Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီတင်သည့်ဥပဒေကြမ်း ပူးပေါင်းကော်မတီလုပ်ငန်းစဉ်အောက် ထည့်သွင်းရန် လွှတ်တော်ဆုံးဖြတ်
အောင်ဆန်းဦး
·
September 5, 2019
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တင်သွင်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ် ပြင်ဆင်တဲ့ဥပဒေကြမ်းကို ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ လုပ်ငန်းစဉ်အောက်မှာ ထည့်သွင်းသွားဖို့ ပြည်ထောင်စုလွှတ်တော်က စက်တင်ဘာ ၄ ရက်မှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဒေါက်တာမောင်သင်း ဦးဆောင်ပြီး တပ်မတော်သား ကိုယ်စား လှယ်တွေ ပါဝင်လက်မှတ်ရေးထိုး တင်သွင်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဥပဒေကြမ်း လေ့လာစီစစ်ရေး ကော်မတီ အစီရင်ခံစာအတိုင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ လုပ်ငန်းစဉ်အောက်မှာ ထည့်သွင်းသွားဖို့ ပြည်ထောင်စုလွှတ်တော်က စက်တင်ဘာ ၄ ရက်နေ့မှာ မဲခွဲဆုံးဖြတ်လိုက်တာပါ။ ခုလိုဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ရဲ့ လုပ်ဆောင်နေမှုဟာ ဒီမိုကရေစီလို့ ပြောဆိုနေပေမယ့် ဒီမိုကရေစီအရ နားလည်ရခက်နေတယ်လို့ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် မောင်မောင်က သတင်းမီဒီယာတွေကို မှတ်ချက်ပြု ပြောပါတယ်။   ဒီမိုကရေစီလမ်းကြောင်းမှန်ကို အရောက်သွားနိုင်ဖို့အတွက် လွှတ်တော်အတွင်း နေရာ အများစု ရယူထားတဲ့ ပါတီခေါင်းဆောင်တွေအနေနဲ့ လူနည်းစု သဘောဆန္ဒကို ပြစ်ပယ်ထားခြင်းမျိုး မဟုတ်ဘဲ အလေးထားဖို့လိုသလို တဖက်မှာလည်း အောက်ခြေပြည်သူတွေ လိုလား တောင်းဆိုနေတဲ့ ဒီမိုကရေစီလမ်းကြောင်းကို သိရှိအောင်လုပ်ဆောင်ဖို့လိုအပ်နေပြီလို့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် အစုအဖွဲ့ခေါင်းဆောင် ဦးသောင်းအေး ကပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးချက်အရ ၄၅ ဦးပါဝင်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးပူးပေါင်းကော်မတီက ပြင်ဆင်ရေး ဥပဒေကြမ်းရေးဆွဲနေပြီး လက်ရှိအချိန်မှာတော့ ညှိနှိုင်းမှု အဆင့်မပြေတာတွေရှိနေတဲ့အတွက် နုတ်ထွက်တဲ့ ကော်မတီဝင်တွေလည်း  ရှိနေတာဖြစ်ပါတယ်။ 
ႀကံ့ခိုင္ေရးပါတီတင္သည့္ဥပေဒၾကမ္း ပူးေပါင္းေကာ္မတီလုပ္ငန္းစဥ္ေအာက္ ထည့္သြင္းရန္ လႊတ္ေတာ္ဆုံးျဖတ္ ေအာင္ဆန္းဦး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီက တင္သြင္းထားတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ဒုတိယအႀကိမ္ ျပင္ဆင္တဲ့ဥပေဒၾကမ္းကို ဖြဲ႕စည္းပုံ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီရဲ႕ လုပ္ငန္းစဥ္ေအာက္မွာ ထည့္သြင္းသြားဖို႔ ျပည္ေထာင္စုလႊတ္ေတာ္က စက္တင္ဘာ ၄ ရက္မွာ မဲခြဲဆုံးျဖတ္လိုက္ပါတယ္။ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီကိုယ္စားလွယ္ ေဒါက္တာေမာင္သင္း ဦးေဆာင္ၿပီး တပ္မေတာ္သား ကိုယ္စား လွယ္ေတြ ပါဝင္လက္မွတ္ေရးထိုး တင္သြင္းထားတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ဒုတိယအႀကိမ္ ျပင္ဆင္တဲ့ ဥပေဒၾကမ္းကို ဥပေဒၾကမ္း ေလ့လာစီစစ္ေရး ေကာ္မတီ အစီရင္ခံစာအတိုင္း ဖြဲ႕စည္းပုံ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီရဲ႕ လုပ္ငန္းစဥ္ေအာက္မွာ ထည့္သြင္းသြားဖို႔ ျပည္ေထာင္စုလႊတ္ေတာ္က စက္တင္ဘာ ၄ ရက္ေန႔မွာ မဲခြဲဆုံးျဖတ္လိုက္တာပါ။ ခုလိုဖြဲ႕စည္းပုံ ျပင္ဆင္ေရးနဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္ရဲ႕ လုပ္ေဆာင္ေနမႈဟာ ဒီမိုကေရစီလို႔ ေျပာဆိုေနေပမယ့္ ဒီမိုကေရစီအရ နားလည္ရခက္ေနတယ္လို႔ တပ္မေတာ္သား ကိုယ္စားလွယ္ အစုအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခ်ဳပ္ ေမာင္ေမာင္က သတင္းမီဒီယာေတြကို မွတ္ခ်က္ျပဳ ေျပာပါတယ္။ ဒီမိုကေရစီလမ္းေၾကာင္းမွန္ကို အေရာက္သြားႏိုင္ဖို႔အတြက္ လႊတ္ေတာ္အတြင္း ေနရာ အမ်ားစု ရယူထားတဲ့ ပါတီေခါင္းေဆာင္ေတြအေနနဲ႔ လူနည္းစု သေဘာဆႏၵကို ျပစ္ပယ္ထားျခင္းမ်ိဳး မဟုတ္ဘဲ အေလးထားဖို႔လိုသလို တဖက္မွာလည္း ေအာက္ေျချပည္သူေတြ လိုလား ေတာင္းဆိုေနတဲ့ ဒီမိုကေရစီလမ္းေၾကာင္းကို သိရွိေအာင္လုပ္ေဆာင္ဖို႔လိုအပ္ေနၿပီလို႔ ႀကံ့ခိုင္ေရးပါတီ ကိုယ္စားလွယ္ အစုအဖြဲ႕ေခါင္းေဆာင္ ဦးေသာင္းေအး ကေျပာပါတယ္။ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒျပင္ဆင္ေရးအတြက္ ျပည္ေထာင္စုလႊတ္ေတာ္က တာဝန္ေပးခ်က္အရ ၄၅ ဦးပါဝင္တဲ့ ဖြဲ႕စည္းပုံ ျပင္ဆင္ေရးပူးေပါင္းေကာ္မတီက ျပင္ဆင္ေရး ဥပေဒၾကမ္းေရးဆြဲေနၿပီး လက္ရွိအခ်ိန္မွာေတာ့ ညႇိႏႈိင္းမႈ အဆင့္မေျပတာေတြရွိေနတဲ့အတြက္ ႏုတ္ထြက္တဲ့ ေကာ္မတီဝင္ေတြလည္း ရွိေနတာျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024