Home
ရုပ်သံ
ညှို့အားပြင်း ဂျေလိုနှင့် Crazy Rich Asians မင်းသမီး ကွန်းစတန့်ဝူတို့ပါဝင်သည့် Hustlers ရုပ်ရှင် (နမူနာ)
DVB
·
September 6, 2019
ဝါရင့်အဆိုတော် သရုပ်ဆောင်မင်းသမီး ဂျနီဖာလိုပက်ဇ်နဲ့ အာရှနွယ်ဖွားသရုပ် ဆောင်မင်းသမီး ကွန်းစတန့်ဝူတို့ ပါဝင်ထားကြတဲ့ Hustlers ရုပ်ရှင်ကားကို လာမယ့် သီတင်းပတ်ထဲမှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။ စွဲမက်ဖွယ် ကောက်ကြောင်းနဲ့ ညှို့အားပြင်းအလှကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် သရုပ်ဆောင်မင်းသမီး ဂျနီဖာလိုပက်ဇ်နဲ့ မကြာသေးခင်ကမှ Crazy Rich Asians ရုပ်ရှင်ကားနဲ့ အောင်မြင်လာခဲ့သူ အာရှနွယ်ဖွား သရုပ်ဆောင်မင်းသမီး ကွန်းစတန့်ဝူတို့ရဲ့ ခုလိုပေါင်းစည်းမှုဟာ ပရိသတ်တွေအတွက်တော့ စိတ်ဝင်စားစရာ ဖြစ်နေခဲ့တာပါ။ ဖြစ်ရပ်မှန်ဒရာမာဇာတ်မြူး ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ ဒီရုပ်ရှင်ကားကိုတော့ အမေ ရိကန်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Lorene Scafaria က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပြီး STX Films ကနေ ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ ၂၀၁၅ ခုနှစ်က နာမည်ကျော် နယူးယော့ခ်မဂ္ဂဇင်းမှာ ပါဝင်ခဲ့တဲ့ ဆောင်းပါးရှင် Jessica Pressler ရဲ့ “The Hustlers at Scores” ဆိုတဲ့ ဆောင်းပါးကို ရုပ်ရှင်အနေနဲ့ အသက်သွင်းပုံဖော်လိုက်တာ ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်လွန်ကာလတွေတုန်းက နယူးယော့ခ်စီးတီးမှာ နေထိုင်ခဲ့တဲ့ တိုင်းတပါးမှ အမျိုးသမီးအကအဖွဲ့တခုဟာ သူတို့အပေါ် ငွေကြေး၊ အရက်တို့ကြောင့် နှိပ်စက်အနိုင်ကျင့်ခဲ့ကြတဲ့ ငှားရမ်းသူ သူဌေးတွေထံကနေ ဘဏ်ခရက်ဒစ်ကတ်တွေ ယူဆောင်ခဲ့ကြပြီး ကလဲ့စားချေကြတဲ့အကြောင်းတွေကို ဇာတ်အိမ်တည်ရိုက်ကူးထားခဲ့တာပါ။ ဒီကားထဲမှာ သူတို့ ၂ ဦးအပြင် တခြားဟောလိဝုဒ်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Julia Stiles၊ Keke Palmer၊ Lili Reinhart၊ Lizzo နဲ့ အဆိုတော် Cardi B စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ ပြုလုပ်ခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိထားခဲ့ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာသန်း ၂၀ နဲ့ ၃၀ ကြား အကုန်အကျခံ ရိုက်ကူးထားပြီး Box Office မှာတော့ ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် ဝင်ငွေအမေရိကန်ဒေါ်လာ ၂၄ သန်းကနေ ၂၆ သန်းကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီရုပ်ရှင်ကားထဲမှာပါဝင်တဲ့ လိင်ပိုင်းဆိုင်ရာ အဖော်အချွတ်ဇာတ်ဝင်ခန်းတွေ၊ ပြ ကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကိုကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ယူကျုဘ်ပေါ်မှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့တာဖြစ်ပြီး ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့တာပါ။ ကြာမြင့်ချိန် မိနစ် ၁၁၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် စက်တင်ဘာလ ၁၃ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ညႇိဳ႕အားျပင္း ေဂ်လိုႏွင့္ Crazy Rich Asians မင္းသမီး