Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း သစ်တောအတွင်း ကျူးမြေများကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးရေး လုပ်နေ
Aung Ko Latt
·
September 6, 2019
စစ်ကိုင်းတိုင်းအတွင်း သစ်တောဦးစီးဌာနရဲ့ ထိန်းသိမ်းမှုအောက်မှာရှိတဲ့ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောအတွင်းက အစုအဖွဲ့လိုက်ရှိနေတဲ့ ကျေးရွာမြေ၊ လယ်မြေနဲ့ သာသနာမြေ၊ အများပိုင်မြေတွေကို စိစစ်ကာ သစ်တောမြေအဖြစ်ကနေ ပယ်ဖျက်ပေးနိုင်အောင် လုပ်ဆောင်နေတယ်လို့ တိုင်းသစ်တောဦးစီးဌာနက ပြောပါတယ်။ စစ်ကိုင်းတိုင်းအတွင်း သစ်တောမြေဧက ၉၃ သိန်းကျော်ရှိပြီး အဲဒီထဲက သစ်တောအတွင်း ကျူးကျော်ကာ နေထိုင်တာ၊ လယ်ယာစိုက်ပျိုးမွေးမြူရေးလုပ်ဆောင်တာ အပါအဝင် သစ်တောကျူးဧကပေါင်း ၄၁၇၈၀၀ ဧကကျော်ရှိနေပါတယ်။  အဲဒီထဲက သစ်တောမြေအတွင်းပါဝင်ခဲ့တဲ့ လယ်မြေ ၂၃၆၈၀ ဧကကျော်၊ ရွာမြေ ၃၅၂၉ ဧကကျော်၊ သာသနာနဲ့ အများပိုင်မြေ ၂၂၄၆ ဧကကျော်ကို သစ်တောမြေအဖြစ်ကနေ ပယ်ဖျက်ခဲ့ပြီးဖြစ်ပါတယ်။  ပယ်ဖျက်ဖို့ ကျန်ရှိနေတဲ့ ပြန့်ကျဲတောတိုက်၊ တဲစုတွေရဲ့ လယ်မြေ ၉၆၄၂ ဧကကျော်နဲ့ အနီးအနားကျေးရွာတွေက ကျူးကျော်လယ်မြေ ၄၇၇၅၂ ဧကကျော်ကိုလည်း စိစစ်နေပါတယ်လို့ ဆိုပါတယ်။  ကျန်ရှိနေတဲ့ မြေတွေကိုလည်း စိစစ်နေပြီး စက်တင်ဘာ ၁၅ ရက်နေ့မတိုင်မီ ဝန်ကြီးဌာနကို တင်ပြနိုင်အောင် လုပ်ဆောင်နေတယ်လို့ တိုင်းသစ်တောဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ "ပြည်ထောင်စုဝန်ကြီးရုံးရဲ့ အမိန့်နဲ့ သစ်တောကျူးအတွင်းက ဧကပေါင်း ၂၉၄၅၀ ကျော်ကို သစ်တောမြေအဖြစ်ကနေ ပယ်ဖျက်ပေးထားပြီးဖြစ်ပါတယ်။ ကျန်တာတွေကိုလည်း စိစစ်နေပါတယ်။ ယာမြေတွေကိုတော့ သစ်တောပြန်ဖြစ်နိုင်သေးတဲ့အတွက် ပယ်ဖျက်တဲ့ စာရင်းမှာ မပါပါဘူး။ ယာမြေ ၁ ဧကကို အပင် ၁၅၀ ရောနှောစိုက်ခင်း ဒါမှမဟုတ် အစုအဖွဲ့ပိုင်သစ်တော စိုက်ဖို့ လုပ်ဆောင်နေပါတယ်။ လက်မခံရင်တော့ တရားစွဲဆိုတာတွေ လုပ်ဆောင်ရမှာပါ။ လက်ရှိမှာလည်း သစ်တောဥပဒေနဲ့ တရားစွဲဆိုထားတာတွေ ရှိပါတယ်" လို့ စစ်ကိုင်းတိုင်းသစ်တောဦးစီးဌာန ညွှန်ကြားရေးမှုး ဦးသန်းစိုးက