Home
မြန်မာသတင်း
ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်အခမ်းအနား အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ကျင်းပမည်
ဇေယျာချမ်းအေး
·
September 6, 2019
ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပမယ်လို့ သိရပါတယ်။ ကမာရွတ်မြို့နယ်မှာရှိတဲ့ ရန်ကုန်တက္ကသိုလ်ကို အင်္ဂလိပ်ကိုလိုနီလက်ထက် ၁၉၂၀ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။  လာမယ့် ၂၀၂၀ ခုနှစ်ကြရင် ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်အခမ်းအနားကို ကျင်ပသွားဖို့ရှိပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်တင်ဘာ ၆ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တက္ကသိုလ် သစ်ပုပ်ပင်ကို မြို့ပြအမွေအနှစ် အပြာရောင် ကမ္ပည်းပြား တပ်ဆင်ပွဲမှာပြောပါတယ်။ “တက္ကသိုလ်ကြီးစခဲ့တာကိုက နှစ်တရာပြည့်တော့မှာဖြစ်ပါတယ်။ နှစ်ပေါင်းတစ်ရာကျော် အဆောက်အဦတွေ ဒီထဲမှာရှိနေပါတယ်။ ပညာရေးဝန်ကြီးရဲ့ဦးဆောင်မှုနဲ့ တက္ကသိုလ်ကြီးတွေကို ပိုပြီးကောင်းမွန်အောင် ဆောင်ရွက်နေပါတယ်။ လာမယ့်နှစ်တစ်ရာပြည့်အခမ်းအနားပွဲကိုလည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကျနော်တို့ရဲ့ပညာရေးမှာ ပထမဆုံးပေါ်ထွန်းလာတဲ့ တက္ကသိုလ်ကြီးဖြစ်တဲ့အတွက် ရှေ့ဆက်မြှင့်တင်နိုင်ရေး အစီအစဉ်တွေ ဆောင်ရွက်သွားဖို့ရှိပါတယ်” လို့ ဦးဖြိုး မင်းသိန်းကပြောပါတယ်။ ရန်ကုန်တက္ကသိုလ်နှစ်တရာပြည့် အခမ်းအနားဆောင်ရွက်ဖို့ ပြင်ဆင်နေတာတွေရှိသလို တက္ကသိုလ်ဝင်းအတွင်းက ရှေးဟောင်းအဆောက်အအုံတွေကို နိုင်ငံတကာက ပညာရှင်တွေ ဧည့်သည်တွေ လေ့လာနိုင်အောင်လည်း ပြင်ဆင်နေပါတယ်။  ရန်ကုန်မြို့က တက္ကသိုလ်တွေ တပြေးညီတိုးတက်ဖို့နဲ့ ထိန်းသိမ်းသင့်တဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းဖို့လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
ရန္ကုန္တကၠသိုလ္ ႏွစ္တစ္ရာျပည့္အခမ္းအနား အတိုင္ပင္ခံပုဂၢိဳလ္ ဦးေဆာင္က်င္းပမည္ ေဇယ်ာခ်မ္းေအး ရန္ကုန္တကၠသိုလ္ ႏွစ္တစ္ရာျပည့္အခမ္းအနားကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ဥကၠ႒အျဖစ္ ဦးေဆာင္က်င္းပမယ္လို႔ သိရပါတယ္။ ကမာ႐ြတ္ၿမိဳ႕နယ္မွာရွိတဲ့ ရန္ကုန္တကၠသိုလ္ကို အဂၤလိပ္ကိုလိုနီလက္ထက္ ၁၉၂၀ ခုႏွစ္မွာ စတင္ဖြင့္လွစ္ခဲ့တာပါ။ လာမယ့္ ၂၀၂၀ ခုႏွစ္ၾကရင္ ရန္ကုန္တကၠသိုလ္ ႏွစ္တစ္ရာျပည့္အခမ္းအနားကို က်င္ပသြားဖို႔ရွိၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဦးေဆာင္သြားမယ္လို႔ ရန္ကုန္တိုင္းေဒသႀကီးဝန္ ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက စက္တင္ဘာ ၆ ရက္ေန႔က က်င္းပတဲ့ ရန္ကုန္တကၠသိုလ္ သစ္ပုပ္ပင္ကို ၿမိဳ႕ျပအေမြအႏွစ္ အျပာေရာင္ ကမၸည္းျပား တပ္ဆင္ပြဲမွာေျပာပါတယ္။ “တကၠသိုလ္ႀကီးစခဲ့တာကိုက ႏွစ္တရာျပည့္ေတာ့မွာျဖစ္ပါတယ္။ ႏွစ္ေပါင္းတစ္ရာေက်ာ္ အေဆာက္အဦေတြ ဒီထဲမွာရွိေနပါတယ္။ ပညာေရးဝန္ႀကီးရဲ႕ဦးေဆာင္မႈနဲ႔ တကၠသိုလ္ႀကီးေတြကို ပိုၿပီးေကာင္းမြန္ေအာင္ ေဆာင္႐ြက္ေနပါတယ္။ လာမယ့္ႏွစ္တစ္ရာျပည့္အခမ္းအနားပြဲကိုလည္း ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ဥကၠ႒အျဖစ္ ဦးေဆာင္ၿပီးေတာ့ က်ယ္က်ယ္ျပန႔္ျပန႔္နဲ႔ က်ေနာ္တို႔ရဲ႕ပညာေရးမွာ ပထမဆုံးေပၚထြန္းလာတဲ့ တကၠသိုလ္ႀကီးျဖစ္တဲ့အတြက္ ေရွ႕ဆက္ျမႇင့္တင္ႏိုင္ေရး အစီအစဥ္ေတြ ေဆာင္႐ြက္သြားဖို႔ရွိပါတယ္” လို႔ ဦးၿဖိဳး မင္းသိန္းကေျပာပါတယ္။ ရန္ကုန္တကၠသိုလ္ႏွစ္တရာျပည့္ အခမ္းအနားေဆာင္႐ြက္ဖို႔ ျပင္ဆင္ေနတာေတြရွိသလို တကၠသိုလ္ဝင္းအတြင္းက ေရွးေဟာင္းအေဆာက္အအုံေတြကို ႏိုင္ငံတကာက ပညာရွင္ေတြ ဧည့္သည္ေတြ ေလ့လာႏိုင္ေအာင္လည္း ျပင္ဆင္ေနပါတယ္။ ရန္ကုန္ၿမိဳ႕က တကၠသိုလ္ေတြ တေျပးညီတိုးတက္ဖို႔နဲ႔ ထိန္းသိမ္းသင့္တဲ့ အေမြအႏွစ္ေတြကို ထိန္းသိမ္းဖို႔လည္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ရန္ကုန္ၿမိဳ႕ျပအေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕နဲ႔ ပူးေပါင္းေဆာင္႐ြက္ေနပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024