နည်းပြဆိုးလ်ရှား ချန်ပီယံဆုအတွက် တာဝန်ယူရမည်ဟု မာတစ်ပြော
1.1K
ဆိုးလ်ရှားအနေနဲ့ ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်အောင် မစွမ်းဆောင်နိုင်ခဲ့ရင်တော့ တာ ဝန်ယူမှုပြုလုပ်ရမယ်လို့ ကွင်းလယ်လူမာတစ်က ပြောပါတယ်။
ဝါရင့်ကွင်းလယ် ကစားသမားမာတစ်ဟာ အခုနှစ်ဘောလုံးရာသီမှာ ပွဲထွက်ခွင့်ပျောက် ဆုံးနေပြီး သူ့ကို ပွဲထွက်ကစားစေခြင်းမပြုခဲ့တဲ့အပေါ်မှာ ကျေနပ်မှုမရှိဖြစ်နေတာပါ။
ပွဲထွက်ခွင့် မပေးတဲ့အပေါ်မှာ လေးစားမှုရှိပေမယ့် အသင်းအနေနဲ့ ရလဒ်ကောင်းမွန်အောင် စွမ်းဆောင်ပြရမှာက နည်းပြဆိုးလ်ရှားရဲ့တာဝန်ဖြစ်တယ်လို့ မာတစ်ကဆိုပါတယ်။
နည်းပြဆိုးလ်ရှားဟာ မာတစ်ရဲ့စွမ်းဆောင်ရည်အပေါ်မှာ ယုံကြည်မှု မရှိတာကြောင့် လူငယ်ကစားသမားတွေဖြစ်တဲ့ တွန်မီနေး၊ ပါရဲယား စတဲ့ကစားသမားတွေကို အသုံးပြု ခဲ့တာဖြစ်ပါတယ်။
ဆားဘီးယားကွင်းလယ်လူ မာတစ်ဟာ အခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၂ မိနစ်ပဲ ကစားခွင့်ရခဲ့ပြီး ဆောက်သမ်တန်နဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်မှာ လူစားဝင်ကစားခဲ့တာဖြစ်ပါတယ်။