ဂျပန်နိုင်ငံ လူ ၅၀၀ ခန့်တင်လာသည့် ရထားနှင့်ကုန်ကားတိုက်မိ၊ ကုန်ကားမီးလောင်

ဂျပန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ယိုကိုဟားမားမှာ လူအယောက် ငါးရာလောက်ကို တင်လာတဲ့ အမြန်ရထားနဲ့ ကုန်ကားတစီး စက်တင်ဘာ ၅ ရက်က တိုက်မိလို့ လူတယောက် သေဆုံးပြီး ၃၄ ယောက် ဒဏ်ရာရပါတယ်။
တိုက်မိတဲ့အရှိန်ကြောင့် ကုန်ကားမီးလောင်ပြီး ရထားတွဲတွေ လမ်းချော်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် မြို့တော် တိုကျိုကို သွားတဲ့ လူစည်ကားတဲ့ ရထားလမ်းကြောမှာ ဝန်ဆောင်မှုတွေ ရပ်ကုန်ပါတယ်။
ရထားမောင်းခန်းက မှန်တွေကွဲသလို ရထားတွဲ ၈ တွဲထဲက ၃ တွဲ လမ်းချော်ခဲ့ပါတယ်။ ထိပ်ဆုံးက ရထားတွဲကတော့ ဆိုးဆိုးရွားရွား တွန့်လိမ်သွားခဲ့တာပါ။
ရထားမောင်းသူက ကုန်ကားကို မြင်ချိန်မှာ ဘရိတ်အုပ်ခဲ့ပေမယ့် အချိန်မီ မရပ်နိုင်ခဲ့ဘူးလို့ ရထားကုမ္ပဏီ ခေးအိကယူး ကော်ပိုရေးရှင်းကို ကိုးကားပြီး NHK သတင်းဌာနက အစီရင်ခံပါတယ်။
မတိုက်မိခင်မှာ ရထားက ဥသြသံရှည် ဆွဲခဲ့တယ်လို့ ခရီးသည်တယောက်က ပြောခဲ့ပါတယ်။ သစ်သီးတွေ တင်လာတဲ့ ကုန်ကားဟာ ရထားနဲ့ နံရံကြားမှာညပ်ပြီး တိုက်မိပြီးပြီးချင်း မီးလောင်ခဲ့တာပါ။
တိုက်မိရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမယ်လို့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန အပါအဝင် အာဏာပိုင်တွေက ပြောပါတယ်။
နေ့စဉ် လူအယောက် ၂ သောင်းနီးပါး သုံးနေတဲ့ ဘူတာနားမှာ တိုက်မိတာဖြစ်လို့ ရထားလမ်းကြောင်းတွေ ရပ်ကုန်ပါတယ်။ ဘယ်အချိန်မှာ ရထားလိုင်းတွေ ပြန်ပြေးဆွဲနိုင်မယ် ဆိုတာ မသိရသေးပါဘူး။
ဂ်ပန္ႏိုင္ငံ လူ ၅၀၀ ခန႔္တင္လာသည့္ ရထားႏွင့္ကုန္ကားတိုက္မိ၊ ကုန္ကားမီးေလာင္
DVB
ဂ်ပန္ႏိုင္ငံရဲ႕ ဒုတိယအႀကီးဆုံးၿမိဳ႕ ယိုကိုဟားမားမွာ လူအေယာက္ ငါးရာေလာက္ကို တင္လာတဲ့ အျမန္ရထားနဲ႔ ကုန္ကားတစီး စက္တင္ဘာ ၅ ရက္က တိုက္မိလို႔ လူတေယာက္ ေသဆုံးၿပီး ၃၄ ေယာက္ ဒဏ္ရာရပါတယ္။
တိုက္မိတဲ့အရွိန္ေၾကာင့္ ကုန္ကားမီးေလာင္ၿပီး ရထားတြဲေတြ လမ္းေခ်ာ္ခဲ့ပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ ၿမိဳ႕ေတာ္ တိုက်ိဳကို သြားတဲ့ လူစည္ကားတဲ့ ရထားလမ္းေၾကာမွာ ဝန္ေဆာင္မႈေတြ ရပ္ကုန္ပါတယ္။
ရထားေမာင္းခန္းက မွန္ေတြကြဲသလို ရထားတြဲ ၈ တြဲထဲက ၃ တြဲ လမ္းေခ်ာ္ခဲ့ပါတယ္။ ထိပ္ဆုံးက ရထားတြဲကေတာ့ ဆိုးဆိုး႐ြား႐ြား တြန႔္လိမ္သြားခဲ့တာပါ။
ရထားေမာင္းသူက ကုန္ကားကို ျမင္ခ်ိန္မွာ ဘရိတ္အုပ္ခဲ့ေပမယ့္ အခ်ိန္မီ မရပ္ႏိုင္ခဲ့ဘူးလို႔ ရထားကုမၸဏီ ေခးအိကယူး ေကာ္ပိုေရးရွင္းကို ကိုးကားၿပီး NHK သတင္းဌာနက အစီရင္ခံပါတယ္။
မတိုက္မိခင္မွာ ရထားက ဥၾသသံရွည္ ဆြဲခဲ့တယ္လို႔ ခရီးသည္တေယာက္က ေျပာခဲ့ပါတယ္။ သစ္သီးေတြ တင္လာတဲ့ ကုန္ကားဟာ ရထားနဲ႔ နံရံၾကားမွာညပ္ၿပီး တိုက္မိၿပီးၿပီးခ်င္း မီးေလာင္ခဲ့တာပါ။
တိုက္မိရတဲ့ အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးမယ္လို႔ သယ္ယူပို႔ေဆာင္ေရးဝန္ႀကီးဌာန အပါအဝင္ အာဏာပိုင္ေတြက ေျပာပါတယ္။
ေန႔စဥ္ လူအေယာက္ ၂ ေသာင္းနီးပါး သုံးေနတဲ့ ဘူတာနားမွာ တိုက္မိတာျဖစ္လို႔ ရထားလမ္းေၾကာင္းေတြ ရပ္ကုန္ပါတယ္။ ဘယ္အခ်ိန္မွာ ရထားလိုင္းေတြ ျပန္ေျပးဆြဲႏိုင္မယ္ ဆိုတာ မသိရေသးပါဘူး။