Email This Story :
အမေဇုန်တောအတွင်း တောမီးတွေ လောင်နေတာကြောင့် တောနက်ထဲနေကြတဲ့ ဌာနေတိုင်းရင်းသားတွေဟာ နေ့စဉ်ဆိုသလို အသက်ရှင်ရပ်တည်ရေး အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။
ဘရာဇီးမြောက်ပိုင်း မာတိုဂရိုဆို ပြည်နယ် ကေယာဘီ ဌာနေတိုင်းရင်းသားနယ်မြေအတွင်း ကလေးငယ်တွေဟာ အမဲလိုက်ဖို့ရာ မြှားပစ်လေ့ကျင့်နေကြပြီး ဌာနေ တိုင်းရင်းသားခေါင်းဆောင်တွေကတော့ သူတို့လေးတွေ အနာဂတ်အတွက် စိုးရိမ်နေကြပါတယ်။
ကေယာဘီ ဌာနေတိုင်းရင်းသားခေါင်းဆောင် ကန်နက်ဆီယို ကေယာဘီက “ဌာနေတိုင်းရင်းသားတွေက လူနည်းစုပါ။ ကျနော်တို့နယ်မြေကို ခွဲခြား၊ ပိုင်းခြားမှာ မဟုတ်ပါဘူး။ ဌာနေတိုင်းရင်းသားလူဦးရေ မြင့်တက်လာတာမို့ ကျနော်တို့ နယ်မြေ ကြိးမားလာသင့်ပါတယ်။ အဲဒါကို ဘရာဇီးအစိုးရက မစဉ်းစားသလိုပဲ။ ကျနော်တို့လူဦးရေက တိုးလာနေတာ။ ဒီနေရာက ကျဉ်းကျဉ်းလေးရယ်။ အချိန်ကြာလာတဲ့အခါ မြေပိုင်ရှင်ကြီးတွေက အားလုံးကို လက်ဝါးကြီးအုပ်လာကြမယ်” လို့ ပြောပါတယ်။
အမေဇုန်တောရဲ့ သုံးပုံနှစ်ပုံနီးပါးဟာ ဘရာဇီးမှာ ရှိပေမယ့် ထင်ရှားတဲ့ နေရာတွေဟာ ကိုလံဘီယာနဲ့ ပီရူးနိုင်ငံတွေမှာလည်း ရှိပါတယ်။ အဲဒီနိုင်ငံတွေမှာလည်း တောမီးလောင်နေတာပါ။
ဌာနေတိုင်းရင်းသားမျိုးနွယ် တချို့အတွက် အမေဇုန်တောမီးဟာ သူတို့ဘဝတွေနဲ့ ပြင်ပကမ္ဘာ အတွေးအခေါ် ကွာခြားမှုတို့ရဲ့ အမှတ်လက္ခဏာ ဖြစ်ပါတယ်။
အေမဇုန္ေတာမီးေၾကာင့္ ဌာေနတိုင္းရင္းသားမ်ား အသက္ရွင္ရပ္တည္ေရး အခက္ႀကဳံ
DVB
အေမဇုန္ေတာအတြင္း ေတာမီးေတြ ေလာင္ေနတာေၾကာင့္ ေတာနက္ထဲေနၾကတဲ့ ဌာေနတိုင္းရင္းသားေတြဟာ ေန႔စဥ္ဆိုသလို အသက္ရွင္ရပ္တည္ေရး အခက္အခဲေတြ ရင္ဆိုင္ေနရပါတယ္။
ဘရာဇီးေျမာက္ပိုင္း မာတိုဂ႐ိုဆို ျပည္နယ္ ေကယာဘီ ဌာေနတိုင္းရင္းသားနယ္ေျမအတြင္း ကေလးငယ္ေတြဟာ အမဲလိုက္ဖို႔ရာ ျမႇားပစ္ေလ့က်င့္ေနၾကၿပီး ဌာေန တိုင္းရင္းသားေခါင္းေဆာင္ေတြကေတာ့ သူတို႔ေလးေတြ အနာဂတ္အတြက္ စိုးရိမ္ေနၾကပါတယ္။
ေကယာဘီ ဌာေနတိုင္းရင္းသားေခါင္းေဆာင္ ကန္နက္ဆီယို ေကယာဘီက “ဌာေနတိုင္းရင္းသားေတြက လူနည္းစုပါ။ က်ေနာ္တို႔နယ္ေျမကို ခြဲျခား၊ ပိုင္းျခားမွာ မဟုတ္ပါဘူး။ ဌာေနတိုင္းရင္းသားလူဦးေရ ျမင့္တက္လာတာမို႔ က်ေနာ္တို႔ နယ္ေျမ ႀကိးမားလာသင့္ပါတယ္။ အဲဒါကို ဘရာဇီးအစိုးရက မစဥ္းစားသလိုပဲ။ က်ေနာ္တို႔လူဦးေရက တိုးလာေနတာ။ ဒီေနရာက က်ဥ္းက်ဥ္းေလးရယ္။ အခ်ိန္ၾကာလာတဲ့အခါ ေျမပိုင္ရွင္ႀကီးေတြက အားလုံးကို လက္ဝါးႀကီးအုပ္လာၾကမယ္” လို႔ ေျပာပါတယ္။
အေမဇုန္ေတာရဲ႕ သုံးပုံႏွစ္ပုံနီးပါးဟာ ဘရာဇီးမွာ ရွိေပမယ့္ ထင္ရွားတဲ့ ေနရာေတြဟာ ကိုလံဘီယာနဲ႔ ပီ႐ူးႏိုင္ငံေတြမွာလည္း ရွိပါတယ္။ အဲဒီႏိုင္ငံေတြမွာလည္း ေတာမီးေလာင္ေနတာပါ။
ဌာေနတိုင္းရင္းသားမ်ိဳးႏြယ္ တခ်ိဳ႕အတြက္ အေမဇုန္ေတာမီးဟာ သူတို႔ဘဝေတြနဲ႔ ျပင္ပကမာၻ အေတြးအေခၚ ကြာျခားမႈတို႔ရဲ႕ အမွတ္လကၡဏာ ျဖစ္ပါတယ္။