ရွှေ့ပြောင်းဒုက္ခသည်များနှင့် မက္ကဆီကိုလုံခြုံရေးတပ်ဖွဲ့ဝင်များ အဓိကရုဏ်းဖြစ်

မက္ကဆီကိုနိုင်ငံ တောင်ပိုင်းမှာ စက်တင်ဘာ ၅ ရက်နေ့က နိုင်ငံမြောက်ပိုင်းကို သွားလာခွင့်ဗီဇာပေးရေး တောင်းဆိုတာနဲ့ ပတ်သက်ပြီး ဟေတီနိုင်ငံသားတွေ၊ အာဖရိက ရွှေ့ပြောင်းဒုက္ခသည်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား အဓိကရုဏ်းဖြစ်ခဲ့ပါတယ်။  လက်ရှိမှာ မက္ကဆီကိုအာဏာပိုင်တွေဟာ မက္ကဆီကိုနယ်စပ်ကနေတဆင့် အမေရိကန်ရိကန်ထဲကို ဝင်ဖို့ ကြိုးစားတဲ့ ဒုက္ခသည်အရေအတွက် လျှော့ချဖို့ ကြိုးစားနေကြတာပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ဒုက္ခသည်တွေကို လျော့ချဖို့ မက္ကဆီကိုအစိုးရကို တောင်းဆိုထားပြီး အဲဒီလိုမှ မဟုတ်ရင် မက္ကဆီရဲ့ ကုန်သွယ်ရေးအပေါ် အခွန်စည်းကြပ်နိုင်တယ်လို့ ခြိမ်းခြောက်ထားပါတယ်။  မက္ကဆီကိုအစိုးရဟာ အမေရိကန်ရဲ့ ခြိမ်းခြောက်မှုကြောင့် မူဝါဒတွေ ပြောင်းလဲခဲ့တယ်ဆိုတဲ့ အချက်ကို ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ပေမယ့် သူ့နိုင်ငံထဲရောက်လာတဲ့ ပြည်ပရွှေ့ပြောင်းဒုက္ခသည်တွေကို နိုင်ငံတွင်းမှာ လွတ်လွတ်လပ်လပ်သွားလာခွင့်ပြုတဲ့ လူသားချင်းစာနာမှု ပြည်ဝင်ခွင့်ပေးတာကိုတော့ တဖြည်းဖြည်း လျှော့ချလိုက်ပုံရတယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြပါတယ်။  ပြည်ဝင်ခွင့် တရားဝင်အထောက်အထား စာရွက်စာတမ်းမရှိရင် ဒုက္ခသည်တွေအနေနဲ့ နှောင်ယှက်တိုက်ခိုက်ခံရနိုင်တဲ့အပြင် အာဏာပိုင်တွေရဲ့ နေရပ်ပြန်ပို့တာ ခံရနိုင်ပါတယ်။  သက်ကြီးနိုင်ငံသားတွေနဲ့ အုပ်ထိန်းသူမပါဘဲ ရောက်လာတဲ့ အရွယ်မရောက်သေးသူတွေကို ဦးစားပေး ပြည်ဝင်ခွင့်ပေးသွားမှာဖြစ်ပြီး တခြားသူတွေကိုတော့ နေရပ်ပြန်ပို့သွားမယ်လို့ မက္ကဆီကို လူဝင်မှုကြီးကြပ်ရေးဌာနက ပြောပါတယ်။  အဲဒီရွေ့ပြောင်းဒုက္ခသည်တွေဟာ ဂွါတီမာလာနဲ့ နယ်စပ် မက္ကဆီကိုတောင်ပိုင်းက တာပါချူလာမြို့ကို ရောက်နေတာ လနဲ့ချီကြာနေပြီ ဖြစ်ပါတယ်။ 
