ထိုင်းနိုင်ငံရဲ့ ဘုရင်ကို အကြည်ညိုပျက်စေမှု ဥပဒေ
DVB
·
December 20, 2012

ဒီဇင်ဘာလထဲမှာပဲ ထိုင်းဘုရင်ကြီး ဘူမိဘော အဒူယာဒတ်ရဲ့ သက်တော် ၈၅ နှစ်ပြည့်သွားပါတယ်။ ဘန်ကောက်မြို့တော်ရဲ့ လမ်းမတွေပေါ်မှာ လူတွေ ထောင်နဲ့ ချီစုရုံးပြီး ဘုရင်ကြီးရဲ့ မွေးနေ့ပွဲကို ဆင်နွှဲခဲ့ကြပါတယ်။ နန်းသက် ၆၆ နှစ်အတွင်းမှာ ဘုရင်ကြီး ဘူမိဘောကို ထိုင်းပြည်သူတွေတော်တော်များများ က လေးစားကြည်ညိုကြပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံမှာ ဘုရင်ကို အသရေဖျက်တဲ့ ဥပဒေကို ကျူးလွန်ရင်တော့ ပြင်းပြင်းထန်ထန် အပြစ်ဒဏ်ခံရတတ်ပါတယ်။ ဒီဥပဒေကို ပြင်ဆင်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အစိုးရကို တိုက်တွန်းထားနေပေမယ့် အစိုးရကတော့ ပြင်ဖို့ အစီအစဉ် မရှိလို့ ဆိုနေပါတယ်။
ဒီအကြောင်း ဘန်ကောက်ကနေ ခန်နီကာ ပစ်ခွိုင်းက သတင်းဆောင်းပါးပေးပို့ထားပါတယ်။