Live
Home
မြန်မာသတင်း
တိုက်ကြီးတွင် တောဆင်ရိုင်းဝင်ရောက်၊ နေအိမ်တလုံး ဖျက်ဆီးခံရ
DVB
·
September 6, 2019
ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်၊ ဆင်စခန်းကျေးရွာအုပ်စု၊ ကန်သာယာကျေးရွာအတွင်း စက်တင်ဘာ ၅ ရက်နေ့ည ၁၀ နာရီကျော်အချိန်က တောဆင်ရိုင်းတကောင် ဝင်ရောက်ဖျက်ဆီးခဲ့တာကြောင့် အိမ်တလုံးအနည်းငယ်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဆင်စခန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ညိုက "ည ၁၀ နာရီကျော်လောက်မှာ ဝင်လာပြီး အိမ်ကိုဝင်ဖျက်တာ၊ အပျက်အစီးတော့ နည်းနည်းဖြစ်သွားတယ်။ ရွာထဲက လူတွေစုပြီး ခြောက်မောင်းလိုက်လို့ ပြန်ထွက်သွားတယ်။  ဆင်က ခဏခဏဝင်တယ်။ ရွာထဲကို ဝင်သလို ရွာအပြင်က စိုက်ခင်းတွေကိုလည်း ဝင်စားသောက်ဖျက်ဆီးတာတွေလည်းရှိတယ်။ ဆင်တွေက တကောင်ကနေ နှစ်ကောင် ငါးကောင်အထိ ဝင်တာတွေလည်းရှိတယ်” လို့ ပြောပါတယ်။ သြဂုတ် ၂၆ ရက်နေ့က စဉ့််ကူးကျေးရွာက တောင်သူ ဦးစိုးနိုင် စိုက်ပျိုးထားတဲ့ စပါးခင်းတွေကို တောဆင်ရိုင်းတွေ အုပ်စုလိုက်ဝင်ရောက်စားသောက်ဖျက်ဆီးခဲ့တဲ့အတွက် ၅ ဧကကျော် ပျက်စီးခဲ့ပါတယ်။ ယခင်က‌ တောဆင်ရိုင်းတွေက စပါးပေါ်ချိန်နဲ့ ကြံပေါ်ချိန်တွေမှာ ဝင်ရောက်ခဲ့ပေမဲ့ အခုနောက်ပိုင်းမှာ ကျေးရွာတွေအတွင်းကို မကြာခဏ ဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သတင်း - မေသွယ်
တိုက္ႀကီးတြင္ ေတာဆင္႐ိုင္းဝင္ေရာက္၊ ေနအိမ္တလုံးဖ်က္ဆီးခံရ DVB ရန္ကုန္တိုင္း တိုက္ႀကီးၿမိဳ႕နယ္၊ ဆင္စခန္းေက်း႐ြာအုပ္စု၊ ကန္သာယာေက်း႐ြာအတြင္း စက္တင္ဘာ ၅ ရက္ေန႔ည ၁၀ နာရီေက်ာ္အခ်ိန္က ေတာဆင္႐ိုင္းတေကာင္ ဝင္ေရာက္ဖ်က္ဆီးခဲ့တာေၾကာင့္ အိမ္တလုံးအနည္းငယ္ပ်က္စီးခဲ့တယ္လို႔ သိရပါတယ္။ ဆင္စခန္းေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးခင္ညိဳက "ည ၁၀ နာရီေက်ာ္ေလာက္မွာ ဝင္လာၿပီး အိမ္ကိုဝင္ဖ်က္တာ၊ အပ်က္အစီးေတာ့ နည္းနည္းျဖစ္သြားတယ္။ ႐ြာထဲက လူေတြစုၿပီး ေျခာက္ေမာင္းလိုက္လို႔ ျပန္ထြက္သြားတယ္။ ဆင္က ခဏခဏဝင္တယ္။ ႐ြာထဲကို ဝင္သလို ႐ြာအျပင္က စိုက္ခင္းေတြကိုလည္း ဝင္စားေသာက္ဖ်က္ဆီးတာေတြလည္းရွိတယ္။ ဆင္ေတြက တေကာင္ကေန ႏွစ္ေကာင္ ငါးေကာင္အထိ ဝင္တာေတြလည္းရွိတယ္” လို႔ ေျပာပါတယ္။ ၾသဂုတ္ ၂၆ ရက္ေန႔က စဥ့္္ကူးေက်း႐ြာက ေတာင္သူ ဦးစိုးႏိုင္ စိုက္ပ်ိဳးထားတဲ့ စပါးခင္တးကို ေတာဆင္႐ိုင္ေတြ အုပ္စုလိုက္ဝင္ေရာက္စားေသာက္ဖ်က္ဆီးခဲ့တဲ့အတြက္ ၅ ဧကေက်ာ္ ပ်က္စီးခဲ့ပါတယ္။ ယခင္က‌ ေတာဆင္႐ိုင္းေတြက စပါးေပၚခ်ိန္နဲ႔ ႀကံေပၚခ်ိန္ေတြမွာ ဝင္ေရာက္ခဲ့ေပမဲ့ အခုေနာက္ပိုင္းမွာ ေက်း႐ြာေတြအတြင္းကို မၾကာခဏ ဝင္ေရာက္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ သတင္း - ေမသြယ္

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024