Home
မြန်မာသတင်း
စာတိုက်အွန်လိုင်းရောင်းဝယ်ရေးဝန်ဆောင်မှုတွင် လိမ်လည်မှုများ ရှိနေဟု ထုတ်ပြန်ကြေညာ
DVB
·
September 6, 2019
မြန်မာ့စာတိုက်လုပ်ငန်းရဲ့ ပစ္စည်းရောက်မှ ငွေကောက်ခံပေးခြင်း (Cash On Delivery Service) ဝန်ဆောင်မှုကိုသုံးပြီး လိမ်နေတဲ့သူတွေရှိနေတယ်လို့ သက်ဆိုင်ရာက ကြေညာထား ပါတယ်။ မြန်မာ့စာတိုက်လုပ်ငန်းဟာ Online Shopping ရောင်းဝယ်နေမှုမှာ ပစ္စည်းရောက်မှ ငွေကောက်ခံပေးခြင်း (Cash On Delivery Service) ကို  ဆောင်ရွက်ပေးနေပါတယ်။ မသမာသူအချို့က  မဲပေါက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့  ပစ္စည်းတွေ လိမ်လည်ရောင်းချ တာ၊ တားမြစ်ပစ္စည်းဖြစ်တဲ့ ရွှေထည်တွေ ပေးပို့မယ်ဆိုပြီး ဖန်စီပစ္စည်း လိမ်လည်ရောင်းချတာတွေ  စိစစ်တွေ့ရှိခဲ့ပါတယ်။ ဒီ့အတွက် မြန်မာ့စာတိုက်လုပ်ငန်းကနေ အဲ့ဒီလိုလိမ်လည်ရောင်းချသူတွေကို  ရာသက်ပန် ပေးပို့ခွင့်ပိတ်ပင်ပြီး အရေးယူခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့ အွန်လိုင်းသုံး ဈေးဝယ်ရာမှာပဲဖြစ်ဖြစ်၊ မဲပေါက်တယ်လို့  ဖုန်းနဲ့ လိမ်ညာ ရောင်းချ လာရင်ဖြစ်ဖြစ် လိမ်လည်မှု၊ မသမာမှုတစုံတရာ တွေ့ရှိရင် မြန်မာ့စာတိုက်ကို သတင်းပို့ တိုင်ကြားနိုင်ကြပါတယ်။ မြန်မာ့စာတိုက်လုပ်ငန်းရဲ့ Customer Care ဖုန်းအမှတ် ၀၆၇- ၃၄၂၀၈၈၈ ကိုဖြစ်စေ၊ myanmarpost [email protected] ကို ဖြစ်ဖြစ်၊ Facebook Page ရဲ့  messenger ကနေဖြစ်ဖြစ် သတင်းပေးပို့ တိုင်ကြားနိုင်ပါတယ်လို့ မြန်မာ့စာတိုက်လုပ်ငန်းက ထုတ်ပြန်ကြေညာ ထားပါတယ်။ မြန်မာ့စာတိုက်လုပ်ငန်းဟာ ကုန်ပစ္စည်းပါဆယ်ပေးပို့ခြင်းလုပ်ငန်းကိုလည်း တိုးချဲ့လက်ခံ လုပ်ဆောင်ပေးနေပြီး‌ တနေ့ကို ကုန်ပစ္စည်းအလေးချိန်ပေါင်း ကီလိုဂရမ် ၂၀၀၀ နီးပါးအထိ ပေးပို့နေရပါတယ်။
စာတိုက္အြန္လိုင္းေရာင္းဝယ္ေရးဝန္ေဆာင္မႈတြင္ လိမ္လည္မႈမ်ား ရွိေနဟု ထုတ္ျပန္ေၾကညာ ဒီဗြီဘီ ျမန္မာ့စာတိုက္လုပ္ငန္းရဲ႕ ပစၥည္းေရာက္မွ ေငြေကာက္ခံေပးျခင္း (Cash On Delivery Service) ဝန္ေဆာင္မႈကိုသုံးၿပီး လိမ္ေနတဲ့သူေတြရွိေနတယ္လို႔ သက္ဆိုင္ရာက ေၾကညာထား ပါတယ္။ ျမန္မာ့စာတိုက္လုပ္ငန္းဟာ Online Shopping ေရာင္းဝယ္ေနမႈမွာ ပစၥည္းေရာက္မွ ေငြေကာက္ခံေပးျခင္း (Cash On Delivery Service) ကို ေဆာင္႐ြက္ေပးေနပါတယ္။ မသမာသူအခ်ိဳ႕က မဲေပါက္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ပစၥည္းေတြ လိမ္လည္ေရာင္းခ် တာ၊ တားျမစ္ပစၥည္းျဖစ္တဲ့ ေ႐ႊထည္ေတြ ေပးပို႔မယ္ဆိုၿပီး ဖန္စီပစၥည္း လိမ္လည္ေရာင္းခ်တာေတြ စိစစ္ေတြ႕ရွိခဲ့ပါတယ္။ ဒီ့အတြက္ ျမန္မာ့စာတိုက္လုပ္ငန္းကေန အဲ့ဒီလိုလိမ္လည္ေရာင္းခ်သူေတြကို ရာသက္ပန္ ေပးပို႔ခြင့္ပိတ္ပင္ၿပီး အေရးယူခဲ့ပါတယ္။ ျပည္သူေတြအေနနဲ႔ အြန္လိုင္းသုံး ေဈးဝယ္ရာမွာပဲျဖစ္ျဖစ္၊ မဲေပါက္တယ္လို႔ ဖုန္းနဲ႔ လိမ္ညာ ေရာင္းခ် လာရင္ျဖစ္ျဖစ္ လိမ္လည္မႈ၊ မသမာမႈတစုံတရာ ေတြ႕ရွိရင္ ျမန္မာ့စာတိုက္ကို သတင္းပို႔ တိုင္ၾကားႏိုင္ၾကပါတယ္။ ျမန္မာ့စာတိုက္လုပ္ငန္းရဲ႕ Customer Care ဖုန္းအမွတ္ ၀၆၇- ၃၄၂၀၈၈၈ ကိုျဖစ္ေစ၊ myanmarpost [email protected] ကို ျဖစ္ျဖစ္၊ Facebook Page ရဲ႕ messenger ကေနျဖစ္ျဖစ္ သတင္းေပးပို႔ တိုင္ၾကားႏိုင္ပါတယ္လို႔ ျမန္မာ့စာတိုက္လုပ္ငန္းက ထုတ္ျပန္ေၾကညာ ထားပါတယ္။ ျမန္မာ့စာတိုက္လုပ္ငန္းဟာ ကုန္ပစၥည္းပါဆယ္ေပးပို႔ျခင္းလုပ္ငန္းကိုလည္း တိုးခ်ဲ႕လက္ခံ လုပ္ေဆာင္ေပးေနၿပီး‌ တေန႔ကို ကုန္ပစၥည္းအေလးခ်ိန္ေပါင္း ကီလိုဂရမ္ ၂၀၀၀ နီးပါးအထိ ေပးပို႔ေနရပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024