A d v e r t i s e m e n t With Us

ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲတွင် မွန်ဂိုလီးယားက မြန်မာကို ၁ဂိုး ဂိုးမရှိဖြင့် အနိုင်ရ

ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု (F) အဖွင့်ပွဲစဉ်ကို ဒီကနေ့ ညနေပိုင်းက မွန်ဂိုလီးယားနိုင်ငံမှာ ယှဉ်ပြိုင်ကစားရာမှာ မွန်ဂိုးလီယားက အိမ်ကွင်းမှာ မြန်မာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွား ပါတယ်။ အိမ်ရှင် မွန်ဂိုလီးယားအသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၁၇မိနစ်မှာ သွင်းယူ ပါတယ်။ မြန်မာအသင်းမှာ ကျော်ကိုကို၊ အောင်သူတို့နဲ့ ပွဲထွက်လာခဲ့ပြီး ဒုတိယပိုင်း ပွဲကစားချိန် ၆၅ မိနစ်လောက်မှာ မြန်မာဘက် မောင်မောင်လွင် ဖျက်တာကြမ်းလို့ ၂ ဝါ ၁ နီနဲ့ အထုတ်ခံရပြီး တယောက်လျော့နဲ့ ယှဉ်ပြိုင်သွားရပါတယ်။ ဒီပွဲမှာ မြန်မာအသင်း ဂိုးသွင်းခွင့် အခွင့်အရေး ပိုရပေမယ့် အသုံးမချနိုင်လို့ ချေပဂိုးနဲ့ လွဲပြီး အရှုံးပေးလိုက်ရတာပါ။ photo - Myanmar Football Federation
ကမာၻ႔ဖလားေျခစစ္ပြဲ အုပ္စုအဖြင့္ပြဲတြင္ မြန္ဂိုလီးယားက ၁ဂိုး ဂိုးမရွိျဖင့္ ျမန္မာကို အႏိုင္ရ DVB ကမာၻ႔ဖလားေျခစစ္ပြဲ အုပ္စု (F) အဖြင့္ပြဲစဥ္ကို ဒီကေန႔ ညေနပိုင္းက မြန္ဂိုလီးယားႏိုင္ငံမွာ ယွဥ္ၿပိဳင္ကစားရာမွာ မြန္ဂိုးလီယားက အိမ္ကြင္းမွာ ျမန္မာအသင္းကို ၁ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရသြား ပါတယ္။ အိမ္ရွင္ မြန္ဂိုလီးယားအသင္းအတြက္ တလုံးတည္းေသာ အႏိုင္ဂိုးကို ပြဲခ်ိန္ ၁၇မိနစ္မွာ သြင္းယူ ပါတယ္။ ျမန္မာအသင္းမွာ ေက်ာ္ကိုကို၊ ေအာင္သူတို႔နဲ႔ ပြဲထြက္လာခဲ့ၿပီး ဒုတိယပိုင္း ပြဲကစားခ်ိန္ ၆၅ မိနစ္ေလာက္မွာ ျမန္မာဘက္ ေမာင္ေမာင္လြင္ ဖ်က္တာၾကမ္းလို႔ ၂ ဝါ ၁ နီနဲ႔ အထုတ္ခံရၿပီး တေယာက္ေလ်ာ့နဲ႔ ယွဥ္ၿပိဳင္သြားရပါတယ္။ ဒီပြဲမွာ ျမန္မာအသင္း ဂိုးသြင္းခြင့္ အခြင့္အေရး ပိုရေပမယ့္ အသုံးမခ်ႏိုင္လို႔ ေခ်ပဂိုးနဲ႔ လြဲၿပီး အရႈံးေပးလိုက္ရတာပါ။

A d v e r t i s e m e n t With Us

More News
Up