A d v e r t i s e m e n t With Us

ဘရဲဆစ် အချိန်ဆွဲခြင်းထက် သေတာက ပိုကောင်းဦးမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ပြော

ဘရဲဇစ်ကို အချိန်ဆွဲဖို့ထက် သေတာက ပိုကောင်းဦးမယ်လို့ ဗြိတိန်ဝန်ကြီးချုပ်  ဘောရစ်ဂျွန်ဆင်က စက်တင်ဘာလ ၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။ အင်္ဂလန်မြောက်ပိုင်း ဝိတ်ကီဖီး ရဲသင်တန်းကျောင်းမှာလုပ်တဲ့ မဲဆွယ်ပွဲမှာ  သတင်းထောက်တွေရဲ့တွေမေးမြန်းချက်ကို ဝန်ကြီးချုပ် ဂျွန်ဆင်က အခုလိုဖြေကြားခဲ့တာပါ။ အဲဒီမဲဆွယ်ပွဲဟာ ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့  ညီဖြစ်သူ အစိုးရအဖွဲ့ကနေ နုတ်ထွက်တာရဲ့ အရိပ်မည်း လွှမ်းနေပါတယ်။   ဂျိုဂျွန်ဆင်ဟာ ဥရောပသမဂ္ဂမှ  ဗြိတိန် နုတ်ထွက်ရေး (ဘရဲဆစ်) နဲ့ပတ်သက်ပြီး အစ်ကို ဖြစ်သူနဲ့ သဘောထားမတိုက်ဆိုင်လို့ အစိုးရအဖွဲ့ကနေ နုတ်ထွက်သွားတာပါ။  ဂျွန်ဆင်က ဘရဲဆစ်ကိစ္စဟာ မိသားစုတွင်းနဲ့ အားလုံးကို သဘောကွဲစေတဲ့ ပြဿနာဖြစ်တယ်လို့ ဆိုပါတယ်။  သဘောတူညီချက် ရရ၊ မရရ လာမယ့် အောက်တိုဘာ ၃၁ ရက်မှာ အီးယူကနေ နုတ်ထွက်မယ်လို့သူက ပြောထားပါတယ်။   အောက်တိုဘာ ၃၁ ရက်မှာ အီးယူကနေ နုတ်ထွက်မယ့်  ဂျွန်ဆင်ရဲ့ ကြိုးပမ်းချက်ကို ပါလီမန်အမတ်တွေ တားဆီးပြိးနောက်မှာ ဂျွန်ဆင်က ပါလီမန် ရွေးကောက်ပွဲတွေ စောကျင်းပဖို့ ကြိုးပမ်းနေပါတယ်။  အတိုက်အခံအမတ်တွေကတော့ ဘရဲဆစ် အချိန်ဆွဲမှာကို  ထောက်ခံတဲ့ ဥပဒေကြမ်း မပြဋ္ဌာန်းမချင်း အထွေထွေ ရွေးကောက်ပွဲကို ထောက်ခံမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
ဘရဲဆစ္ အခ်ိန္ဆြဲျခင္းထက္ ေသတာက ပိုေကာင္းဦးမည္ဟု ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေျပာ DVB ဘရဲဇစ္ကို အခ်ိန္ဆြဲဖို႔ထက္ ေသတာက ပိုေကာင္းဦးမယ္လို႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္က စက္တင္ဘာလ ၅ ရက္ေန႔မွာ ေျပာလိုက္ပါတယ္။ အဂၤလန္ေျမာက္ပိုင္း ဝိတ္ကီဖီး ရဲသင္တန္းေက်ာင္းမွာလုပ္တဲ့ မဲဆြယ္ပြဲမွာ သတင္းေထာက္ေတြရဲ႕ေတြေမးျမန္းခ်က္ကို ဝန္ႀကီးခ်ဳပ္ ဂြၽန္ဆင္က အခုလိုေျဖၾကားခဲ့တာပါ။ အဲဒီမဲဆြယ္ပြဲဟာ ဝန္ႀကီးခ်ဳပ္ ဂြၽန္ဆင္ရဲ႕ ညီျဖစ္သူ အစိုးရအဖြဲ႕ကေန ႏုတ္ထြက္တာရဲ႕ အရိပ္မည္း လႊမ္းေနပါတယ္။ ဂ်ိဳဂြၽန္ဆင္ဟာ ဥေရာပသမဂၢမွ ၿဗိတိန္ ႏုတ္ထြက္ေရး (ဘရဲဆစ္) နဲ႔ပတ္သက္ၿပီး အစ္ကို ျဖစ္သူနဲ႔ သေဘာထားမတိုက္ဆိုင္လို႔ အစိုးရအဖြဲ႕ကေန ႏုတ္ထြက္သြားတာပါ။ ဂြၽန္ဆင္က ဘရဲဆစ္ကိစၥဟာ မိသားစုတြင္းနဲ႔ အားလုံးကို သေဘာကြဲေစတဲ့ ျပႆနာျဖစ္တယ္လို႔ ဆိုပါတယ္။ သေဘာတူညီခ်က္ ရရ၊ မရရ လာမယ့္ ေအာက္တိုဘာ ၃၁ ရက္မွာ အီးယူကေန ႏုတ္ထြက္မယ္လို႔သူက ေျပာထားပါတယ္။ ေအာက္တိုဘာ ၃၁ ရက္မွာ အီးယူကေန ႏုတ္ထြက္မယ့္ ဂြၽန္ဆင္ရဲ႕ ႀကိဳးပမ္းခ်က္ကို ပါလီမန္အမတ္ေတြ တားဆီးၿပိးေနာက္မွာ ဂြၽန္ဆင္က ပါလီမန္ ေ႐ြးေကာက္ပြဲေတြ ေစာက်င္းပဖို႔ ႀကိဳးပမ္းေနပါတယ္။ အတိုက္အခံအမတ္ေတြကေတာ့ ဘရဲဆစ္ အခ်ိန္ဆြဲမွာကို ေထာက္ခံတဲ့ ဥပေဒၾကမ္း မျပ႒ာန္းမခ်င္း အေထြေထြ ေ႐ြးေကာက္ပြဲကို ေထာက္ခံမွာ မဟုတ္ဘူးလို႔ ေျပာထားပါတယ္။

A d v e r t i s e m e n t With Us

More News
Up