Home
မြန်မာသတင်း
ရန်ကုန်လေဆိပ် ယနေ့နံနက် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်
DVB
·
September 6, 2019
69971823_2331084680340222_922203489327644672_n
69908335_2330967360351954_4324952275169574912_n
69871900_2329608543821169_8167123524457070592_n
69853218_2330967287018628_4977407525973393408_n
69812072_2330967323685291_8003282814311071744_n
တပ်မတော်လေယာဉ်တစီး လေယာဉ်ပြေးလမ်းချော်လို့ ယာယီပိတ်ထားရတဲ့ ရန်ကုန်လေဆိပ်ကို ဒီနေ့ မနက် ၆ နာရီက ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့ မနက် ၁၁း၂၀ နာရီမှာ  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် လေယာဉ်ပြေးလမ်းမှာ တပ်မတော်လေယာဉ်တစီး ပြေးလမ်းချော်မှုဖြစ်ပွားခဲ့တာကြောင့် ယာယီပိတ်ထားခဲ့ရပြီး  ပြည်တွင်းပြည်ပ လေယာဉ် ခရီးစဉ်တွေ ယာယီ ရပ်ဆိုင်းခဲ့ရပါတယ်။ ရန်ကုန်လေဆိပ် ပြေးလမ်းဘေးမှာ လမ်းချော်ပိတ်ဆို့နေတဲ့ တပ်မတော်လေယာဉ်အား လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနဲ့ မြန်မာ့မီးရထားမှ အင်ဂျင်နီယာတွေ၊ ကျွမ်းကျင်လုပ်သားတွေနဲ့ တပ်မတော်(လေ)မှ ဝန်ထမ်းတွေ ပူးပေါင်းလုပ်ဆောင်ခဲ့လို့ ဒီနေ့မနက်အစောပိုင်း ၃:၄၄ မိနစ်အချိန်မှာ ပြေးလမ်းပေါ် ဆွဲတင်နိုင်ခဲ့တာကြောင့်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒီနေ့မနက် ၆ နာရီမှာ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ခဲ့တာလို့ အပြည်ပြည်ဆိုင်ရာလေဆိပ် အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ရန္ကုန္ေလဆိပ္ ယေန႔နံနက္ ပုံမွန္အတိုင္း ျပန္လည္ဖြင့္လွစ္ DVB တပ္မေတာ္ေလယာဥ္တစီး ေလယာဥ္ေျပးလမ္းေခ်ာ္လို႔ ယာယီပိတ္ထားရတဲ့ ရန္ကုန္ေလဆိပ္ကို ဒီေန႔ မနက္ ၆ နာရီက ျပန္လည္ဖြင့္လွစ္လိုက္ပါတယ္။ စက္တင္ဘာလ ၅ ရက္ေန႔ မနက္ ၁၁း၂၀ နာရီမွာ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္ ေလယာဥ္ေျပးလမ္းမွာ တပ္မေတာ္ေလယာဥ္တစီး ေျပးလမ္းေခ်ာ္မႈျဖစ္ပြားခဲ့တာေၾကာင့္ ယာယီပိတ္ထားခဲ့ရၿပီး ျပည္တြင္းျပည္ပ ေလယာဥ္ ခရီးစဥ္ေတြ ယာယီ ရပ္ဆိုင္းခဲ့ရပါတယ္။ ရန္ကုန္ေလဆိပ္ ေျပးလမ္းေဘးမွာ လမ္းေခ်ာ္ပိတ္ဆို႔ေနတဲ့ တပ္မေတာ္ေလယာဥ္အား ေလေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနနဲ႔ ျမန္မာ့မီးရထားမွ အင္ဂ်င္နီယာေတြ၊ ကြၽမ္းက်င္လုပ္သားေတြနဲ႔ တပ္မေတာ္(ေလ)မွ ဝန္ထမ္းေတြ ပူးေပါင္းလုပ္ေဆာင္ခဲ့လို႔ ဒီေန႔မနက္အေစာပိုင္း ၃:၄၄ မိနစ္အခ်ိန္မွာ ေျပးလမ္းေပၚ ဆြဲတင္ႏိုင္ခဲ့တာေၾကာင့္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ကို ဒီေန႔မနက္ ၆ နာရီမွာ ပုံမွန္အတိုင္းျပန္လည္ဖြင့္လွစ္ခဲ့တာလို႔ အျပည္ျပည္ဆိုင္ရာေလဆိပ္ အင္တာနက္စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024