မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကို ပိုမိုကာကွယ်ပေးနိုင်တော့မည်
DVB
·
December 21, 2012

မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများအဖွဲ့ (IMO) အဖွဲ့ဝင် နိုင်ငံတခုဖြစ်လာပြီမို့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများကို ပိုမိုကာကွယ်ပေးနိုင်တော့မယ်လို့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။
ဒါပေမယ့် ဘာအထောက်အထားမှ မရှိရင် ကူညီပေးနိုင်ဖို့ အခက်အခဲ ရှိမှာဖြစ်တယ်။ ဒါကြောင့် မြန်မာပြည် ပြင်ပထွက်ပြီဆိုရင် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း စတဲ့ စာရွက်စာတမ်းတွေ ယူဆောင်သွားဖို့လိုတယ။ အဲ့ဒါတွေ မပါရင် လူကုန်ကူးခံရဖို့များပြီး ယာယီနိုင်ငံကူးလက်မှတ် လုပ်တဲ့အခါမှာလည်း အခက်အခက်အများကြီး တွေ့ရနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
သတင်းနဲ့ တဆက်ထဲမှာပဲ ထိုင်းနိုင်ငံတွင်း လူကုန်ကူးခံရရင် အကူအညီတောင်းခံနိုင်တဲ့ ဖုန်းနံပတ်တွေနဲ့ ထိုင်းနိုင်ငံတွင်း ယာယီနိုင်ငံကူး လက်မှတ် ထုတ်ပေးနေတဲ့ နေရာတွေကို ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံအတွင်းရှိ အကူအညီတောင်းနိုင်သည့် ဖုန်းနံပါတ်များ (လူကုန်ကူးမှုဆိုင်ရာ အကူအညီပေးရေးအစိုးရအဖွဲ့ ၁၃၀၀)
ကိုစိန်ဌေး ၀၈၆-၇၅၆၀၈၃၅ မြန်မာ ၂၄ နာရီ
HRDF ၀၅၃-၂၂၃၀၇၇ ရှမ်း-မြန်မာ-ထိုင်း ရုံးချိန်
UNIAP ၀၈၀-၄၅၆၅၅၆၀ ကရင်-မြန်မာ ၂၄ နာရီ
LPN ၀၃၄-၄၃၄၇၂၆ မွန်-မြန်မာ ရုံးချိန်
MAP ၀၅၃-၈၁၁၂၀၂ ရှမ်း-မြန်မာ ရုံးချိန်
၀၈၁-၇၀၆၄၄၆၈
LLC ၀၈၁-၇၈၆၀၉၂၅ ပိုးကရင်-မြန်မာ-ထိုင်း ရုံးချိန်
ALC ၀၈၇- ၇၃ ၂၅၉၀၉ ရခိုင်-မြန်မာ(မဲဆောက်) ၂၄ နာရီ
FED ၀၈၈- ၀၅၈၆၁၉၁ မြန်မာ ရုံးချိန်
၀၈၁-၅၃၆၇၇၅၈
BAT ၀၈၄-၆၇၀၅၇၂၇ ရခိုင်-မြန်မာ ၂၄ နာရီ
WVI ၀၈၄-၆၉၁၁၃၇၄ မြန်မာ-ထိုင်း ၂၄ နာရီ