ပြောပါတယ်။ တိုင်းအတွင်းက သစ်တောမြေတွေအတွင်း အိမ်ခြေ ၅၀ အထက် ပြည်ထဲရေးအမည်ပေါက်ကျေးရွာ ၁၀၂ ရွာ၊ ဧကပေါင်း ၅၄၆၀၀ ကျော်ရှိပြီး အိမ်ခြေ ၅၀ အောက်ကျေးရွာ ၇၂ ရွာရှိကာ ဧကပေါင်း ၃၃၇၀၀၀ ကျော်ရှိပါတယ်။  သစ်တောကျူးတွေကို ကန့်ဘလူခရိုင်နှင့် ကသာခရိုင်တွေမှာ အများဆုံးဖြစ်ပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ ကျူးကျော်သူတွေကိုတော့ သစ်တောဥပဒေပုဒ်မ ၄၀(က) အရ တရားစွဲဆိုနေပြီး ၂၀၁၇-၁၈ ခုနှစ်မှာ တရားစွဲဆိုမှု ၁၂ မှုနှင့် ၂၀၁၈-၁၉ ခုနှစ်အတွင်း ဒီနေ့အထိ ၁၃ မှု ရှိတယ်လို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သစ်တောကြိုးဝိုင်း ၁၆၁ ခု စုစုပေါင်းဧရိယာ ၅၀ ဧကသိန်းကျော်၊ ကြိုးပြင်ကာကွယ်တော ၁၀၄ ခု စုစုပေါင်းဧရိယာ ၁၆ ဧကသိန်းကျော်နှင့် သဘာဝထိန်းသိမ်းနယ်မြေ တည်ထောင်ပြီး ၅ ခုနှင့် အဆိုပြု ၅ ခု စုစုပေါင်း ဧရိယာ ၂၆ ဧကသိန်းကျော်ရှိကာ စစ်ကိုင်းတိုင်းအတွင်း သစ်တောနယ်မြေ စုစုပေါင်း ၉၃ ဧကသိန်းကျော်ရှိပြီး သစ်တောမြေဖွဲ့စည်းနိုင်မှု တိုင်းဧရိယာရဲ့ ၄၀%ရှိတယ်လို့ သစ်တောဦးစီးဌာနက သိရပါတယ်။
စစ္ကိုင္းတိုင္း သစ္ေတာအတြင္း က်ဴးေျမမ်ားကို သစ္ေတာေျမအျဖစ္မွ ပယ္ဖ်က္ေပးေရး လုပ္ေန ေအာင္ကိုလတ္ စစ္ကိုင္းတိုင္းအတြင္း သစ္ေတာဦးစီးဌာနရဲ႕ ထိန္းသိမ္းမႈေအာက္မွာရွိတဲ့ ႀကိဳးဝိုင္း၊ ႀကိဳးျပင္ကာကြယ္ေတာအတြင္းက အစုအဖြဲ႕လိုက္ရွိေနတဲ့ ေက်း႐ြာေျမ၊ လယ္ေျမနဲ႔ သာသနာေျမ၊ အမ်ားပိုင္ေျမေတြကို စိစစ္ကာ သစ္ေတာေျမအျဖစ္ကေန ပယ္ဖ်က္ေပးႏိုင္ေအာင္ လုပ္ေဆာင္ေနတယ္လို႔ တိုင္းသစ္ေတာဦးစီးဌာနက ေျပာပါတယ္။ စစ္ကိုင္းတိုင္းအတြင္း သစ္ေတာေျမဧက ၉၃ သိန္းေက်ာ္ရွိၿပီး အဲဒီထဲက သစ္ေတာအတြင္း က်ဴးေက်ာ္ကာ ေနထိုင္တာ၊ လယ္ယာစိုက္ပ်ိဳးေမြးျမဴေရးလုပ္ေဆာင္တာ အပါအဝင္ သစ္ေတာက်ဴးဧကေပါင္း ၄၁၇၈၀၀ ဧကေက်ာ္ရွိေနပါတယ္။ အဲဒီထဲက သစ္ေတာေျမအတြင္းပါဝင္ခဲ့တဲ့ လယ္ေျမ ၂၃၆၈၀ ဧကေက်ာ္၊ ႐ြာေျမ ၃၅၂၉ ဧကေက်ာ္၊ သာသနာနဲ႔ အမ်ားပိုင္ေျမ ၂၂၄၆ ဧကေက်ာ္ကို သစ္ေတာေျမအျဖစ္ကေန ပယ္ဖ်က္ခဲ့ၿပီးျဖစ္ပါတယ္။ ပယ္ဖ်က္ဖို႔ က်န္ရွိေနတဲ့ ျပန႔္က်ဲေတာတိုက္၊ တဲစုေတြရဲ႕ လယ္ေျမ ၉၆၄၂ ဧကေက်ာ္နဲ႔ အနီးအနားေက်း႐ြာေတြက က်ဴးေက်ာ္လယ္ေျမ ၄၇၇၅၂ ဧကေက်ာ္ကိုလည္း စိစစ္ေနပါတယ္လို႔ ဆိုပါတယ္။ က်န္ရွိေနတဲ့ ေျမေတြကိုလည္း စိစစ္ေနၿပီး စက္တင္ဘာ ၁၅ ရက္ေန႔မတိုင္မီ ဝန္ႀကီးဌာနကို တင္ျပႏိုင္ေအာင္ လုပ္ေဆာင္ေနတယ္လို႔ တိုင္းသစ္ေတာဦးစီးဌာန တာဝန္ရွိသူက ေျပာပါတယ္။ "ျပည္ေထာင္စုဝန္ႀကီး႐ုံးရဲ႕ အမိန႔္နဲ႔ သစ္ေတာက်ဴးအတြင္းက ဧကေပါင္း ၂၉၄၅၀ ေက်ာ္ကို သစ္ေတာေျမအျဖစ္ကေန ပယ္ဖ်က္ေပးထားၿပီးျဖစ္ပါတယ္။ က်န္တာေတြကိုလည္း စိစစ္ေနပါတယ္။ ယာေျမေတြကိုေတာ့ သစ္ေတာျပန္ျဖစ္ႏိုင္ေသးတဲ့အတြက္ ပယ္ဖ်က္တဲ့ စာရင္းမွာ မပါပါဘူး။ ယာေျမ ၁ ဧကကို အပင္ ၁၅၀ ေရာေႏွာစိုက္ခင္း ဒါမွမဟုတ္ အစုအဖြဲ႕ပိုင္သစ္ေတာ စိုက္ဖို႔ လုပ္ေဆာင္ေနပါတယ္။ လက္မခံရင္ေတာ့ တရားစြဲဆိုတာေတြ လုပ္ေဆာင္ရမွာပါ။ လက္ရွိမွာလည္း သစ္ေတာဥပေဒနဲ႔ တရားစြဲဆိုထားတာေတြ ရွိပါတယ္" လို႔ စစ္ကိုင္းတိုင္းသစ္ေတာဦးစီးဌာန ၫႊန္ၾကားေရးမႈး ဦးသန္းစိုးက ေျပာပါတယ္။ တိုင္းအတြင္းက သစ္ေတာေျမေတြအတြင္း အိမ္ေျခ ၅၀ အထက္ ျပည္ထဲေရးအမည္ေပါက္ေက်း႐ြာ ၁၀၂ ႐ြာ၊ ဧကေပါင္း ၅၄၆၀၀ ေက်ာ္ရွိၿပီး အိမ္ေျခ ၅၀ ေအာက္ေက်း႐ြာ ၇၂ ႐ြာရွိကာ ဧကေပါင္း ၃၃၇၀၀၀ ေက်ာ္ရွိပါတယ္။ သစ္ေတာက်ဴးေတြကို ကန႔္ဘလူခ႐ိုင္ႏွင့္ ကသာခ႐ိုင္ေတြမွာ အမ်ားဆုံးျဖစ္ၿပီး ၂၀၁၃ ခုႏွစ္ေနာက္ပိုင္းမွာ က်ဴးေက်ာ္သူေတြကိုေတာ့ သစ္ေတာဥပေဒပုဒ္မ ၄၀(က) အရ တရားစြဲဆိုေနၿပီး ၂၀၁၇-၁၈ ခုႏွစ္မွာ တရားစြဲဆိုမႈ ၁၂ မႈႏွင့္ ၂၀၁၈-၁၉ ခုႏွစ္အတြင္း ဒီေန႔အထိ ၁၃ မႈ ရွိတယ္လို႔ ဆိုပါတယ္။ စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း သစ္ေတာႀကိဳးဝိုင္း ၁၆၁ ခု စုစုေပါင္းဧရိယာ ၅၀ ဧကသိန္းေက်ာ္၊ ႀကိဳးျပင္ကာကြယ္ေတာ ၁၀၄ ခု စုစုေပါင္းဧရိယာ ၁၆ ဧကသိန္းေက်ာ္ႏွင့္ သဘာဝထိန္းသိမ္းနယ္ေျမ တည္ေထာင္ၿပီး ၅ ခုႏွင့္ အဆိုျပဳ ၅ ခု စုစုေပါင္း ဧရိယာ ၂၆ ဧကသိန္းေက်ာ္ရွိကာ စစ္ကိုင္းတိုင္းအတြင္း သစ္ေတာနယ္ေျမ စုစုေပါင္း ၉၃ ဧကသိန္းေက်ာ္ရွိၿပီး သစ္ေတာေျမဖြဲ႕စည္းႏိုင္မႈ တိုင္းဧရိယာရဲ႕ ၄၀%ရွိတယ္လို႔ သစ္ေတာဦးစီးဌာနက သိရပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024