A d v e r t i s e m e n t With Us

စပါးအသင်း ဆုဖလားရနိုင်သည့်အသင်းမဟုတ်ဟု စပို့တင်းလစ္စဘွန်းဥက္ကဋ္ဌ ပြော

စပို့တင်း လစ္စဘွန်းဥက္ကဋ္ဌ ဗာရန်ဒက်စ်
စပါးအသင်းဟာ ဆုဖလားတလုံးရဖို့အတွက် ဘယ်တော့မှ မဖြစ်နိုင်ကြောင်း စပို့တင်းလစ္စဘွန်းအသင်းဥက္ကဋ္ဌက ပြောပါတယ်။ စပါးအသင်းဟာ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ ဘရူနိုင်ဖာနန်ဒက်စ်ကို ခေါ်ယူဖို့အတွက် ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဖာနန်ဒက်စ်အတွက် ပေါင် ၄၅ သန်းနဲ့အတူ စပါးအသင်းက ဆုဖလားတခုခု ရယူနိုင်မယ်ဆိုရင် နောက်ထပ် ဆုကြေးအဖြစ် ပေါင် ၁၈ သန်းပေးချေမယ်ဆိုပြီး ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စပါးအသင်းဟာ ဆုဖလားရဖို့ မဖြစ်နိုင်တဲ့အသင်းဖြစ်တာကြောင့် ဖာနန်ဒက်စ်ကို ရောင်းချဖို့ သဘောမတူခဲ့တာလို့ စပို့တင်း လစ္စဘွန်းဥက္ကဋ္ဌ ဗာရန်ဒက်စ်က ပြောပါတယ်။ ဥရောပမှာ အကောင်းဆုံးတိုက်စစ်က ဂျူဗင်တပ်မှာရှိပြီး အကောင်းဆုံးဂိုးသမားနဲ့ နောက်ခံလူက လီဗာပူးမှာ ရှိတယ်လို့ စီရော်နယ်ဒို၊ အလက်ဆန် နဲ့ ဗန်ဒိုက်ကို ရည်ညွှန်းပြီး စပို့တင်း ဥက္ကဋ္ဌက ဆိုပါတယ်။ အကောင်းဆုံးကွင်းလယ်လူကတော့ ဘရူနိုဖာနန်ဒက်စ်ဖြစ်ပြီး မိမိတို့ အသင်းဟာ ဥရောပရဲ့ အကောင်းဆုံးကွင်းလယ်လူကို ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။
စပါးအသင္း ဆုဖလားရႏိုင္သည့္အသင္းမဟုတ္ဟု စပို႔တင္းလစၥဘြန္းဥကၠ႒ ေျပာ DVB စပါးအသင္းဟာ ဆုဖလားတလုံးရဖို႔အတြက္ ဘယ္ေတာ့မွ မျဖစ္ႏိုင္ေၾကာင္း စပို႔တင္းလစၥဘြန္းအသင္းဥကၠ႒က ေျပာပါတယ္။ စပါးအသင္းဟာ ေပၚတူဂီကလပ္ စပို႔တင္းလစၥဘြန္း ကြင္းလယ္လူ ဘ႐ူႏိုင္ဖာနန္ဒက္စ္ကို ေခၚယူဖို႔အတြက္ ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕ကာလမွာ ကမ္းလွမ္းခဲ့ဖူးပါတယ္။ ဖာနန္ဒက္စ္အတြက္ ေပါင္ ၄၅ သန္းနဲ႔အတူ စပါးအသင္းက ဆုဖလားတခုခု ရယူႏိုင္မယ္ဆိုရင္ ေနာက္ထပ္ ဆုေၾကးအျဖစ္ ေပါင္ ၁၈ သန္းေပးေခ်မယ္ဆိုၿပီး ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ စပါးအသင္းဟာ ဆုဖလားရဖို႔ မျဖစ္ႏိုင္တဲ့အသင္းျဖစ္တာေၾကာင့္ ဖာနန္ဒက္စ္ကို ေရာင္းခ်ဖို႔ သေဘာမတူခဲ့တာလို႔ စပို႔တင္း လစၥဘြန္းဥကၠ႒ ဗာရန္ဒက္စ္က ေျပာပါတယ္။ ဥေရာပမွာ အေကာင္းဆုံးတိုက္စစ္က ဂ်ဴဗင္တပ္မွာရွိၿပီး အေကာင္းဆုံးဂိုးသမားနဲ႔ ေနာက္ခံလူက လီဗာပူးမွာ ရွိတယ္လို႔ စီေရာ္နယ္ဒို၊ အလက္ဆန္ နဲ႔ ဗန္ဒိုက္ကို ရည္ၫႊန္းၿပီး စပို႔တင္း ဥကၠ႒က ဆိုပါတယ္။ အေကာင္းဆုံးကြင္းလယ္လူကေတာ့ ဘ႐ူႏိုဖာနန္ဒက္စ္ျဖစ္ၿပီး မိမိတို႔ အသင္းဟာ ဥေရာပရဲ႕ အေကာင္းဆုံးကြင္းလယ္လူကို ပိုင္ဆိုင္ထားတယ္လို႔ ဆိုပါတယ္။

A d v e r t i s e m e n t With Us

More News
Up