ေ႐ႊ႕ေျပာင္းဒုကၡသည္မ်ားႏွင့္ မကၠဆီကိုလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား အဓိက႐ုဏ္းျဖစ္ DVB မကၠဆီကိုႏိုင္ငံ ေတာင္ပိုင္းမွာ စက္တင္ဘာ ၅ ရက္ေန႔က ႏိုင္ငံေျမာက္ပိုင္းကို သြားလာခြင့္ဗီဇာေပးေရး ေတာင္းဆိုတာနဲ႔ ပတ္သက္ၿပီး ေဟတီႏိုင္ငံသားေတြ၊ အာဖရိက ေ႐ႊ႕ေျပာင္းဒုကၡသည္ေတြနဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြအၾကား အဓိက႐ုဏ္းျဖစ္ခဲ့ပါတယ္။ လက္ရွိမွာ မကၠဆီကိုအာဏာပိုင္ေတြဟာ မကၠဆီကိုနယ္စပ္ကေနတဆင့္ အေမရိကန္ရိကန္ထဲကို ဝင္ဖို႔ ႀကိဳးစားတဲ့ ဒုကၡသည္အေရအတြက္ ေလွ်ာ့ခ်ဖို႔ ႀကိဳးစားေနၾကတာပါ။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကလည္း ဒုကၡသည္ေတြကို ေလ်ာ့ခ်ဖို႔ မကၠဆီကိုအစိုးရကို ေတာင္းဆိုထားၿပီး အဲဒီလိုမွ မဟုတ္ရင္ မကၠဆီရဲ႕ ကုန္သြယ္ေရးအေပၚ အခြန္စည္းၾကပ္ႏိုင္တယ္လို႔ ၿခိမ္းေျခာက္ထားပါတယ္။ မကၠဆီကိုအစိုးရဟာ အေမရိကန္ရဲ႕ ၿခိမ္းေျခာက္မႈေၾကာင့္ မူဝါဒေတြ ေျပာင္းလဲခဲ့တယ္ဆိုတဲ့ အခ်က္ကို ျပင္းျပင္းထန္ထန္ ျငင္းဆိုခဲ့ေပမယ့္ သူ႔ႏိုင္ငံထဲေရာက္လာတဲ့ ျပည္ပေ႐ႊ႕ေျပာင္းဒုကၡသည္ေတြကို ႏိုင္ငံတြင္းမွာ လြတ္လြတ္လပ္လပ္သြားလာခြင့္ျပဳတဲ့ လူသားခ်င္းစာနာမႈ ျပည္ဝင္ခြင့္ေပးတာကိုေတာ့ တျဖည္းျဖည္း ေလွ်ာ့ခ်လိုက္ပုံရတယ္လို႔ ႐ိုက္တာသတင္းဌာနမွာ ေဖာ္ျပပါတယ္။ ျပည္ဝင္ခြင့္ တရားဝင္အေထာက္အထား စာ႐ြက္စာတမ္းမရွိရင္ ဒုကၡသည္ေတြအေနနဲ႔ ေႏွာင္ယွက္တိုက္ခိုက္ခံရႏိုင္တဲ့အျပင္ အာဏာပိုင္ေတြရဲ႕ ေနရပ္ျပန္ပို႔တာ ခံရႏိုင္ပါတယ္။ သက္ႀကီးႏိုင္ငံသားေတြနဲ႔ အုပ္ထိန္းသူမပါဘဲ ေရာက္လာတဲ့ အ႐ြယ္မေရာက္ေသးသူေတြကို ဦးစားေပး ျပည္ဝင္ခြင့္ေပးသြားမွာျဖစ္ၿပီး တျခားသူေတြကိုေတာ့ ေနရပ္ျပန္ပို႔သြားမယ္လို႔ မကၠဆီကို လူဝင္မႈႀကီးၾကပ္ေရးဌာနက ေျပာပါတယ္။ အဲဒီေ႐ြ႕ေျပာင္းဒုကၡသည္ေတြဟာ ဂြါတီမာလာနဲ႔ နယ္စပ္ မကၠဆီကိုေတာင္ပိုင္းက တာပါခ်ဴလာၿမိဳ႕ကို ေရာက္ေနတာ လနဲ႔ခ်ီၾကာေနၿပီ ျဖစ္ပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up