Home
မြန်မာသတင်း
ရန်ကုန်တက္ကသိုလ်ရှိ သစ်ပုတ်ပင်ကြီးကို အပြာရောင်ကမ္ပည်းပြား တပ်ဆင်မည်
DVB
·
September 5, 2019
ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ သက်တမ်းရင့် သစ်ပုတ်ပင်ကြီးကို စက်တင်ဘာ ၆ ရက်မှာ ၃၂ ခုမြောက် ရန်ကုန်မြို့ပြရဲ့ သဘာ၀အမွေအနှစ် အပြာရောင်ကမ္ပည်းပြားကို တပ်ဆင်သွားမယ်လို့ အစိုးရ ပြန်ကြားရေး သတင်းအရသိရပါတယ်။ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ ရန်ကုန်တက္ကသိုလ်ဟာ နှစ် ၁၀၀ သက်တမ်းပြည့်ပြီဖြစ်ပြီး ကျောင်းတည်ဆောက်ဖို့ ပုံစံရေးဆွဲစဉ်က ထိုသစ်ပုတ်ပင်ကြီးကို ထည့်သွင်းရေးဆွဲခဲ့တဲ့အတွက် အပင်သက်တမ်းဟာ နှစ်ပေါင်း ၁၂၀ ကျော်ရှိနိုင်ကြောင်း ရုက္ခဗေဒပညာရှင်တွေက ခန့်မှန်းသုံးသပ်ထားပါတယ်။ သစ်ပုတ်ပင်ကြီးဟာ ၁၉၂၀ ပြည့်နှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် မဖွင့်လှစ်မီကတည်းကရှိခဲ့ပြီး  သိပ္ပံဆောင် အနီးမှာ တည်ရှိတာပါ။  ရန်ကုန်တက္ကသိုလ်ရဲ့ အထင်ကရ သင်္ကေတတခုဖြစ်တဲ့ သစ်ပုပ်ပင်ကြီးမှာ မြို့ပြအမွေအနှစ် အထိမ်းအမှတ် အပြာရောင်ကမ္ဗည်းပြားကို မကြာခင်မှာ တပ်ဆင်မှာဖြစ်ပြီး ရန်ကုန်မြို့ရဲ့ အရေးပါတဲ့ သဘာဝအမွေအနှစ်တခုမှာ ပထမဆုံးတပ်ဆင်မည့် အပြာရောင်ကမ္ဗည်းပြားလည်း ဖြစ်တယ်လို့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (YHT) ကလည်း ထုတ်ပြန်ထားပါတယ်။   ကိုးကား - MOI ဓာတ်ပုံ- YHT
ရန္ကုန္တကၠသိုလ္ရွိ သစ္ပုတ္ပင္ႀကီးကို အျပာေရာင္ကမၸည္းျပား တပ္ဆင္မည္ DVB ရန္ကုန္တကၠသိုလ္ဝင္းအတြင္းရွိ သက္တမ္းရင့္ သစ္ပုတ္ပင္ႀကီးကို စက္တင္ဘာ ၆ ရက္မွာ ၃၂ ခုေျမာက္ ရန္ကုန္ၿမိဳ႕ျပရဲ႕ သဘာ၀အေမြအႏွစ္ အျပာေရာင္ကမၸည္းျပားကို တပ္ဆင္သြားမယ္လို႔ အစိုးရ ျပန္ၾကားေရး သတင္းအရသိရပါတယ္။ လာမယ့္ ၂၀၂၀ ျပည့္ႏွစ္မွာ ရန္ကုန္တကၠသိုလ္ဟာ ႏွစ္ ၁၀၀ သက္တမ္းျပည့္ၿပီျဖစ္ၿပီး ေက်ာင္းတည္ေဆာက္ဖို႔ ပုံစံေရးဆြဲစဥ္က ထိုသစ္ပုတ္ပင္ႀကီးကို ထည့္သြင္းေရးဆြဲခဲ့တဲ့အတြက္ အပင္သက္တမ္းဟာ ႏွစ္ေပါင္း ၁၂၀ ေက်ာ္ရွိႏိုင္ေၾကာင္း ႐ုကၡေဗဒပညာရွင္ေတြက ခန႔္မွန္းသုံးသပ္ထားပါတယ္။ သစ္ပုတ္ပင္ႀကီးဟာ ၁၉၂၀ ျပည့္ႏွစ္မွာ စတင္ဖြင့္လွစ္ခဲ့တဲ့ ရန္ကုန္တကၠသိုလ္ မဖြင့္လွစ္မီကတည္းကရွိခဲ့ၿပီး  သိပၸံေဆာင္ အနီးမွာ တည္ရွိတာပါ။ ရန္ကုန္တကၠသိုလ္ရဲ႕ အထင္ကရ သေကၤတတခုျဖစ္တဲ့ သစ္ပုပ္ပင္ႀကီးမွာ ၿမိဳ႕ျပအေမြအႏွစ္ အထိမ္းအမွတ္ အျပာေရာင္ကမၺည္းျပားကို မၾကာခင္မွာ တပ္ဆင္မွာျဖစ္ၿပီး ရန္ကုန္ၿမိဳ႕ရဲ႕ အေရးပါတဲ့ သဘာဝအေမြအႏွစ္တခုမွာ ပထမဆုံးတပ္ဆင္မည့္ အျပာေရာင္ကမၺည္းျပားလည္း ျဖစ္တယ္လို႔ ရန္ကုန္ၿမိဳ႕ျပ အေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ေရး အဖြဲ႕ (YHT) ကလည္း ထုတ္ျပန္ထားပါတယ္။ ကိုးကား - MOI ဓာတ္ပုံ- YHT  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024