Home
မြန်မာသတင်း
မိတ္ထီလာစက်ပစ်ကွင်းအနီး ဆိတ်ကျောင်းနေသူနှင့် ဆိတ်များ လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရ
DVB
·
September 5, 2019
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မြေပြင်စက်ပစ်ကွင်း ဧရိယာအနီး ဆိတ်ကျောင်း နေသူ၁ဦးနဲ့ လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရပြီး ဆိတ်ကောင်ရေ ၃၀ လောက် သေဆုံးသွားတယ်လို့ ဇရပ်ကုန်းရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဇရပ်ကုန်းရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဗိုလ်က "ဖြစ်သွားတာက စက်တင်ဘာလ ၃ရက်နေ့ နေ့လယ် ၂ နာရီလောက်ကပါ။ မြေပြင်စက်ပစ်ကွင်းနေရာ အန္တရာယ်ရှိမှန်း သိပေမယ့် အခု ကျည်ကျတဲ့နေရာက တခါမှ မကျဖူးတော့ လွတ်တယ်ဆိုပြီး ဆိတ်ကျောင်းနေတာတဲ့ ဆိတ်ကောင်ရေ ၃၀လောက် သေတယ်။ လူကတော့ စစ်ဆေးရုံမှာပါ။ သက်သာလို့ ပြန်ဆင်းတော့မှာပါ" လို့ ပြောပါတယ်။ မိတ္ထီလာမြို့နယ် ဇရပ်ကုန်းကျေးရွာအုပ်စု သပွတ်ကုန်းရွာနေ နေထိန်လင်း(၄၀နှစ်) ဟာ ဆိတ်ကောင်ရေ ၁၀၀လောက်ကို မြေပြင် စက်ပစ်ကွင်းဧရိယာအနီးမှာ ကျောင်းနေရာက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဆိတ်အကောင် ၃၀လောက်သေပြီး လူကတော့ ဝဲဒူးခေါင်းအပေါ်ဘက် ရှပ်ထိဒဏ်ရာရသွားပါတယ်။  ကုတင် ၅၀၀ တပ်မတော်ဆေးရုံကို တင်ပို့ ဆေးကုသပေးထားပြီး စက်ပစ်ကွင်းထဲမှာ မနက်ခင်းကတည်းက လေ့ကျင့်ပစ်ခတ်နေခဲ့ရာက နေ့လယ်ဘက်မှာ မတော်တဆမှု ဖြစ်သွားတာလို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း
မိတၳီလာစက္ပစ္ကြင္းအနီး ဆိတ္ေက်ာင္းေနသူႏွင့္ ဆိတ္မ်ား လက္နက္ႀကီးက်ည္ထိမွန္ ဒဏ္ရာရ ဒီဗြီဘီ မႏၲေလးတိုင္းေဒသႀကီး မိတၳီလာၿမိဳ႕နယ္ ေျမျပင္စက္ပစ္ကြင္း ဧရိယာအနီး ဆိတ္ေက်ာင္း ေနသူ၁ဦးနဲ႔ လက္နက္ႀကီးက်ည္ထိမွန္ဒဏ္ရာရၿပီး ဆိတ္ေကာင္ေရ ၃၀ ေလာက္ ေသဆုံးသြားတယ္လို႔ ဇရပ္ကုန္း႐ြာအုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။ ဇရပ္ကုန္း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးဝင္းဗိုလ္က "ျဖစ္သြားတာက စက္တင္ဘာလ ၃ရက္ေန႔ ေန႔လယ္ ၂ နာရီေလာက္ကပါ။ ေျမျပင္စက္ပစ္ကြင္းေနရာ အႏၲရာယ္ရွိမွန္း သိေပမယ့္ အခု က်ည္က်တဲ့ေနရာက တခါမွ မက်ဖူးေတာ့ လြတ္တယ္ဆိုၿပီး ဆိတ္ေက်ာင္းေနတာတဲ့ ဆိတ္ေကာင္ေရ ၃၀ေလာက္ ေသတယ္။ လူကေတာ့ စစ္ေဆး႐ုံမွာပါ။ သက္သာလို႔ ျပန္ဆင္းေတာ့မွာပါ" လို႔ ေျပာပါတယ္။ မိတၳီလာၿမိဳ႕နယ္ ဇရပ္ကုန္းေက်း႐ြာအုပ္စု သပြတ္ကုန္း႐ြာေန ေနထိန္လင္း(၄၀ႏွစ္) ဟာ ဆိတ္ေကာင္ေရ ၁၀၀ေလာက္ကို ေျမျပင္ စက္ပစ္ကြင္းဧရိယာအနီးမွာ ေက်ာင္းေနရာက လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲၿပီး ဆိတ္အေကာင္ ၃၀ေလာက္ေသၿပီး လူကေတာ့ ဝဲဒူးေခါင္းအေပၚဘက္ ရွပ္ထိဒဏ္ရာရသြားပါတယ္။ ကုတင္ ၅၀၀ တပ္မေတာ္ေဆး႐ုံကို တင္ပို႔ ေဆးကုသေပးထားၿပီး စက္ပစ္ကြင္းထဲမွာ မနက္ခင္းကတည္းက ေလ့က်င့္ပစ္ခတ္ေနခဲ့ရာက ေန႔လယ္ဘက္မွာ မေတာ္တဆမႈ ျဖစ္သြားတာလို႔ သိရပါတယ္။ သတင္း-ေမာင္ေမာင္လင္း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024