A d v e r t i s e m e n t With Us

အာဖဂန်နစ္စတန် အမေရိကန်သံရုံးနား ကားဗုံးပေါက်ကွဲ၍ ၁၀ ဦးသေဆုံး၊ ၄၂ ဦးဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်က အမေရိကန်သံရုံးနဲ့ နေတိုး ထောက်ပံ့ရေးတပ်ရဲ့ ဌာနချုပ်တို့အနားမှာ စက်တင်ဘာ ၅ ရက် မွန်းလွဲပိုင်းက တာလီဘန်တွေ ထောင်ထားတဲ့ကားဗုံး ပေါက်ကွဲခဲ့လို့ အရပ်သား ၁၀ ယောက်သေဆုံးပြီး ၄၂ ယောက် ဒဏ်ရာရတယ်လို့ အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ နတ်စ်ရတ်စ် ရာဟီမီက ကြေညာပါတယ်။ ဒါဟာ ဒီသီတင်းပတ်အတွင်း ကဘူးလ်မြို့ကို တာလီဘန်တွေက ဗုံးခွဲတဲ့ ဒုတိယမြောက် အကြီးစား တိုက်ခိုက်မှုပါ။ အမေရိကန်ရဲ့ နှစ်အကြာဆုံး စစ်ပွဲဖြစ်တဲ့ တာလီဘန်တွေနဲ့စစ်ပွဲ အဆုံးသတ်ရေး သဘောတူညီချက် စည်းမျဉ်းတွေကို အာဖဂန် သမ္မတ နဲ့ တခြား အရာရှိတွေကို ရှင်းပြဖို့ အမေရိကန် သံတမန်က ကဘူးမြို့တော်ကို ရောက်နေချိန်မှာ ခုလို ဖြစ်ခဲ့တာပါ။ အာဖဂန် အရာရှိတွေ ဘေးထွက်နေရတဲ့ ဒီသဘောတူညီချက်ဟာ အန္တရာယ်ရှိရှိ အမြန် ရှေ့ဆက်နေတယ်လို့ အာဖဂန် အစိုးရက သတိပေးခဲ့ပါတယ်။
အာဖဂန္နစၥတန္ အေမရိကန္သံ႐ုံးနား ကားဗုံးေပါက္ကြဲ၍ ၁၀ ဦးေသဆုံး၊ ၄၂ ဦးဒဏ္ရာရ DVB အာဖဂန္နစၥတန္ႏိုင္ငံ ၿမိဳ႕ေတာ္ကဘူးလ္က အေမရိကန္သံ႐ုံးနဲ႔ ေနတိုး ေထာက္ပံ့ေရးတပ္ရဲ႕ ဌာနခ်ဳပ္တို႔အနားမွာ စက္တင္ဘာ ၅ ရက္ မြန္းလြဲပိုင္းက တာလီဘန္ေတြ ေထာင္ထားတဲ့ကားဗုံး ေပါက္ကြဲခဲ့လို႔ အရပ္သား ၁၀ ေယာက္ေသဆုံးၿပီး ၄၂ ေယာက္ ဒဏ္ရာရတယ္လို႔ အာဖဂန္ ျပည္ထဲေရးဝန္ႀကီးဌာန ေျပာခြင့္ရ နတ္စ္ရတ္စ္ ရာဟီမီက ေၾကညာပါတယ္။ ဒါဟာ ဒီသီတင္းပတ္အတြင္း ကဘူးလ္ၿမိဳ႕ကို တာလီဘန္ေတြက ဗုံးခြဲတဲ့ ဒုတိယေျမာက္ အႀကီးစား တိုက္ခိုက္မႈပါ။ အေမရိကန္ရဲ႕ ႏွစ္အၾကာဆုံး စစ္ပြဲျဖစ္တဲ့ တာလီဘန္ေတြနဲ႔စစ္ပြဲ အဆုံးသတ္ေရး သေဘာတူညီခ်က္ စည္းမ်ဥ္းေတြကို အာဖဂန္ သမၼတ နဲ႔ တျခား အရာရွိေတြကို ရွင္းျပဖို႔ အေမရိကန္ သံတမန္က ကဘူးၿမိဳ႕ေတာ္ကို ေရာက္ေနခ်ိန္မွာ ခုလို ျဖစ္ခဲ့တာပါ။ အာဖဂန္ အရာရွိေတြ ေဘးထြက္ေနရတဲ့ ဒီသေဘာတူညီခ်က္ဟာ အႏၲရာယ္ရွိရွိ အျမန္ ေရွ႕ဆက္ေနတယ္လို႔ အာဖဂန္ အစိုးရက သတိေပးခဲ့ပါတယ္။

A d v e r t i s e m e n t With Us

More News
Up