ဇင်ဘာဘွေအာဏာရှင် သမ္မတဟောင်း မူဂါဘီ ကွယ်လွန်

1.9K
အာဏာရှင်ခေါင်းဆောင်တဦးအဖြစ် ထင်ရှားခဲ့တဲ့ ဇင်ဘာဘွေနိုင်ငံ သမ္မတဟောင်း ရောဘတ်မူဂါဘီဟာ အသက် ၉၅ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
သူသေဆုံးတဲ့ သတင်းကို မိသားစုဝင်တွေက အတည်ပြုဖြေကြားလိုက်တာဖြစ်ပြီး မူဂါဘီဟာ ပြီးခဲ့တဲ့ ဧပြီလကတည်းက စင်ကာပူနိုင်ငံမှာ ဆေးကုသမှုခံယူနေခဲ့တာလို့ ဘီဘီစီသတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။
မူဂါဘီဟာ ဗြိတိန်ရဲ့ လက်အောက်ကနေ ဇင်ဘာဘွေက လွတ်မြောက်ခဲ့ပြီးနောက် ၁၉၈၀ ပြည့်နှစ် ပထမဆုံး ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး အာဏာရရှိခဲ့တာပါ။
၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာတော့ လက်ရှိသမ္မတ အမ်မာဆင်မူနာဂါဂွာက စစ်တပ်ရဲ့ ကျောထောက်နောက်ခံပြုပေးမှုနဲ့ အာဏာကို လွှဲပြောင်းရယူလိုက်တဲ့အတွက် မူဂါဘီရဲ့ ၃၇ နှစ်ကြာ အုပ်စိုးမှု အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။
မူနာဂါဂွါက မူဂါဘီရဲ့ နာရေးသတင်းအပေါ် အတိုင်းမသိ ဝမ်းနည်းကြေကွဲရကြောင်း တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ရေးသားခဲ့ပြီး ဇင်ဘာဘွေနိုင်ငံ လွတ်မြောက်ရေးရဲ့ ဖခင်ကြယ်ပွင့်လို့ တင်စားပြောဆိုခဲ့တာပါ။
ဇင္ဘာေဘြအာဏာရွင္ သမၼတေဟာင္း မူဂါဘီ ကြယ္လြန္ DVB အာဏာရွင္ေခါင္းေဆာင္တဦးအျဖစ္ ထင္ရွားခဲ့တဲ့ ဇင္ဘာေဘြႏိုင္ငံ သမၼတေဟာင္း ေရာဘတ္မူဂါဘီဟာ အသက္ ၉၅ ႏွစ္အ႐ြယ္မွာ ကြယ္လြန္သြားခဲ့ပါတယ္။ သူေသဆုံးတဲ့ သတင္းကို မိသားစုဝင္ေတြက အတည္ျပဳေျဖၾကားလိုက္တာျဖစ္ၿပီး မူဂါဘီဟာ ၿပီးခဲ့တဲ့ ဧၿပီလကတည္းက စင္ကာပူႏိုင္ငံမွာ ေဆးကုသမႈခံယူေနခဲ့တာလို႔ ဘီဘီစီသတင္းမွာ ဒီကေန႔ေဖာ္ျပပါတယ္။ မူဂါဘီဟာ ၿဗိတိန္ရဲ႕ လက္ေအာက္ကေန ဇင္ဘာေဘြက လြတ္ေျမာက္ခဲ့ၿပီးေနာက္ ၁၉၈၀ ျပည့္ႏွစ္ ပထမဆုံး ေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိခဲ့ၿပီး အာဏာရရွိခဲ့တာပါ။ ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာလမွာေတာ့ လက္ရွိသမၼတ အမ္မာဆင္မူနာဂါဂြာက စစ္တပ္ရဲ႕ ေက်ာေထာက္ေနာက္ခံျပဳေပးမႈနဲ႔ အာဏာကို လႊဲေျပာင္းရယူလိုက္တဲ့အတြက္ မူဂါဘီရဲ႕ ၃၇ ႏွစ္ၾကာ အုပ္စိုးမႈ အဆုံးသတ္သြားခဲ့တာ ျဖစ္ပါတယ္။ မူနာဂါဂြါက မူဂါဘီရဲ႕ နာေရးသတင္းအေပၚ အတိုင္းမသိ ဝမ္းနည္းေၾကကြဲရေၾကာင္း တြစ္တာလူမႈကြန္ရက္စာမ်က္ႏွာေပၚမွတဆင့္ ေရးသားခဲ့ၿပီး ဇင္ဘာေဘြႏိုင္ငံ လြတ္ေျမာက္ေရးရဲ႕ ဖခင္ၾကယ္ပြင့္လို႔ တင္စားေျပာဆိုခဲ့တာပါ။