ကြန္းစတန႔္ဝူတို႔ပါဝင္သည့္ Hustlers ႐ုပ္ရွင္ (နမူနာ) DVB ဝါရင့္အဆိုေတာ္ သ႐ုပ္ေဆာင္မင္းသမီး ဂ်နီဖာလိုပက္ဇ္နဲ႔ အာရွႏြယ္ဖြားသ႐ုပ္ ေဆာင္မင္းသမီး ကြန္းစတန႔္ဝူတို႔ ပါဝင္ထားၾကတဲ့ Hustlers ႐ုပ္ရွင္ကားကို လာမယ့္ သီတင္းပတ္ထဲမွာ ႐ုံတင္ျပသသြားဖို႔ ရွိေနပါတယ္။ စြဲမက္ဖြယ္ ေကာက္ေၾကာင္းနဲ႔ ညႇိဳ႕အားျပင္းအလွကို ပိုင္ဆိုင္ထားတဲ့ အဆိုေတာ္ သ႐ုပ္ေဆာင္မင္းသမီး ဂ်နီဖာလိုပက္ဇ္နဲ႔ မၾကာေသးခင္ကမွ Crazy Rich Asians ႐ုပ္ရွင္ကားနဲ႔ ေအာင္ျမင္လာခဲ့သူ အာရွႏြယ္ဖြား သ႐ုပ္ေဆာင္မင္းသမီး ကြန္းစတန႔္ဝူတို႔ရဲ႕ ခုလိုေပါင္းစည္းမႈဟာ ပရိသတ္ေတြအတြက္ေတာ့ စိတ္ဝင္စားစရာ ျဖစ္ေနခဲ့တာပါ။ ျဖစ္ရပ္မွန္ဒရာမာဇာတ္ျမဴး ႐ုပ္ရွင္အမ်ိဳးအစားျဖစ္တဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ အေမ ရိကန္အမ်ိဳးသမီး ႐ုပ္ရွင္ဒါ႐ိုက္တာ Lorene Scafaria က ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ၿပီး STX Films ကေန ျဖန႔္ခ်ိေပးသြားမွာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းဟာ ၂၀၁၅ ခုႏွစ္က နာမည္ေက်ာ္ နယူးေယာ့ခ္မဂၢဇင္းမွာ ပါဝင္ခဲ့တဲ့ ေဆာင္းပါးရွင္ Jessica Pressler ရဲ႕ “The Hustlers at Scores” ဆိုတဲ့ ေဆာင္းပါးကို ႐ုပ္ရွင္အေနနဲ႔ အသက္သြင္းပုံေဖာ္လိုက္တာ ျဖစ္ပါတယ္။ ၂၀၀၀ ျပည့္လြန္ကာလေတြတုန္းက နယူးေယာ့ခ္စီးတီးမွာ ေနထိုင္ခဲ့တဲ့ တိုင္းတပါးမွ အမ်ိဳးသမီးအကအဖြဲ႕တခုဟာ သူတို႔အေပၚ ေငြေၾကး၊ အရက္တို႔ေၾကာင့္ ႏွိပ္စက္အႏိုင္က်င့္ခဲ့ၾကတဲ့ ငွားရမ္းသူ သူေဌးေတြထံကေန ဘဏ္ခရက္ဒစ္ကတ္ေတြ ယူေဆာင္ခဲ့ၾကၿပီး ကလဲ့စားေခ်ၾကတဲ့အေၾကာင္းေတြကို ဇာတ္အိမ္တည္႐ိုက္ကူးထားခဲ့တာပါ။ ဒီကားထဲမွာ သူတို႔ ၂ ဦးအျပင္ တျခားေဟာလိဝုဒ္သ႐ုပ္ေဆာင္ေတြျဖစ္ၾကတဲ့ Julia Stiles၊ Keke Palmer၊ Lili Reinhart၊ Lizzo နဲ႔ အဆိုေတာ္ Cardi B စတဲ့ သ႐ုပ္ေဆာင္ေတြလည္း ပါဝင္ထားၾကပါတယ္။ ဒီ႐ုပ္ရွင္ကားရဲ႕ အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၇ ရက္ေန႔က နာမည္ႀကီး ႐ုပ္ရွင္ပြဲေတာ္တခုျဖစ္တဲ့ Toronto International Film Festival မွာ ျပဳလုပ္ခဲ့ၿပီး ခ်ီးက်ဴးမႈေတြလည္း ရရွိထားခဲ့ပါတယ္။ ဒီ႐ုပ္ရွင္ကားကိုေတာ့ ဘတ္ဂ်တ္အေမရိကန္ေဒၚလာသန္း ၂၀ နဲ႔ ၃၀ ၾကား အကုန္အက်ခံ ႐ိုက္ကူးထားၿပီး Box Office မွာေတာ့ ႐ုံတင္ျပသမယ့္ ပထမသီတင္းပတ္မွာတင္ ဝင္ေငြအေမရိကန္ေဒၚလာ ၂၄ သန္းကေန ၂၆ သန္းၾကား ရရွိႏိုင္မယ္လို႔ ခန႔္မွန္းထားပါတယ္။ ဒီ႐ုပ္ရွင္ကားထဲမွာပါဝင္တဲ့ လိင္ပိုင္းဆိုင္ရာ အေဖာ္အခြၽတ္ဇာတ္ဝင္ခန္းေတြ၊ ျပ ကြင္းျပကြက္ေတြနဲ႔ ေျပာစကား Dialog ေတြက အသက္ ၁၇ ႏွစ္ေအာက္ ကေလးငယ္ေတြ ၾကည့္ရႈဖို႔ မသင့္ေတာ္တာမို႔ ဒီကားကိုၾကည့္မယ္ဆိုရင္ေတာ့ မိဘအုပ္ထိန္းသူ ခြင့္ျပဳခ်က္နဲ႔မွ ၾကည့္ရႈသင့္တဲ့ Restricted R အဆင့္ သတ္မွတ္ထားပါတယ္။ ယူက်ဳဘ္ေပၚမွာေတာ့ ဒီ႐ုပ္ရွင္ကား Trailer ဟာ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ သန္းနဲ႔ခ်ီ ရွိေနခဲ့တာျဖစ္ၿပီး ပရိသတ္ေတြၾကားမွာ ေရပန္းစားေနခဲ့တာပါ။ ၾကာျမင့္ခ်ိန္ မိနစ္ ၁၁၀ ရွိတဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ လာမယ့္ စက္တင္ဘာလ ၁၃ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာ ျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024