား ၃၉၉၀၀ တို့ကို စက်တင်ဘာ ၆ ရက်နေ့ မွန်းလွဲပိုင်းက သိမ်းဆည်းရမိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြပါတယ်။ တာချီလိတ်မြို့နယ် ကျိုင်းလပ်-တာလေကားလမ်း ကီလိုမီတာတိုင် အမှတ် (၂၂) နားမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကျိုင်းလပ်ကျေးရွာကနေ တာလေမြို့ကို အားချီ ဝမ်ပုံကျေးရွာ၊ မိုင်းဖြတ်မြို့နယ်နေသူ မောင်းနှင်လာတဲ့ Hilux ယာဉ်ကို သတင်းအရ ရပ်တန့်စစ်ဆေးရာ ကဖင်း ကီလို ၁၀၀၀ (တန်ဖိုးငွေကျပ် သိန်း ၁၀၀၀) ကို သိမ်းဆည်းရမိခဲ့တာပါ။ ဒါ့အပြင် တာလေမြို့နေ အားရိုမောင်းနှင်ပြီး အားဆော်လိုက်ပါလာတဲ့ Hilux Vigo ယာဉ်အား စစ်ဆေးဖို့ ရပ်တန့်ခိုင်းစဉ် အားရိုမှာ ယာဉ်ပေါ်မှ ဆင်းပြေးတာကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သတိပေးပစ်ခတ်ရာမှာ ခြေကျင်းဝတ် သေနတ်ထိမှန်ဒဏ်ရာရခဲ့ပြီး ယာဉ်ပေါ်မှာ ကဖင်း ကီလို ၉၅၀ (တန်ဖိုး ငွေကျပ် သိန်း ၉၅၀) အား ထပ်မံသိမ်းဆည်းရမိခဲ့ပါတယ်။  အလားတူ စက်တင်ဘာ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲကလည်း မိုးမောက်မြို့နယ် လွယ်ဂျယ်-မိုးမောက် ကားလမ်းမှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေက မြစ်ကြီးနားမြို့နေ ဉာဏ်ထွန်းလင်း (ခ)ဆန်းအောင် မောင်းနှင်လာတဲ့ Crown ယာဉ်အား ရပ်တန့်စစ်ဆေးရာ ဘိန်းဖြူ ဆပ်ပြာခွက် ၆၆ ခွက် ၀.၆၆ ကီလို (တန်ဖိုးငွေကျပ် သိန်း ၆၆၀) နဲ့ တံဆိပ်မပါ စိတ်ကြွဆေးပြား ၃၉,၉၀၀ (တန်ဖိုးငွေကျပ် ၇၉၈ သိန်း) အား သိမ်းဆည်းရမိခဲ့ပါတယ်။ မူးယစ်ဆေးတွေနဲ့ ဖမ်းဆီးမိသူတွေကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယေထားရှိပြီး ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version တာခ်ီလိတ္ႏွင့္မိုးေမာက္တြင္ က်ပ္သိန္း ၃၄၀၀ ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးမ်ား ဖမ္းမိ ရွမ္းျပည္နယ္ တာခ်ီလိတ္ၿမိဳ႕နယ္နဲ႔ မိုးေမာက္ၿမိဳ႕နယ္တို႔မွာ က်ပ္သိန္း ၃၄၀၀ ေက်ာ္တန္ဖိုးရွိ ကဖင္း၊ ဘိန္းျဖဴနဲ႔ စိတ္ႂကြေဆးျပားေတြ ဖမ္းဆီးရမိတယ္လို႔ သိရပါတယ္။ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕နယ္မွာ ကဖင္း ကီလို ၁၉၅၀၊ မိုးေမာက္ၿမိဳ႕နယ္မွာ ဘိန္းျဖဴ ၀ ဒသမ ၆၆ ကီလိုနဲ႔ စိတ္ႂကြေဆးျပား ၃၉၉၀၀ တို႔ကို စက္တင္ဘာ ၆ ရက္ေန႔ မြန္းလြဲပိုင္းက သိမ္းဆည္းရမိခဲ့တယ္လို႔ ႏိုင္ငံပိုင္သတင္းမွာ ေဖာ္ျပပါတယ္။ တာခ်ီလိတ္ၿမိဳ႕နယ္ က်ိဳင္းလပ္-တာေလကားလမ္း ကီလိုမီတာတိုင္ အမွတ္ (၂၂) နားမွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြဟာ က်ိဳင္းလပ္ေက်း႐ြာကေန တာေလၿမိဳ႕ကို အားခ်ီ ဝမ္ပုံေက်း႐ြာ၊ မိုင္းျဖတ္ၿမိဳ႕နယ္ေနသူ ေမာင္းႏွင္လာတဲ့ Hilux ယာဥ္ကို သတင္းအရ ရပ္တန္႔စစ္ေဆးရာ ကဖင္း ကီလို ၁၀၀၀ (တန္ဖိုးေငြက်ပ္ သိန္း ၁၀၀၀) ကို သိမ္းဆည္းရမိခဲ့တာပါ။ ဒါ့အျပင္ တာေလၿမိဳ႕ေန အား႐ိုေမာင္းႏွင္ၿပီး အားေဆာ္လိုက္ပါလာတဲ့ Hilux Vigo ယာဥ္အား စစ္ေဆးဖို႔ ရပ္တန္႔ခိုင္းစဥ္ အား႐ိုမွာ ယာဥ္ေပၚမွ ဆင္းေျပးတာေၾကာင့္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္ေတြက သတိေပးပစ္ခတ္ရာမွာ ေျခက်င္းဝတ္ ေသနတ္ထိမွန္ဒဏ္ရာရခဲ့ၿပီး ယာဥ္ေပၚမွာ ကဖင္း ကီလို ၉၅၀ (တန္ဖိုး ေငြက်ပ္ သိန္း ၉၅၀) အား ထပ္မံသိမ္းဆည္းရမိခဲ့ပါတယ္။ အလားတူ စက္တင္ဘာ ၆ ရက္ေန႔ မြန္းလြဲ ၁၂ နာရီခြဲကလည္း မိုးေမာက္ၿမိဳ႕နယ္ လြယ္ဂ်ယ္-မိုးေမာက္ ကားလမ္းမွာ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ဝင္ေတြက ျမစ္ႀကီးနားၿမိဳ႕ေန ဉာဏ္ထြန္းလင္း (ခ)ဆန္းေအာင္ ေမာင္းႏွင္လာတဲ့ Crown ယာဥ္အား ရပ္တန႔္စစ္ေဆးရာ ဘိန္းျဖဴ ဆပ္ျပာခြက္ ၆၆ ခြက္ ၀.၆၆ ကီလို (တန္ဖိုးေငြက်ပ္ သိန္း ၆၆၀) နဲ႔ တံဆိပ္မပါ စိတ္ႂကြေဆးျပား ၃၉,၉၀၀ (တန္ဖိုးေငြက်ပ္ ၇၉၈ သိန္း) အား သိမ္းဆည္းရမိခဲ့ပါတယ္။ မူးယစ္ေဆးေတြနဲ႔ ဖမ္းဆီးမိသူေတြကို မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစတတ္ေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အေရးေယထားရွိၿပီး ကြင္းဆက္တရားခံ ဖမ္းဆီးရမိေရး ေဆာင္႐ြက္လ်က္ေနတယ္လို႔ သတင္းမွာ ေဖာ္ျပထားပါတယ္။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024