Home
မြန်မာသတင်း
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ဝန်နှင့် ကယားပြည်နယ် ဝန်ကြီးချုပ်တို့  တွေ့ဆုံဆွေးနွေး
DVB
·
September 5, 2019
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုန်ဝန် ဆီရီရတ်ချွမ်ပကန်နဲ့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုခေါင်းဆောင်တဲ့ ပြည်နယ်အစိုးရဖွဲ့ဝန်ကြီးတွေ စက်တင်ဘာလ ၄ ရက်နေ့ လွိုင်ကော်မြို့ရှိ ကယားပြည်နယ် အစိုးရအဖွဲ့အစည်းအဝေးခန်းမမှာ  တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်နဲ့ ကယားပြည်နယ်တို့အကြား နယ်စပ်ကုန်သွယ်ရေးကိစ္စ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ မြှင့်တင်နိုင်ရေးအတွက်  ၆ ညအိပ် ၇ ရက် ခရီးစဉ်ဖော်ဆောင်ရေးကိစ္စ အောင်မြင်လာစေရေးအတွက် နှစ်ဖက်တာဝန်ရှိသူတွေက တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ မယ်ဟောင်ဆောင်ခရိုင်နဲ့ ကယားပြည်နယ်အကြား  Border Pass စနစ်နဲ့ နှစ်နိုင်ငံကူးသန်း သွားလာရေးကိစ္စတွေ ၆ ည အိပ် ၇ ရက် ခရီးစဉ်အစီအစဉ် ဖော်ဆောင်နိုင်ရေး ကိစ္စရပ်တွေနဲ့  ကုန်သွယ်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံဘက်က နယ်စပ်လမ်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်မှု အခြေအနေတွေနဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးမြှင့်ဆောင်ရွက်မည့် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ကယားပြည်နယ်နဲ့ မယ်ဟောင်ခရိုင်အကြား ကျန်ရှိလမ်းအပိုင်းကို အခု စက်တင်ဘာလ ကုန်မှာ ပြီးစီးနိုင်မည်ဖြစ်ပြီး ယခုနှစ် နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာလမှာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်း  ဖွင့်လှစ်နိုင်မယ်လို့ နှစ်ဖက်တာဝန်ရှိသူတွေကတွေ့ဆုံမှုအတွင်း ပြောဆိုခဲ့ကြပါတယ်။
ထိုင္းႏိုင္ငံ မယ္ေဟာင္ေဆာင္ခ႐ိုင္ဝန္ႏွင့္ ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္တို႔ ေတြ႕ဆုံေဆြးေႏြး ဒီဗြီဘီ ထိုင္းႏိုင္ငံ မယ္ေဟာင္ေဆာင္ခ႐ိုန္ဝန္ ဆီရီရတ္ခြၽမ္ပကန္နဲ႔ ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရႈိေခါင္းေဆာင္တဲ့ ျပည္နယ္အစိုးရဖြဲ႕ဝန္ႀကီးေတြ စက္တင္ဘာလ ၄ ရက္ေန႔ လြိဳင္ေကာ္ၿမိဳ႕ရွိ ကယားျပည္နယ္ အစိုးရအဖြဲ႕အစည္းအေဝးခန္းမမွာ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကပါတယ္။ ထိုင္းႏိုင္ငံ၊ မယ္ေဟာင္ေဆာင္ခ႐ိုင္နဲ႔ ကယားျပည္နယ္တို႔အၾကား နယ္စပ္ကုန္သြယ္ေရးကိစၥ၊ ဟိုတယ္ႏွင့္ ခရီးသြားက႑ ျမႇင့္တင္ႏိုင္ေရးအတြက္ ၆ ညအိပ္ ၇ ရက္ ခရီးစဥ္ေဖာ္ေဆာင္ေရးကိစၥ ေအာင္ျမင္လာေစေရးအတြက္ ႏွစ္ဖက္တာဝန္ရွိသူေတြက ေတြ႕ဆုံေဆြးေႏြးခဲ့ၾကပါတယ္။ ေဆြးေႏြးပြဲမွာ မယ္ေဟာင္ေဆာင္ခ႐ိုင္နဲ႔ ကယားျပည္နယ္အၾကား Border Pass စနစ္နဲ႔ ႏွစ္ႏိုင္ငံကူးသန္း သြားလာေရးကိစၥေတြ ၆ ည အိပ္ ၇ ရက္ ခရီးစဥ္အစီအစဥ္ ေဖာ္ေဆာင္ႏိုင္ေရး ကိစၥရပ္ေတြနဲ႔ ကုန္သြယ္ေရး ကိစၥရပ္ေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။ ဒါ့အျပင္ ထိုင္းႏိုင္ငံဘက္က နယ္စပ္လမ္းဖြင့္လွစ္ႏိုင္ေရး ေဆာင္႐ြက္မႈ အေျခအေနေတြနဲ႔ ႏွစ္ႏိုင္ငံ ကုန္သြယ္ေရး တိုးျမႇင့္ေဆာင္႐ြက္မည့္ ကိစၥရပ္ေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။ ကယားျပည္နယ္နဲ႔ မယ္ေဟာင္ခ႐ိုင္အၾကား က်န္ရွိလမ္းအပိုင္းကို အခု စက္တင္ဘာလ ကုန္မွာ ၿပီးစီးႏိုင္မည္ျဖစ္ၿပီး ယခုႏွစ္ ႏိုဝင္ဘာလ သို႔မဟုတ္ ဒီဇင္ဘာလမွာ ႏွစ္ႏိုင္ငံ နယ္စပ္ကုန္သြယ္ေရးစခန္း ဖြင့္လွစ္ႏိုင္မယ္လို႔ ႏွစ္ဖက္တာဝန္ရွိသူေတြကေတြ႕ဆုံမႈအတြင္း ေျပာဆိုခဲ့ၾကပါတယ္။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024