Home
မြန်မာသတင်း
မောင်တောတွင် နိုင်ငံသားနှင့် ပြုနိုင်ငံသားရရှိသူ­ ဘင်္ဂါလီ ၅၀၀ ကျော်ရှိ 
DVB
·
September 6, 2019
ရခိုင်ပြည်နယ် မောင်တောမြို့နယ်­အတွင်း နိုင်ငံသားနဲ့ ပြုနိုင်ငံသား ခွင့်ပြုပေးထားပြီးသူ  ဘင်္ဂါလီ ၅၀၀ ကျော်ရှိတယ်လို့ မောင်တောခရိုင် လဝက ဦးစီမှူး ဦးထိန်လင်းက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်အကြမ်းဖက်ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် နေရပ်မစွန့်ခွာဘဲနေထိုင်နေကြပြီး နိုင်ငံသားအဖြစ် လျှောက်ထားလာသူ ဘင်္ဂါလီ ၁၀၁၆ ဦးအနက် ဗဟိုက ခွင့်ပြပေးလိုက်သူ ၅၆၈ ဦးရှိပြီး နိုင်ငံသား ၂၀၅ ဦး နဲ့ ပြုနိုင်ငံသား ၃၆၃ ဦး ခွင့်ပြုပေးထားကာ ၄၄၈ ဦးကတော့ ဗဟိုက စိစစ်ဆဲ ရှိသေးတယ်လို့ ပြောပါတယ်။ ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဉ်ကြောင့် မောင်တောမြို့နယ်ကနေ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွာသွားသူ ၅ သိန်းကျော်ရှိပြီး နေရပ်မစွန့်ခွာဘဲ့ လက်ရှိနေထိုင်သူ ၆ သောင်းကျော်ရှိကြောင်း လူဝင်မူကြီးကြပ်ရေးရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။ ရွှေစား ဂုံးနားရွာနေ မာမတ်အာလီက "ကျနော်တို့က ပုံစံ ၄ (ခရီးသွားလာခွင့်ခွင့်ပြုချက်) တို့ ဘာတို့လုပ်စရာမလိုပါဘူး၊ အားလုံးနေရာသွားနိုင်ပါတယ်၊ နိုင်ငံသားကတ်ရထားပါတယ်၊ ရန်ကုန်အထိသွားနိုင်ပါတယ်၊ နိုင်ငံသားအဖြစ်လျှောက်ထားတာ မကြာပါဘူး၊ ၆ လအတွင်း ရရှိတယ်၊ ကျနော်တို့မှာ သုံးခေါက်ချိုး မှတ်ပုံတင်ရှိပါတယ်"လို့ ပြောပါတယ်။ နေရပ်စွန့်ခွာသွားတဲ့ ဘင်္ဂါလီတွေကတော့ နိုင်ငံသားဖြစ်ကြောင်း အာမခံချက်၊ လူမျိုးနွယ်စု ဖြစ်ကြောင်း အသိအမှတ်ပြုခြင်း၊ ရခိုင်ပြည်နယ်အတွင်း လုံခြုံ ဘေးကင်းကြောင်း သေချာခြင်း၊ ၁၉၈၂-ခုနှစ်တည်းက ဖျက်သိမ်းခံထားရတဲ့ အခြေခံလူ့အခွင့်အရေးတွေ ပြန်လည်ရရှိရေးတို့ကို ဖြည့်ဆည်းပေးမှသာ မြန်မာနိုင်ငံ ပြန်မယ်လို့ ပြောဆိုထားကြပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဒေသခံတိုင်းရင်းသားတွေကတော့ ရခိုင်ပြည်မှာနေထိုင်နေကြတဲ့ ဘင်္ဂါလီတွေကို ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒနဲ့အညီ စစ်­ဆေးတာတွေ ပြုလုပ်ပေးဖို့နဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ မစစ်ဆေးဘဲ နိုင်ငံသားဖြစ်ခွင့်ပေးထားသူတွေကို ပြန်လည်စိစစ်ပေးဖို့ အကြိမ်ကြိမ်ဆန္ဒထုတ်­ဖော်ခဲ့ကြပါတယ်။ ကောင်းကောင်း
