ဖေ့စ်ဘွတ်ခ်ပေါ်မှတဆင့် ဒိတ်(Date)လုပ်နိုင်မည့် ဝန်ဆောင်မှု အမေရိကန်တွင် စတင်မိတ်ဆက်

ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်ကနေတဆင့် ဒိတ် (Date) လုပ်နိုင်မယ့် ဝန်ဆောင်မှုကို ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက အမေရိကန်နိုင်ငံမှာ စတင်မိတ်ဆက်လိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီနေ့ ဖော်ပြပါတယ်။ အသုံးပြုသူတွေအနေနဲ့ သူတိုရဲ့ အင်စတာဂရမ်နဲ့ ဖေ့စ်ဘွတ်ခ်အကောင့်တွေက နေတဆင့် ဒီ Feature ကို ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပြီး မိမိတို့သဘောကျနှစ်သက်သူတွေကို Secret Crush ဆိုတဲ့ List ထဲမှာ ထားနိုင်မယ်လို့ ဆိုပါတယ်။  အဲဒီ Feature ကနေတဆင့် နှစ်ဦးနှစ်ဘက် စိတ်ဝင်စားကြပြီး သဘောကျနှစ်သက်တဲ့ အရိပ်အယောင်ရှိသူတွေ၊ Profile အချင်းချင်း ကိုက်ညီမှုရှိသူတွေကို ဖေ့စ်ဘွတ်ခ်က အသိပေး Alert လုပ်ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။ ခုလို ဒိတ်လုပ်လို့ရမယ့် ဒီ Feature ကို အသုံးပြုနေတာတွေကို ကိုယ်မသိစေလိုတဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ်စာမျက်နှာနဲ့ လှုပ်ရှားမှုတွေမှာတော့ မြင်တွေ့နေရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီဝန်ဆောင်မှုကို အသုံးပြုဖို့အတွက် Dating Profile အနေနဲ့ မြင်တွေ့ရဖို့ အသုံး ပြုသူတွေအနေနဲ့ အသက် ၁၈ နှစ်နဲ့အထက် ဖြစ်ဖို့ လိုအပ်တယ်လို့ ဖေ့စ်ဘွတ်ခ်က ပြောပါတယ်။ ဒါဟာ ဖေ့စ်ဘွတ်ခ်ကနေ ထပ်မံတိုးချဲ့လိုက်တဲ့ ဝန်ဆောင်မှုအသစ်ဖြစ်လာခဲ့ပြီး အင်တာနက်ပေါ်မှတဆင့် ဒိတ်လုပ်နိုင်တဲ့ ဝန်ဆောင်မှုလုပ်ငန်းဦးဆောင်သူ Match Group နဲ့ ပြိုင်ဆိုင်ရဖို့ အလားအလာတွေ ရှိလာတော့မှာပါ။ Match Group အနေနဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ မှာ Tinder ၊ OkCupid  နဲ့ Plenty of Fish စတဲ့ အွန်လိုင်းပေါ်မှတဆင့် ဒိတ်လုပ်နိုင်တဲ့ ဝက်ဘ်ဆိုဒ်တွေ တည်ထောင်ထားပြီး နေ့စဉ်အသုံးပြုသူသန်း ၅၀ လောက်ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။ ဖေ့စ်ဘွတ်ခ်ကတော့ သူတို့ရဲ့ ဒိတ်လုပ်နိုင်တဲ့ ဒီဝန်ဆောင်မှုကို ဥရောပနိုင်ငံတွေကို ၂၀၂၀ ပြည့်နှစ်အစောပိုင်းမှာ အသုံးပြုနိုင်ဖို့ လုပ်ဆောင်ပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ေဖ့စ္ဘြတ္ခ္ေပၚမွတဆင့္ ဒိတ္(Date)လုပ္ႏိုင္မည့္ ဝန္ေဆာင္မႈ အေမရိကန္တြင္ စတင္မိတ္ဆက္ DVB ေဖ့စ္ဘြတ္ခ္အင္တာနက္ လူမႈကြန္ရက္စာမ်က္ႏွာေပၚကေနတဆင့္ ဒိတ္ (Date) လုပ္ႏိုင္မယ့္ ဝန္ေဆာင္မႈကို ေဖ့စ္ဘြတ္ခ္ကုမၸဏီက အေမရိကန္ႏိုင္ငံမွာ စတင္မိတ္ဆက္လိုက္တယ္လို႔ ဘန္ေကာက္ပို႔စ္သတင္းမွာ ဒီေန႔ ေဖာ္ျပပါတယ္။ အသုံးျပဳသူေတြအေနနဲ႔ သူတိုရဲ႕ အင္စတာဂရမ္နဲ႔ ေဖ့စ္ဘြတ္ခ္အေကာင့္ေတြက ေနတဆင့္ ဒီ Feature ကို ခ်ိတ္ဆက္အသုံးျပဳႏိုင္မွာျဖစ္ၿပီး မိမိတို႔သေဘာက်ႏွစ္သက္သူေတြကို Secret Crush ဆိုတဲ့ List ထဲမွာ ထားႏိုင္မယ္လို႔ ဆိုပါတယ္။ အဲဒီ Feature ကေနတဆင့္ ႏွစ္ဦးႏွစ္ဘက္ စိတ္ဝင္စားၾကၿပီး သေဘာက်ႏွစ္သက္တဲ့ အရိပ္အေယာင္ရွိသူေတြ၊ Profile အခ်င္းခ်င္း ကိုက္ညီမႈရွိသူေတြကို ေဖ့စ္ဘြတ္ခ္က အသိေပး Alert လုပ္ေ႐ြးခ်ယ္ေပးမွာ ျဖစ္ပါတယ္။ ခုလို ဒိတ္လုပ္လို႔ရမယ့္ ဒီ Feature ကို အသုံးျပဳေနတာေတြကို ကိုယ္မသိေစလိုတဲ့ ကိုယ့္ရဲ႕ ကိုယ္ပိုင္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာနဲ႔ လႈပ္ရွားမႈေတြမွာေတာ့ ျမင္ေတြ႕ေနရမွာမဟုတ္ဘူးလို႔ ဆိုပါတယ္။ ဒီဝန္ေဆာင္မႈကို အသုံးျပဳဖို႔အတြက္ Dating Profile အေနနဲ႔ ျမင္ေတြ႕ရဖို႔ အသုံး ျပဳသူေတြအေနနဲ႔ အသက္ ၁၈ ႏွစ္နဲ႔အထက္ ျဖစ္ဖို႔ လိုအပ္တယ္လို႔ ေဖ့စ္ဘြတ္ခ္က ေျပာပါတယ္။ ဒါဟာ ေဖ့စ္ဘြတ္ခ္ကေန ထပ္မံတိုးခ်ဲ႕လိုက္တဲ့ ဝန္ေဆာင္မႈအသစ္ျဖစ္လာခဲ့ၿပီး အင္တာနက္ေပၚမွတဆင့္ ဒိတ္လုပ္ႏိုင္တဲ့ ဝန္ေဆာင္မႈလုပ္ငန္းဦးေဆာင္သူ Match Group နဲ႔ ၿပိဳင္ဆိုင္ရဖို႔ အလားအလာေတြ ရွိလာေတာ့မွာပါ။ Match Group အေနနဲ႔ ကမာၻ႔ႏိုင္ငံေပါင္း ၁၉၀ မွာ Tinder ၊ OkCupid နဲ႔ Plenty of Fish စတဲ့ အြန္လိုင္းေပၚမွတဆင့္ ဒိတ္လုပ္ႏိုင္တဲ့ ဝက္ဘ္ဆိုဒ္ေတြ တည္ေထာင္ထားၿပီး ေန႔စဥ္အသုံးျပဳသူသန္း ၅၀ ေလာက္ရွိေနတယ္လို႔ ခန႔္မွန္းထားပါတယ္။ ေဖ့စ္ဘြတ္ခ္ကေတာ့ သူတို႔ရဲ႕ ဒိတ္လုပ္ႏိုင္တဲ့ ဒီဝန္ေဆာင္မႈကို ဥေရာပႏိုင္ငံေတြကို ၂၀၂၀ ျပည့္ႏွစ္အေစာပိုင္းမွာ အသုံးျပဳႏိုင္ဖို႔ လုပ္ေဆာင္ေပးႏိုင္မယ္လို႔ ခန႔္မွန္းထားပါတယ္။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up