Home
မြန်မာသတင်း
ဘဏ်များတွင် ငွေကြေးအလုံအလောက်ရှိ၍ ပြည်သူများ စိတ်မပူကြရန် ဗဟိုဘဏ်ပြော
နေဖြိုးဝင်း
·
September 6, 2019
ဘဏ်တွေမှာ ငွေကြေးအလုံအလောက်ရှိပြီသားဖြစ်တာကြောင့် ပြည်သူတွေတွေအနေနဲ့ စိတ်ပူစရာမလိုဘူးလို့ ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမင်းက ပြောကြားလိုက်ပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းဝေးမှာ မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌက အခုလို ပြန်လည်ဖြေဆိုလိုက်တာဖြစ်ပါတယ်။ "တကယ်တမ်းက ဘဏ်တွေမှာကျတော့ ဒီလောက်ပူစရာလည်း မလိုဘူး။ ဘဏ်တွေမှာ ငွေက ပြည့်ပြည့်စုံစုံ ရှိပြီးသား။ ခုနကပြောသလိုပဲ ထရီလီယံနဲ့ချီ ရှိပြီးသား။ တို့ Society က ငွေသုံးတဲ့ Society ဖြစ်တဲ့အတွက် ဘဏ်တွေကငွေတွေ အဆင်သင့်ရှိနေပြီးသား။ အမြဲတမ်း ဖြန့်ထားပြီးသားဖြစ်တဲ့အတွက် ဒါတွေကတော့ ပူစရာမရှိပါဘူး။ ဘာတွေကြီးကြပ်နေလဲ ဆိုတော့ အမြဲတမ်းကြီးကြပ်နေတယ်။ အဲဒါလေးကို စိတ်မပူအောင်လို့တော့ ပြည်သူတွေကို သတင်းပေးဖို့ လိုပါတယ်" လို့ ဦးစိုးမင်းက ဆိုပါတယ်။ အဆင်ပြေအောင် အားလုံးနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ တာဝန်ရှိသူတွေကလည်း ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ ဘဏ်ကနေ ငွေတွေထုတ်ပြီး ရွှေတွေဝယ်ကြလို့ ရွှေစျေးတက်တယ်၊ ဒေါ်လာစျေးတက်တယ်လို့ ပြောဆိုနေကြတာတွေဟာ အကြောင်းတရားတခုအနေနဲ့ ပြောဆိုနေကြတာတွေသာဖြစ်ပြီး ဘဏ်တွေမှာ ငွေကြေး အလုံအလောက်ရှိပြီးသားဖြစ်တဲ့အတွက် ငွေတွေ ထုတ်မယ်ဆိုလည်း ပြဿနာမရှိဘူးလို့ ဒုတိယဥက္ကဋ္ဌက ဆိုပါတယ်။ မနေ့က ပဲခူးတိုင်းဒေသကြီးက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့ တွေ့ဆုံတာမှာလည်း လတ်တလောဘဏ်တွေနဲ့ပတ်သက်ပြီး သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ပြည်သူတွေအနေနဲ့ စိတ်မပူဖို့နဲ့ သတင်းတွေထွက်ပေါ်နေတဲ့အတိုင်း ဖြစ်လာစရာအကြောင်းလည်း မရှိဘူးဆိုတာကို ပြည်သူတွေသိအောင် ရှင်းပြဖို့ မှာကြားလိုက်တယ်လို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။
ဘဏ္မ်ားတြင္ ေငြေၾကးအလုံအေလာက္ရွိ၍ ျပည္သူမ်ား စိတ္မပူၾကရန္ ဗဟိုဘဏ္ေျပာ ေနၿဖိဳးဝင္း ဘဏ္ေတြမွာ ေငြေၾကးအလုံအေလာက္ရွိၿပီသားျဖစ္တာေၾကာင့္ ျပည္သူေတြေတြအေနနဲ႔ စိတ္ပူစရာမလိုဘူးလို႔ ဗဟိုဘဏ္ဒုတိယ ဥကၠ႒ ဦးစိုးမင္းက ေျပာၾကားလိုက္ပါတယ္။ စက္တင္ဘာလ ၆ ရက္ေန႔ ျပည္ေထာင္စုလႊတ္ေတာ္အစည္းေဝးမွာ မီဒီယာေတြရဲ႕ ေမးျမန္းခ်က္ေတြကို ဗဟိုဘဏ္ဒုတိယ ဥကၠ႒က အခုလို ျပန္လည္ေျဖဆိုလိုက္တာျဖစ္ပါတယ္။ "တကယ္တမ္းက ဘဏ္ေတြမွာက်ေတာ့ ဒီေလာက္ပူစရာလည္း မလိုဘူး။ ဘဏ္ေတြမွာ ေငြက ျပည့္ျပည့္စုံစုံ ရွိၿပီးသား။ ခုနကေျပာသလိုပဲ ထရီလီယံနဲ႔ခ်ီ ရွိၿပီးသား။ တို႔ Society က ေငြသုံးတဲ့ Society ျဖစ္တဲ့အတြက္ ဘဏ္ေတြကေငြေတြ အဆင္သင့္ရွိေနၿပီးသား။ အၿမဲတမ္း ျဖန႔္ထားၿပီးသားျဖစ္တဲ့အတြက္ ဒါေတြကေတာ့ ပူစရာမရွိပါဘူး။ ဘာေတြႀကီးၾကပ္ေနလဲ ဆိုေတာ့ အၿမဲတမ္းႀကီးၾကပ္ေနတယ္။ အဲဒါေလးကို စိတ္မပူေအာင္လို႔ေတာ့ ျပည္သူေတြကို သတင္းေပးဖို႔ လိုပါတယ္" လို႔ ဦးစိုးမင္းက ဆိုပါတယ္။ အဆင္ေျပေအာင္ အားလုံးနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္ဖို႔ တာဝန္ရွိသူေတြကလည္း ၫႊန္ၾကားထားတယ္လို႔ ေျပာပါတယ္။ ဘဏ္ကေန ေငြေတြထုတ္ၿပီး ေ႐ႊေတြဝယ္ၾကလို႔ ေ႐ႊေစ်းတက္တယ္၊ ေဒၚလာေစ်းတက္တယ္လို႔ ေျပာဆိုေနၾကတာေတြဟာ အေၾကာင္းတရားတခုအေနနဲ႔ ေျပာဆိုေနၾကတာေတြသာျဖစ္ၿပီး ဘဏ္ေတြမွာ ေငြေၾကး အလုံအေလာက္ရွိၿပီးသားျဖစ္တဲ့အတြက္ ေငြေတြ ထုတ္မယ္ဆိုလည္း ျပႆနာမရွိဘူးလို႔ ဒုတိယဥကၠ႒က ဆိုပါတယ္။ မေန႔က ပဲခူးတိုင္းေဒသႀကီးက လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံတို႔ ေတြ႕ဆုံတာမွာလည္း လတ္တေလာဘဏ္ေတြနဲ႔ပတ္သက္ၿပီး သတင္းေတြထြက္ေပၚေနတဲ့အေပၚ ျပည္သူေတြအေနနဲ႔ စိတ္မပူဖို႔နဲ႔ သတင္းေတြထြက္ေပၚေနတဲ့အတိုင္း ျဖစ္လာစရာအေၾကာင္းလည္း မရွိဘူးဆိုတာကို ျပည္သူေတြသိေအာင္ ရွင္းျပဖို႔ မွာၾကားလိုက္တယ္လို႔ ပဲခူးတိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္တဦးက ေျပာပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024