ေမာင္ေတာတြင္ ႏိုင္ငံသားႏွင့္ ျပဳႏိုင္ငံသားရရွိသူ­ ဘဂၤါလီ ၅၀၀ ေက်ာ္ရွိ ေကာင္းေကာင္း ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္­အတြင္း ႏိုင္ငံသားနဲ႔ ျပဳႏိုင္ငံသား ခြင့္ျပဳေပးထားၿပီးသူ ဘဂၤါလီ ၅၀၀ ေက်ာ္ရွိတယ္လို႔ ေမာင္ေတာခ႐ိုင္ လဝက ဦးစီမႉး ဦးထိန္လင္းက ေျပာပါတယ္။ ရခိုင္ျပည္နယ္အတြင္း ၂၀၁၇ ခုႏွစ္အၾကမ္းဖက္ျဖစ္စဥ္ျဖစ္ပြားခဲ့ၿပီးေနာက္ ေနရပ္မစြန႔္ခြာဘဲေနထိုင္ေနၾကၿပီး ႏိုင္ငံသားအျဖစ္ ေလွ်ာက္ထားလာသူ ဘဂၤါလီ ၁၀၁၆ ဦးအနက္ ဗဟိုက ခြင့္ျပေပးလိုက္သူ ၅၆၈ ဦးရွိၿပီး ႏိုင္ငံသား ၂၀၅ ဦး နဲ႔ ျပဳႏိုင္ငံသား ၃၆၃ ဦး ခြင့္ျပဳေပးထားကာ ၄၄၈ ဦးကေတာ့ ဗဟိုက စိစစ္ဆဲ ရွိေသးတယ္လို႔ ေျပာပါတယ္။ ၂၀၁၇ ခုႏွစ္ အၾကမ္းဖက္ျဖစ္စဥ္ေၾကာင့္ ေမာင္ေတာၿမိဳ႕နယ္ကေန တဖက္ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ေနရပ္စြန႔္ခြာသြားသူ ၅ သိန္းေက်ာ္ရွိၿပီး ေနရပ္မစြန႔္ခြာဘဲ့ လက္ရွိေနထိုင္သူ ၆ ေသာင္းေက်ာ္ရွိေၾကာင္း လူဝင္မူႀကီးၾကပ္ေရးရဲ႕ ကိန္းဂဏန္းေတြအရ သိရပါတယ္။ ေ႐ႊစား ဂုံးနား႐ြာေန မာမတ္အာလီက "က်ေနာ္တို႔က ပုံစံ ၄ (ခရီးသြားလာခြင့္ခြင့္ျပဳခ်က္) တို႔ ဘာတို႔လုပ္စရာမလိုပါဘူး၊ အားလုံးေနရာသြားႏိုင္ပါတယ္၊ ႏိုင္ငံသားကတ္ရထားပါတယ္၊ ရန္ကုန္အထိသြားႏိုင္ပါတယ္၊ ႏိုင္ငံသားအျဖစ္ေလွ်ာက္ထားတာ မၾကာပါဘူး၊ ၆ လအတြင္း ရရွိတယ္၊ က်ေနာ္တို႔မွာ သုံးေခါက္ခ်ိဳး မွတ္ပုံတင္ရွိပါတယ္"လို႔ ေျပာပါတယ္။ ေနရပ္စြန႔္ခြာသြားတဲ့ ဘဂၤါလီေတြကေတာ့ ႏိုင္ငံသားျဖစ္ေၾကာင္း အာမခံခ်က္၊ လူမ်ိဳးႏြယ္စု ျဖစ္ေၾကာင္း အသိအမွတ္ျပဳျခင္း၊ ရခိုင္ျပည္နယ္အတြင္း လုံၿခဳံ ေဘးကင္းေၾကာင္း ေသခ်ာျခင္း၊ ၁၉၈၂-ခုႏွစ္တည္းက ဖ်က္သိမ္းခံထားရတဲ့ အေျခခံလူ႔အခြင့္အေရးေတြ ျပန္လည္ရရွိေရးတို႔ကို ျဖည့္ဆည္းေပးမွသာ ျမန္မာႏိုင္ငံ ျပန္မယ္လို႔ ေျပာဆိုထားၾကပါတယ္။ ရခိုင္ျပည္နယ္အတြင္း ေဒသခံတိုင္းရင္းသားေတြကေတာ့ ရခိုင္ျပည္မွာေနထိုင္ေနၾကတဲ့ ဘဂၤါလီေတြကို ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားျဖစ္ခြင့္ဥပဒနဲ႔အညီ စစ္­ေဆးတာေတြ ျပဳလုပ္ေပးဖို႔နဲ႔ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားဥပေဒနဲ႔ မစစ္ေဆးဘဲ ႏိုင္ငံသားျဖစ္ခြင့္ေပးထားသူေတြကို ျပန္လည္စိစစ္ေပးဖို႔ အႀကိမ္ႀကိမ္ဆႏၵထုတ္­ေဖာ္ခဲ့ၾကပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024