Home
မြန်မာသတင်း
ဒေါ်လာနှင့်ရွှေစျေးတက်မှု မစိုးရိမ်ကြရန် ဘဏ်များနှင့်ငွေကြေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ပြော
အောင်ဆန်းဦး
·
September 6, 2019
ဒေါ်လာစျေးနဲ့ ရွှေစျေးတက်မှုတွေအပေါ် မစိုးရိမ်ကြဖို့နဲ့ ဘဏ်နဲ့ပတ်သက်တဲ့ သတင်းတွေဟာလည်း နိုင်ငံတော်ရဲ့ ရှေ့ဆက်သွားနေတဲ့ လမ်းကြောင်းမှာ အနှောင့်အယှက် ဖြစ်စေဖို့ လုပ်ဆောင်မှုတွေသာ ဖြစ်တယ်လို့ ယူဆကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌက ပြောပါတယ်။ လက်တလော ဖြစ်ပေါ်နေတဲ့ ရွှေစျေးနှုန်းမြင့်တက်နေမှုနဲ့ ဒေါ်လာစျေးနှုန်းမြင့်တက်နေမှု တွေကြောင့် ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌအနေနဲ့ စက်တင်ဘာ ၅ ရက်နေ့က ဗဟိုဘဏ် ဥက္ကဋ္ဌထံကို သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး စက်တာဘာ ၆ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီးမှာ ဒီဗွီဘီသတင်းဌာနနက မေးမြန်းခဲ့တဲ့အပေါ် ကော်မတီဥက္ကဋ္ဌဖြစ်သူ ဒေါ်ခင်စန်းလှိုင်က အခုလို ပြောဆိုလိုက်တာပါ။ “တကယ်တမ်းစိုးရိမ်ရမယ်ဆိုရင် ဗဟိုဘဏ်ဘက်ကလည်း ထိန်းကျောင်းမှာ ဖြစ်သလို နိုင်ငံတော်အနေနဲ့ကလည်း ဒါနဲ့ပတ်သက်လို့ ပြည်သူလူထုတွေကို ထုတ်ပြန်ကြေညာပြီးတော့ ပေးသွားမှာဖြစ်ပါတယ်။ အခုအခြေအနေက မထိန်းနိုင်မသိမ်းနိုင်တဲ့ အခြေအနေတခုမဟုတ်ဘူး၊ သို့သော် ဒါကတော့ လက်ရှိအခြေအနေအရ ဂယက်ရိုက်မှုတခုသာဖြစ်တယ်၊ အဲဒါကြောင့် ကျမတို့ကလည်း ပြည်သူလူထုကို ပန်ကြားချင်တယ်၊ နောက်တခုက ဖြစ်ပေါ်နေတဲ့ ကောလာဟလတွေကို နိုင်ငံတော်ရဲ့ ရှေ့ဆက်သွားမယ် ဒီလုပ်ငန်းစဉ်တွေထဲမှာ အနှောင့်အယှက်တွေ ဖြစ်လာဖို့ရာအတွက်ကို မျှော်လင့်ပြီးလုပ်နေတယ်လို့ ကျမတို့ ယူဆတယ်။ အဲဒါကြောင့် ပြည်သူတွေက အစိုးရအပေါ် ယုံကြည်ပါ။ ဗဟိုဘဏ်နဲ့ ကျမတို့ လွှတ်တော်ကော်မတီနဲ့ကလည်း အမြဲတမ်းတွေ့ဆုံးပြီး အပြန်အလှန်ထိန်းကျောင်းနေတာမို့ အများကြီး စိုးရိမ်စရာမရှိပါဘူး။” ရွှေဈေးတက်မှုနဲ့ ဒေါ်လာစျေးမြင့်တက်နေမှုဟာ ကမ္ဘာ့ရွှေဈေးနဲ့ ဒေါ်လာစျေးမြင့်တက် လာခြင်းကြောင့်ဖြစ်ပြီး စိုးရိမ်ဖွယ်မရှိကြောင်းနဲ့ ဗဟိုဘဏ်အပါအဝင် ဘဏ်များအနေနဲ့လည်း ငွေကြေး အလုံအလောက်ရှိနေတဲ့အတွက် အချိန်ကာလတခုအထိသာ အများပြည်သူထံ ရိုက်ခက်စေမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်စိတ်မဖြစ်ပေါ်စေလိုကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌက ပြောဆိုခဲ့တယ်လို့ ဒေါ်ခင်စန်းလှိုင်က ဆိုပါတယ်။ စက်တင်ဘာ ၅ ရက်နေ့ကတော့ ရွှေတကျပ်သားကို ကျပ် ၁၃၂၀၀၀၀ အထိ စံချိန်တင် မြင့်တက်သွားခဲ့ပြီး ဒီနေ့မှာတော့ တကျပ်သားကို ၁၂၇၀၀၀၀ လောက် ပြန်လည်ကျဆင်းလာပါတယ်။
ေဒၚလာႏွင့္ေ႐ႊေစ်းတက္မႈ မစိုးရိမ္ၾကရန္ ဘဏ္မ်ားႏွင့္ေငြေၾကးဆိုင္ရာေကာ္မတီဥကၠ႒ ေျပာ ေအာင္ဆန္းဦး ေဒၚလာေစ်းနဲ႔ ေ႐ႊေစ်းတက္မႈေတြအေပၚ မစိုးရိမ္ၾကဖို႔နဲ႔ ဘဏ္နဲ႔ပတ္သက္တဲ့ သတင္းေတြဟာလည္း ႏိုင္ငံေတာ္ရဲ႕ ေရွ႕ဆက္သြားေနတဲ့ လမ္းေၾကာင္းမွာ အေႏွာင့္အယွက္ ျဖစ္ေစဖို႔ လုပ္ေဆာင္မႈေတြသာ ျဖစ္တယ္လို႔ ယူဆေၾကာင္း ျပည္သူ႔လႊတ္ေတာ္ ဘဏ္မ်ားႏွင့္ ေငြေၾကးေရးဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီဥကၠ႒က ေျပာပါတယ္။ လက္တေလာ ျဖစ္ေပၚေနတဲ့ ေ႐ႊေစ်းႏႈန္းျမင့္တက္ေနမႈနဲ႔ ေဒၚလာေစ်းႏႈန္းျမင့္တက္ေနမႈ ေတြေၾကာင့္ ဘဏ္မ်ားႏွင့္ ေငြေရးေၾကးေရးဆိုင္ရာ ေကာ္မတီဥကၠ႒အေနနဲ႔ စက္တင္ဘာ ၅ ရက္ေန႔က ဗဟိုဘဏ္ ဥကၠ႒ထံကို သြားေရာက္ေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။ ေတြ႕ဆုံေဆြးေႏြးခဲ့တဲ့ အေျခအေနေတြနဲ႔ပတ္သက္ၿပီး စက္တာဘာ ၆ ရက္ေန႔ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးအၿပီးမွာ ဒီဗြီဘီသတင္းဌာနနက ေမးျမန္းခဲ့တဲ့အေပၚ ေကာ္မတီဥကၠ႒ျဖစ္သူ ေဒၚခင္စန္းလႈိင္က အခုလို ေျပာဆိုလိုက္တာပါ။ “တကယ္တမ္းစိုးရိမ္ရမယ္ဆိုရင္ ဗဟိုဘဏ္ဘက္ကလည္း ထိန္းေက်ာင္းမွာ ျဖစ္သလို ႏိုင္ငံေတာ္အေနနဲ႔ကလည္း ဒါနဲ႔ပတ္သက္လို႔ ျပည္သူလူထုေတြကို ထုတ္ျပန္ေၾကညာၿပီးေတာ့ ေပးသြားမွာျဖစ္ပါတယ္။ အခုအေျခအေနက မထိန္းႏိုင္မသိမ္းႏိုင္တဲ့ အေျခအေနတခုမဟုတ္ဘူး၊ သို႔ေသာ္ ဒါကေတာ့ လက္ရွိအေျခအေနအရ ဂယက္႐ိုက္မႈတခုသာျဖစ္တယ္၊ အဲဒါေၾကာင့္ က်မတို႔ကလည္း ျပည္သူလူထုကို ပန္ၾကားခ်င္တယ္၊ ေနာက္တခုက ျဖစ္ေပၚေနတဲ့ ေကာလာဟလေတြကို ႏိုင္ငံေတာ္ရဲ႕ ေရွ႕ဆက္သြားမယ္ ဒီလုပ္ငန္းစဥ္ေတြထဲမွာ အေႏွာင့္အယွက္ေတြ ျဖစ္လာဖို႔ရာအတြက္ကို ေမွ်ာ္လင့္ၿပီးလုပ္ေနတယ္လို႔ က်မတို႔ ယူဆတယ္။ အဲဒါေၾကာင့္ ျပည္သူေတြက အစိုးရအေပၚ ယုံၾကည္ပါ။ ဗဟိုဘဏ္နဲ႔ က်မတို႔ လႊတ္ေတာ္ေကာ္မတီနဲ႔ကလည္း အၿမဲတမ္းေတြ႕ဆုံးၿပီး အျပန္အလွန္ထိန္းေက်ာင္းေနတာမို႔ အမ်ားႀကီး စိုးရိမ္စရာမရွိပါဘူး။” ေ႐ႊေဈးတက္မႈနဲ႔ ေဒၚလာေစ်းျမင့္တက္ေနမႈဟာ ကမာၻ႔ေ႐ႊေဈးနဲ႔ ေဒၚလာေစ်းျမင့္တက္ လာျခင္းေၾကာင့္ျဖစ္ၿပီး စိုးရိမ္ဖြယ္မရွိေၾကာင္းနဲ႔ ဗဟိုဘဏ္အပါအဝင္ ဘဏ္မ်ားအေနနဲ႔လည္း ေငြေၾကး အလုံအေလာက္ရွိေနတဲ့အတြက္ အခ်ိန္ကာလတခုအထိသာ အမ်ားျပည္သူထံ ႐ိုက္ခက္ေစမွာျဖစ္တာေၾကာင့္ ျပည္သူေတြအေနနဲ႔ စိုးရိမ္စိတ္မျဖစ္ေပၚေစလိုေၾကာင္း ဗဟိုဘဏ္ ဥကၠ႒က ေျပာဆိုခဲ့တယ္လို႔ ေဒၚခင္စန္းလႈိင္က ဆိုပါတယ္။ စက္တင္ဘာ ၅ ရက္ေန႔ကေတာ့ ေ႐ႊတက်ပ္သားကို က်ပ္ ၁၃၂၀၀၀၀ အထိ စံခ်ိန္တင္ ျမင့္တက္သြားခဲ့ၿပီး ဒီေန႔မွာေတာ့ တက်ပ္သားကို ၁၂၇၀၀၀၀ ေလာက္ ျပန္လည္က်ဆင္းလာပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024